ကွင်းအတွင်းဝင်ရောက်ကာ ဒီပေးနှင့် Selfie ရိုက်ခဲ့တဲ့ အသက်၁၃ နှစ်အရွယ်လူငယ်ကို ငါးနှစ်ပွဲကြည့်ခွင့်ပိတ်ပင်

အသက်၁၃နှစ်အရွယ်ရှိလူငယ်လေးတစ်ဦးဟာမွန်တီနီဂရိုးနှင့်ရင်ဆိုင်ကစားရတဲ့နယ်သာလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ကွင်းအတွင်းဝင်ရောက်ကာမမ်ဖစ်ဒီပေးနှင့်Selfie ရိုက်ကူးခဲ့မှုအတွက်အိုင်ဟိုဗင်ရှိဖီးလစ်စတာဒီယွန်သို့လာရောက်ခွင့်ငါးနှစ်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

အေမင်လို့အမည်ရတဲ့လူငယ်လေးဟာနယ်သာလန်က၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ယင်းပွဲစဉ်ရဲ့ပွဲချိန်၈၉မိနစ်တွင်ကွင်းအတွင်းသို့ပြေးဝင်ရောက်လာပြီးနောက်ဘာစီလိုနာစတားဒီပေးနှင့်Selfie ဓာတ်ပုံရိုက်ကူးကာကွင်းအတွင်းမှအေးချမ်းစွာပြေးလွှားထွက်ခွာသွားခဲ့ပါတယ်။

သူဟာယင်းဖြစ်ရပ်အတွက်ငါးနှစ်ပွဲကြည့်ခွင့်ပိတ်ခြင်းခံခဲ့ရတဲ့အပြင်ပေါင်၃၀၀လည်းဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်နောက်ပိုင်းတွင်ယင်းကလေးမှာအေမင်ရဲ့အသက်အရွယ်ကြောင့်၈၆ပေါင်သို့လျှော့ချခြင်းခံခဲ့ရပါတယ်။

စက်တင်ဘာလ၁ရက်နေ့တုန်းကနော်ဝေနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင်လညး်ပရိသတ်တစ်ဦးဟာကွင်းအတွင်းသို့ဝင်ရောက်ကာအင်တာဗျူးပြုလုပ်နေတဲ့ဗာဂယ်ဗန်ဒိုက်နှင့် Selfie ရိုက်ကူးရန်ကြိုးပမ်းခဲ့ပါသေးတယ်။ဒါပေမယ့်ဗန်ဒိုက်ဟာယင်းပရိသတ်ကိုဘေးသို့တွန်းထုတ်ပစ်ခဲ့ပါတယ်။

ZawGyi

ကြင္းအတြင္းဝင္ေရာက္ကာ ဒီေပးႏွင့္ Selfie ႐ိုက္ခဲ့တဲ့ အသက္၁၃ ႏွစ္အ႐ြယ္လူငယ္ကို ငါးႏွစ္ပြဲၾကည့္ခြင့္ပိတ္ပင္

အသက္၁၃ႏွစ္အ႐ြယ္ရွိလူငယ္ေလးတစ္ဦးဟာမြန္တီနီဂ႐ိုးႏွင့္ရင္ဆိုင္ကစားရတဲ့နယ္သာလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲတြင္ကြင္းအတြင္းဝင္ေရာက္ကာမမ္ဖစ္ဒီေပးႏွင့္Selfie ႐ိုက္ကူးခဲ့မႈအတြက္အိုင္ဟိုဗင္ရွိဖီးလစ္စတာဒီယြန္သို႔လာေရာက္ခြင့္ငါးႏွစ္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

ေအမင္လို႔အမည္ရတဲ့လူငယ္ေလးဟာနယ္သာလန္က၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ယင္းပြဲစဥ္ရဲ႕ပြဲခ်ိန္၈၉မိနစ္တြင္ကြင္းအတြင္းသို႔ေျပးဝင္ေရာက္လာၿပီးေနာက္ဘာစီလိုနာစတားဒီေပးႏွင့္Selfie ဓာတ္ပုံ႐ိုက္ကူးကာကြင္းအတြင္းမွေအးခ်မ္းစြာေျပးလႊားထြက္ခြာသြားခဲ့ပါတယ္။

သူဟာယင္းျဖစ္ရပ္အတြက္ငါးႏွစ္ပြဲၾကည့္ခြင့္ပိတ္ျခင္းခံခဲ့ရတဲ့အျပင္ေပါင္၃၀၀လည္းဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ေနာက္ပိုင္းတြင္ယင္းကေလးမွာေအမင္ရဲ႕အသက္အ႐ြယ္ေၾကာင့္၈၆ေပါင္သို႔ေလွ်ာ့ခ်ျခင္းခံခဲ့ရပါတယ္။

စက္တင္ဘာလ၁ရက္ေန႔တုန္းကေနာ္ေဝႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲအၿပီးတြင္လညး္ပရိသတ္တစ္ဦးဟာကြင္းအတြင္းသို႔ဝင္ေရာက္ကာအင္တာဗ်ဴးျပဳလုပ္ေနတဲ့ဗာဂယ္ဗန္ဒိုက္ႏွင့္ Selfie ႐ိုက္ကူးရန္ႀကိဳးပမ္းခဲ့ပါေသးတယ္။ဒါေပမယ့္ဗန္ဒိုက္ဟာယင္းပရိသတ္ကိုေဘးသို႔တြန္းထုတ္ပစ္ခဲ့ပါတယ္။