ကွင်းအတွင်းဝင်ရောက်ကာ အိုးဟမ်းပရိသတ်များ ထိုင်သပိတ်ဆင်နွဲ

ဒေါသအကြီးအကျယ်ထွက်နေကြတဲ့အိုးဟမ်းပရိသတ်များဟာဘာရိုးအား၃-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်ကွင်းအတွင်းသို့အတင်းဝင်ရောက်ကာအသင်းပိုင်ရှင်များကိုသပိတ်မှောက်ခဲ့ကြပါတယ်။

လိဂ် ၂ ကလပ်ဟာအမှတ်ပေးဇယားကြမ်းခင်းအပေါ်မှာရပ်တည်နေတာဖြစ်ပြီး၃-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်ပရိသတ်များဟာကွင်းလည်ဗဟိုသို့အတွင်းဝင်ရောက်ပြီးထိုင်သပိတ်ဆင်နွဲခဲ့ပါတယ်။

ပရိသတ်များကွင်းအတွင်းသို့ဝင်ရောက်လာမှုကြောင့်ကွင်းလယ်ဒိုင်လူကြီးကားလ်ဘိုင်းဆင်ဟာပွဲကိုမိနစ်အနည်းငယ်ကြာရပ်ဆိုင်းခဲ့ရပါတယ်။

ပရိသတ်များဟာအသင်းပိုင်ရှင်ညီအစ်ကိုနှစ်ဦးဖြစ်တဲ့အက်ဒဲလ်လာနှင့်မိုဟာမက်လမ်ဆာဂမ်တို့ကိုသပိတ်မှောက်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါညီအစ်ကိုနှစ်ဦးပိုင်ဆိုင်တဲ့သုံးနှစ်ခွဲတာကာလအတွင်းမှာကစားသမားများကိုလုပ်ခနောက်ကျမှပေးခြင်း၊ကစားသမားများကပွဲမကစားဘဲသပိတ်မှောက်မည်ဟုခြိမ်းခြောက်မှုများနှင့်ကြုံခဲ့ပါတယ်။

လက်ရှိအချိန်တွင်လည်းအိုးဟမ်းဟာဘဏ္ဍာရေးအခြေအနေရုန်းကန်နေရပြီးအာဏာပိုင်တို့ရဲ့အုပ်ချုပ်မှုအောက်သို့ဝင်ရောက်ရမယ့်အနေအထားတွင်ရှိနေပါတယ်။

ယင်းသို့အနေအထားကြောင့်ပရိသတ်များဟာအသင်းပိုင်ရှင်ကိုကန့်ကွက်တဲ့အနေအဖြင့်ကွင်းအတွင်းဝင်ရောက်ကာထိုင်သပိတ်နွဲခဲ့တာဖြစ်ပါတယ်။

ZawGyi

ကြင္းအတြင္းဝင္ေရာက္ကာ အိုးဟမ္းပရိသတ္မ်ား ထိုင္သပိတ္ဆင္ႏြဲ

ေဒါသအႀကီးအက်ယ္ထြက္ေနၾကတဲ့အိုးဟမ္းပရိသတ္မ်ားဟာဘာ႐ိုးအား၃-၀ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္တြင္ကြင္းအတြင္းသို႔အတင္းဝင္ေရာက္ကာအသင္းပိုင္ရွင္မ်ားကိုသပိတ္ေမွာက္ခဲ့ၾကပါတယ္။

လိဂ္ ၂ ကလပ္ဟာအမွတ္ေပးဇယားၾကမ္းခင္းအေပၚမွာရပ္တည္ေနတာျဖစ္ၿပီး၃-၀ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္တြင္ပရိသတ္မ်ားဟာကြင္းလည္ဗဟိုသို႔အတြင္းဝင္ေရာက္ၿပီးထိုင္သပိတ္ဆင္ႏြဲခဲ့ပါတယ္။

ပရိသတ္မ်ားကြင္းအတြင္းသို႔ဝင္ေရာက္လာမႈေၾကာင့္ကြင္းလယ္ဒိုင္လူႀကီးကားလ္ဘိုင္းဆင္ဟာပြဲကိုမိနစ္အနည္းငယ္ၾကာရပ္ဆိုင္းခဲ့ရပါတယ္။

ပရိသတ္မ်ားဟာအသင္းပိုင္ရွင္ညီအစ္ကိုႏွစ္ဦးျဖစ္တဲ့အက္ဒဲလ္လာႏွင့္မိုဟာမက္လမ္ဆာဂမ္တို႔ကိုသပိတ္ေမွာက္ခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါညီအစ္ကိုႏွစ္ဦးပိုင္ဆိုင္တဲ့သုံးႏွစ္ခြဲတာကာလအတြင္းမွာကစားသမားမ်ားကိုလုပ္ခေနာက္က်မွေပးျခင္း၊ကစားသမားမ်ားကပြဲမကစားဘဲသပိတ္ေမွာက္မည္ဟုၿခိမ္းေျခာက္မႈမ်ားႏွင့္ႀကဳံခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္လည္းအိုးဟမ္းဟာဘ႑ာေရးအေျခအေန႐ုန္းကန္ေနရၿပီးအာဏာပိုင္တို႔ရဲ႕အုပ္ခ်ဳပ္မႈေအာက္သို႔ဝင္ေရာက္ရမယ့္အေနအထားတြင္ရွိေနပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ပရိသတ္မ်ားဟာအသင္းပိုင္ရွင္ကိုကန႔္ကြက္တဲ့အေနအျဖင့္ကြင္းအတြင္းဝင္ေရာက္ကာထိုင္သပိတ္ႏြဲခဲ့တာျဖစ္ပါတယ္။