ကွင်းအတွင်းသေးပေါက်မှုကြောင့် ပွဲများစွာ အပိတ်ခံရမယ့်အရေးနှင့် ဂိုးသမားတစ်ဦးရင်ဆိုင်နေရ

ဂိုးသမားတစ်ဦးဟာကွင်းအတွင်းသေးပေါက်မှုကြောင့်အထုတ်ခံခဲ့ရပြီးနောက် ပွဲများစွာအပိတ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ပြင်သစ်သတ္တမတန်းလိဂ်ကလပ် AC Saint-Brevin မှ အမည်ဖော်ပြထားခြင်းမရှိတဲ့ နံပါတ်တစ်ဂိုးသမားဟာစနေနေ့တုန်းက Mareuil-sur-Lay နှင့်အိမ်ကွင်းပွဲစဉ်ရဲ့ဒုတိယပိုင်း ၁၅မိနစ်တွင်ဘောင်းဘီလှန်ကာသေးပေါက်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာသေးပေါက်ချင်နေမှုကြောင့်အိမ်သာသို့သွားနိုင်ရန်ပွဲကိုခေတ္တရပ်နားပေးရန်ဒိုင်လူကြီးကိုအသနားခံခဲ့ပေမယ့်မအောင်မြင်ပြီးနောက် ဂိုးတိုင်နောက်တွင်သေးပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ဒိုင်လူကြီးရောက်လာကာသေးပေါက်တာကိုရပ်စေပြီးအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။သူအထုတ်ခံရချိန်တွင်တစ်ဂိုးစီသရေကျနေပြီး ပွဲအပြီးတွင်၃-၂ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဒေသခံလိဂ်အကြီးအကဲများဟာကွင်းအတွင်းတွင်သေးပေါက်ခဲ့တဲ့ဂိုးသမားကိုကာလရှည်ပွဲပယ်ရန်စီစဉ်နေပါတယ်။သူဟာလက်ရှိအချိန်တွင်သုံးပွဲပယ်ခံထားရပြီဖြစ်ပြီးထပ်မံအရေးယူမှုခံရဦးမှာဖြစ်ပါတယ်။

၂၀၀၇ခုနှစ်တုန်းကမာဆေးလ်နှင့်အင်တာမီလန်တို့ရဲ့ယူအီးအက်ဖ်အေဖလားပွဲစဉ်တွင်မာဆေးလ်ဂိုးသမားဖေဘီယန်ဘားသက်ဇ်ဟာလည်းကွင်းအတွင်းသေးပေါက်ခဲ့ပေမယ့်ဒိုင်လူကြီး မြင်တွေ့လိုက်ခြင်းမရှိမှုနဲ့အတူအရေးယူမှုမခံခဲ့ရပါဘူး။

ZawGyi

ကြင္းအတြင္းေသးေပါက္မႈေၾကာင့္ ပြဲမ်ားစြာ အပိတ္ခံရမယ့္အေရးႏွင့္ ဂိုးသမားတစ္ဦးရင္ဆိုင္ေနရ

ဂိုးသမားတစ္ဦးဟာကြင္းအတြင္းေသးေပါက္မႈေၾကာင့္အထုတ္ခံခဲ့ရၿပီးေနာက္ ပြဲမ်ားစြာအပိတ္ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

ျပင္သစ္သတၱမတန္းလိဂ္ကလပ္ AC Saint-Brevin မွ အမည္ေဖာ္ျပထားျခင္းမရွိတဲ့ နံပါတ္တစ္ဂိုးသမားဟာစေနေန႔တုန္းက Mareuil-sur-Lay ႏွင့္အိမ္ကြင္းပြဲစဥ္ရဲ႕ဒုတိယပိုင္း ၁၅မိနစ္တြင္ေဘာင္းဘီလွန္ကာေသးေပါက္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာေသးေပါက္ခ်င္ေနမႈေၾကာင့္အိမ္သာသို႔သြားႏိုင္ရန္ပြဲကိုေခတၱရပ္နားေပးရန္ဒိုင္လူႀကီးကိုအသနားခံခဲ့ေပမယ့္မေအာင္ျမင္ၿပီးေနာက္ ဂိုးတိုင္ေနာက္တြင္ေသးေပါက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ဒိုင္လူႀကီးေရာက္လာကာေသးေပါက္တာကိုရပ္ေစၿပီးအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။သူအထုတ္ခံရခ်ိန္တြင္တစ္ဂိုးစီသေရက်ေနၿပီး ပြဲအၿပီးတြင္၃-၂ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ေဒသခံလိဂ္အႀကီးအကဲမ်ားဟာကြင္းအတြင္းတြင္ေသးေပါက္ခဲ့တဲ့ဂိုးသမားကိုကာလရွည္ပြဲပယ္ရန္စီစဥ္ေနပါတယ္။သူဟာလက္ရွိအခ်ိန္တြင္သုံးပြဲပယ္ခံထားရၿပီျဖစ္ၿပီးထပ္မံအေရးယူမႈခံရဦးမွာျဖစ္ပါတယ္။

၂၀၀၇ခုႏွစ္တုန္းကမာေဆးလ္ႏွင့္အင္တာမီလန္တို႔ရဲ႕ယူအီးအက္ဖ္ေအဖလားပြဲစဥ္တြင္မာေဆးလ္ဂိုးသမားေဖဘီယန္ဘားသက္ဇ္ဟာလည္းကြင္းအတြင္းေသးေပါက္ခဲ့ေပမယ့္ဒိုင္လူႀကီး ျမင္ေတြ႕လိုက္ျခင္းမရွိမႈနဲ႔အတူအေရးယူမႈမခံခဲ့ရပါဘူး။