ကွင်းအတွင်း တက်နင်းမှုကြောင့် လူတစ်ရာကျော် သေဆုံးပြီးနောက် အင်ဒိုနီးရှားကွင်းကို ဖြိုချပစ်တော့မည်

အင်ဒိုနီးရှားကယခုလအစောပိုင်းတုန်းကအနည်းဆုံးလူ၁၃၁ဦးသေဆုံးပြီးလူပေါင်းရာချီဒဏ်ရာရရှိမှုဖြစ်ပျက်ခဲ့ပြီးနောက် ဘောလုံးကွင်းကိုဖြိုချသွားရန်စီစဉ်ထားကြောင်းကြေညာလာပါတယ်။

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကမာလန်းရှိ Kanjuruhan Stadium မှာဖီဖာသတ်မှတ်ထားတဲ့ ကွင်းလုံခြုံရေးစည်းမျဉ်းစည်းကမ်းများနှင့်မကိုက်ညီမှုနှင့်အတူကွင်းကိုဖြိုချပြီးစည်းမျဉ်းစည်းကမ်းနဲ့အညီအသစ်တည်ဆောက်သွားရမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

အင်ဒိုနီးရှားသမ္မတဟာအင်္ဂါနေ့အစောပိုင်းတုန်းကဖီဖာဥက္ကဌဂျီယန်နီအင်တာတီနိုနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက်အထက်ပါအတိုင်းကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ၂၀၂၃ ခုနှစ်ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်စီစဉ်ထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အောက်တိုဘာလ၁ရက်နေ့တုန်းက Arema FC ကဧည့်ခံကစားတဲ့ Kanjuruhanကွင်းပွဲစဉ်တွင်ပရိသတ်ထောင်ပေါင်းများစွာတို့ ကွင်းအတွင်းဝင်ရောက်ခဲ့ပြီးရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးဖြင့်အဆက်မပြတ်ပစ်ခတ်မှုကြောင့်လူအုပ်ကြီးထွက်ပြေးရာမှာလူပေါင်းများစွာသေဆုံးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

အထက်ပါဖြစ်ရပ်အတွက်ရဲတပ်ဖွဲ့ဝင်များအပါအဝင်ပွဲတာဝန်ရှိ ခြောက်ဦးတို့စွဲချက်တင်ခြင်းခံထားရပါတယ်။

အထက်ပါအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီးစစ်ဆေးခဲ့ရာ ယင်းအဖြစ်အပျက်ဆိုးကြီးမှာရဲတပ်ဖွဲ့ဝင်များကမျက်ရည်ယိုဗုံးဖြင့်ပစ်ခတ်ရာမှာစတင်ခြင်းလို့ဆုံးဖြတ်ခဲ့ပါတယ်။စွဲချက်တင်ခြင်းခံထားရသူများမှာအမြင့်ဆုံးထောင်ဒဏ်၆နှစ်အထိကျခံလာရဖို့ရှိပါတယ်။

ZawGyi

ကြင္းအတြင္း တက္နင္းမႈေၾကာင့္ လူတစ္ရာေက်ာ္ ေသဆုံးၿပီးေနာက္ အင္ဒိုနီးရွားကြင္းကို ၿဖိဳခ်ပစ္ေတာ့မည္

အင္ဒိုနီးရွားကယခုလအေစာပိုင္းတုန္းကအနည္းဆုံးလူ၁၃၁ဦးေသဆုံးၿပီးလူေပါင္းရာခ်ီဒဏ္ရာရရွိမႈျဖစ္ပ်က္ခဲ့ၿပီးေနာက္ ေဘာလုံးကြင္းကိုၿဖိဳခ်သြားရန္စီစဥ္ထားေၾကာင္းေၾကညာလာပါတယ္။

အင္ဒိုနီးရွားသမၼတဂ်ိဳကိုဝီဒိုဒိုကမာလန္းရွိ Kanjuruhan Stadium မွာဖီဖာသတ္မွတ္ထားတဲ့ ကြင္းလုံၿခဳံေရးစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္မကိုက္ညီမႈႏွင့္အတူကြင္းကိုၿဖိဳခ်ၿပီးစည္းမ်ဥ္းစည္းကမ္းနဲ႔အညီအသစ္တည္ေဆာက္သြားရမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အင္ဒိုနီးရွားသမၼတဟာအဂၤါေန႔အေစာပိုင္းတုန္းကဖီဖာဥကၠဌဂ်ီယန္နီအင္တာတီႏိုႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ၿပီးေနာက္အထက္ပါအတိုင္းေၾကညာလာခဲ့တာလည္းျဖစ္ပါတယ္။

အင္ဒိုနီးရွားဟာ၂၀၂၃ ခုႏွစ္ယူ-၂၀ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္စီစဥ္ထားတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။

ေအာက္တိုဘာလ၁ရက္ေန႔တုန္းက Arema FC ကဧည့္ခံကစားတဲ့ Kanjuruhanကြင္းပြဲစဥ္တြင္ပရိသတ္ေထာင္ေပါင္းမ်ားစြာတို႔ ကြင္းအတြင္းဝင္ေရာက္ခဲ့ၿပီးရဲတပ္ဖြဲ႕ဝင္မ်ားက မ်က္ရည္ယိုဗုံးျဖင့္အဆက္မျပတ္ပစ္ခတ္မႈေၾကာင့္လူအုပ္ႀကီးထြက္ေျပးရာမွာလူေပါင္းမ်ားစြာေသဆုံးဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။

အထက္ပါျဖစ္ရပ္အတြက္ရဲတပ္ဖြဲ႕ဝင္မ်ားအပါအဝင္ပြဲတာဝန္ရွိ ေျခာက္ဦးတို႔စြဲခ်က္တင္ျခင္းခံထားရပါတယ္။

အထက္ပါအျဖစ္အပ်က္ကိုစုံစမ္းစစ္ေဆးေရးေကာ္မတီဖြဲ႕စည္းၿပီးစစ္ေဆးခဲ့ရာ ယင္းအျဖစ္အပ်က္ဆိုးႀကီးမွာရဲတပ္ဖြဲ႕ဝင္မ်ားကမ်က္ရည္ယိုဗုံးျဖင့္ပစ္ခတ္ရာမွာစတင္ျခင္းလို႔ဆုံးျဖတ္ခဲ့ပါတယ္။စြဲခ်က္တင္ျခင္းခံထားရသူမ်ားမွာအျမင့္ဆုံးေထာင္ဒဏ္၆ႏွစ္အထိက်ခံလာရဖို႔ရွိပါတယ္။