ကွင်းအတွင်း နှလုံးဖောက်တဲ့ နယူးကာဆယ်ပရိသတ် အခြေအနေ ကောင်းမွန်နေပြီ

နယူးကာဆယ်အသင်းကစပါးစ်နှင့်ပွဲစဉ်တွင် ပွဲကြည့်စင်ပေါ် နှလုံးဖောက်ခဲ့တဲ့ ပရိသတ်မှာဆေးရုံတွင်အခြေအနေတည်ငြိမ်လာပြီဖြစ်ပြီးစိုးရိမ်စရာမရှိတော့ကြောင်းကြေညာလာပါတယ်။

နယူးကာဆယ်နှင့်စပါးစ်တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ပထမပိုင်းမတိုင်မီ အမျိုးသားဘောလုံးပရိသတ်တစ်ဦးဟာကွင်းအတွင်းနှလုံးဖောက်ခဲ့ပြီး ဒိုင်လူကြီးကပွဲကိုရပ်ဆိုင်းခဲ့ပါတယ်။

စပါးစ်စတားအဲရစ်ဒိုင်ယာဟာအရန်ခုံသို့သွားရောက်ကာဆေးဝန်ထမ်းတစ်ဦးကို နှလုံးရှော့ရိုက်စက်ယူပြီး အကူအညီပေးရန်ပြောကြားခဲ့ပါတယ်။အင်္ဂလန်ဗဟိုနောက်ခံလူဟာကစားဖော်ရီဂူလွန်ကြောင့်သိရှိခဲ့တာလည်းဖြစ်ပါတယ်။

အထက်ပါအဖြစ်အပျက်မှာပထမပိုင်းမပြီးဆုံးခင် ၂မိနစ်အလိုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးစပါးစ်က၂-၁ဂိုးဖြင့်ဦးဆောင်နေပါတယ်။ဆေးအဖွဲ့ကနှလုံးရောဂါဖောက်တဲ့ပရိသတ်ကို မိနစ်၂၀ခန့်ကွင်းအတွင်းအရေးပေါ်ကုသမှုပြုလုပ်ပြီးနောက်ဆေးရုံသို့အရေးပေါ်လူနာတင်ကားဖြင့်ခေါ်ဆောင်သွားခဲ့ပါတယ်။

ပွဲအပြီးတွင် ရီဂူလွန်က “သုံးမှတ်ရလို့ပျော်ရတယ်ဆိုပေမယ့်ကျွန်တော့်အတွက်တော့ဒီလူ့အသက်ကအရေးအကြီးဆုံးပါ။သူ့အခြေအနေတည်ငြိမ်ကောင်းမွန်နေပြီလို့ဆေးအဖွဲ့ကပြောပါတယ်။ပရိသတ်တွေလက်ဝှေ့ရမ်းနေတာတွေ့တယ်။လူတစ်ယောက်လဲကျသွားတာတွေ့တယ်။တစ်ခုခုတော့ဖြစ်ပြီလို့သိလိုက်တယ်။ဒိုင်ကိုကြည့်လိုက်တယ်။သူကပွဲကိုရပ်လိုက်တယ်။အခုတော့အားလုံးအဆင်ပြေသွားပြီလို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ကြင္းအတြင္း ႏွလုံးေဖာက္တဲ့ နယူးကာဆယ္ပရိသတ္ အေျခအေန ေကာင္းမြန္ေနၿပီ

နယူးကာဆယ္အသင္းကစပါးစ္ႏွင့္ပြဲစဥ္တြင္ ပြဲၾကည့္စင္ေပၚ ႏွလုံးေဖာက္ခဲ့တဲ့ ပရိသတ္မွာေဆး႐ုံတြင္အေျခအေနတည္ၿငိမ္လာၿပီျဖစ္ၿပီးစိုးရိမ္စရာမရွိေတာ့ေၾကာင္းေၾကညာလာပါတယ္။

နယူးကာဆယ္ႏွင့္စပါးစ္တို႔ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္ရဲ႕ပထမပိုင္းမတိုင္မီ အမ်ိဳးသားေဘာလုံးပရိသတ္တစ္ဦးဟာကြင္းအတြင္းႏွလုံးေဖာက္ခဲ့ၿပီး ဒိုင္လူႀကီးကပြဲကိုရပ္ဆိုင္းခဲ့ပါတယ္။

စပါးစ္စတားအဲရစ္ဒိုင္ယာဟာအရန္ခုံသို႔သြားေရာက္ကာေဆးဝန္ထမ္းတစ္ဦးကို ႏွလုံးေရွာ့႐ိုက္စက္ယူၿပီး အကူအညီေပးရန္ေျပာၾကားခဲ့ပါတယ္။အဂၤလန္ဗဟိုေနာက္ခံလူဟာကစားေဖာ္ရီဂူလြန္ေၾကာင့္သိရွိခဲ့တာလည္းျဖစ္ပါတယ္။

အထက္ပါအျဖစ္အပ်က္မွာပထမပိုင္းမၿပီးဆုံးခင္ ၂မိနစ္အလိုမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီးစပါးစ္က၂-၁ဂိုးျဖင့္ဦးေဆာင္ေနပါတယ္။ေဆးအဖြဲ႕ကႏွလုံးေရာဂါေဖာက္တဲ့ပရိသတ္ကို မိနစ္၂၀ခန႔္ကြင္းအတြင္းအေရးေပၚကုသမႈျပဳလုပ္ၿပီးေနာက္ေဆး႐ုံသို႔အေရးေပၚလူနာတင္ကားျဖင့္ေခၚေဆာင္သြားခဲ့ပါတယ္။

ပြဲအၿပီးတြင္ ရီဂူလြန္က “သုံးမွတ္ရလို႔ေပ်ာ္ရတယ္ဆိုေပမယ့္ကြၽန္ေတာ့္အတြက္ေတာ့ဒီလူ႔အသက္ကအေရးအႀကီးဆုံးပါ။သူ႔အေျခအေနတည္ၿငိမ္ေကာင္းမြန္ေနၿပီလို႔ေဆးအဖြဲ႕ကေျပာပါတယ္။ပရိသတ္ေတြလက္ေဝွ႔ရမ္းေနတာေတြ႕တယ္။လူတစ္ေယာက္လဲက်သြားတာေတြ႕တယ္။တစ္ခုခုေတာ့ျဖစ္ၿပီလို႔သိလိုက္တယ္။ဒိုင္ကိုၾကည့္လိုက္တယ္။သူကပြဲကိုရပ္လိုက္တယ္။အခုေတာ့အားလုံးအဆင္ေျပသြားၿပီလို႔ထင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။