ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲများခေါ်ယူခဲ့ရကာ ပွဲကိုရပ်ခဲ့ရတဲ့ လန်းစ်နှင့်လိုင်လီပွဲ

မနေ့ညတုန်းကလန်းစ်နှင့်လိုင်လီတို့ရဲ့လီဂူး၁ပွဲစဉ်တွင်အိမ်ကွင်းပရိသတ်များ ကွင်းအတွင်းဝင်ရောက်မှုနဲ့အတူရုပ်ဆိုးအကျည်းတန်စွာပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။

လန်းစ်ပရိသတ်များဟာဒုတိယပိုင်းမှာကွင်းအတွင်းသို့အတင်းကျူးကျော်ဝင်ရောက်ခဲ့ပြီး ဧည့်သည်လိုင်လီပရိသတ်များရှိရာသို့သွားရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါကြောင့်ယင်းဖြစ်ရပ်ကိုထိန်းသိမ်းရန်အဓိကရုဏ်းနှိမ်နင်းရေးရဲများဆင့်ခေါ်ခဲ့ရပြီးထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။ဒါဘီပွဲစဉ်မှာလည်းယင်းဖြစ်ရပ်ကြောင့်မိနစ်၉၀ခန့်အထိရပ်ဆိုင်းထားခဲ့ရပါတယ်။အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာကွင်းအတွင်းဝင်ရောက်တဲ့ပရိသတ်အချို့ကိုဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့ပါတယ်။

ပွဲကိုပြန်လည်စတင်ပြီးနောက်ပွဲချိန်၇၄မိနစ်တွင်ဖရန်ကောစကီးကအိမ်ရှင်လန်းစ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်တုန်းကလည်းမာဆေးလ်နှင့်နိုက်စ်တို့ရဲ့ပွဲစဉ်တွင် နိုက်စ်ပရိသတ်များကွင်းအတွင်းဝင်ရောက်ကာကစားသမားများကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

မာဆေးလ်ရဲ့ဒီမီထရီပါယက်ဟာသူ့ကိုပစ်ပေါက်လာတဲ့ပုလင်းအားနိုက်စ်ပရိသတ်များရှိရာသို့ပြန်လည်ပစ်ပေါက်မှုနဲ့အတူကွင်းအတွင်းပရိသတ်များဝင်ရောက်ကာပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။

ZawGyi

ကြင္းအတြင္း ပရိသတ္မ်ား ဝင္ေရာက္ခဲ့ၿပီး အဓိက႐ုဏ္းႏွိမ္နင္းေရးရဲမ်ားေခၚယူခဲ့ရကာ ပြဲကိုရပ္ခဲ့ရတဲ့ လန္းစ္ႏွင့္လိုင္လီပြဲ

မေန႔ညတုန္းကလန္းစ္ႏွင့္လိုင္လီတို႔ရဲ႕လီဂူး၁ပြဲစဥ္တြင္အိမ္ကြင္းပရိသတ္မ်ား ကြင္းအတြင္းဝင္ေရာက္မႈနဲ႔အတူ႐ုပ္ဆိုးအက်ည္းတန္စြာပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။

လန္းစ္ပရိသတ္မ်ားဟာဒုတိယပိုင္းမွာကြင္းအတြင္းသို႔အတင္းက်ဴးေက်ာ္ဝင္ေရာက္ခဲ့ၿပီး ဧည့္သည္လိုင္လီပရိသတ္မ်ားရွိရာသို႔သြားေရာက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ယင္းျဖစ္ရပ္ကိုထိန္းသိမ္းရန္အဓိက႐ုဏ္းႏွိမ္နင္းေရးရဲမ်ားဆင့္ေခၚခဲ့ရၿပီးထိန္းသိမ္းမႈျပဳလုပ္ခဲ့ရပါတယ္။ဒါဘီပြဲစဥ္မွာလည္းယင္းျဖစ္ရပ္ေၾကာင့္မိနစ္၉၀ခန႔္အထိရပ္ဆိုင္းထားခဲ့ရပါတယ္။အဓိက႐ုဏ္းႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဟာကြင္းအတြင္းဝင္ေရာက္တဲ့ပရိသတ္အခ်ိဳ႕ကိုဖမ္းဆီးထိန္းသိမ္းမႈျပဳလုပ္ခဲ့ပါတယ္။

ပြဲကိုျပန္လည္စတင္ၿပီးေနာက္ပြဲခ်ိန္၇၄မိနစ္တြင္ဖရန္ေကာစကီးကအိမ္ရွင္လန္းစ္အတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

လြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ခန႔္တုန္းကလည္းမာေဆးလ္ႏွင့္ႏိုက္စ္တို႔ရဲ႕ပြဲစဥ္တြင္ ႏိုက္စ္ပရိသတ္မ်ားကြင္းအတြင္းဝင္ေရာက္ကာကစားသမားမ်ားကိုတိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

မာေဆးလ္ရဲ႕ဒီမီထရီပါယက္ဟာသူ႔ကိုပစ္ေပါက္လာတဲ့ပုလင္းအားႏိုက္စ္ပရိသတ္မ်ားရွိရာသို႔ျပန္လည္ပစ္ေပါက္မႈနဲ႔အတူကြင္းအတြင္းပရိသတ္မ်ားဝင္ေရာက္ကာပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။