ကွင်းအတွင်း ပရိသတ် ဝင်ရောက်မှု၊ သေးပုလင်းနဲ့ပစ်မှုအတွက် မန်ယူနဲ့ ဝက်စ်ဟမ်းဒဏ်ရိုက်ခံရ

မန်ယူဟာဗီလာရီးရဲလ်အားနောက်ကျဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ကွင်းအတွင်းပရိသတ်ဝင်ရောက်ကာကစားသမားများနှင့်အတူအောင်ပွဲခံမှု၊ကွင်းအတွင်းပစ္စည်းများဖြင့်ပစ်ပေါက်မှုတို့ကြောင့်ပေါင်၇၄၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

ဗီလာရီးရဲလ်အားအနိုင်ရရှိတဲ့ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုကနာကျင်အချိန်ပိုမှာအနိုင်ဂိုးသွင်းယူပြီးနောက်မန်ယူပရိသတ်တစ်ဦးဟာကွင်းအတွင်းသို့အတင်းဝင်ရောက်ကာမန်ယူကစားသမားများနှင့်အတူအောင်ပွဲခံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဝက်စ်ဟမ်းအသင်းမှာလည်းပြီးခဲ့တဲ့လတုန်းကရက်ပစ်ဗီယာနာနှင့်ယူရိုပါလိဂ်ပွဲစဉ်မှပရိသတ်များပြဿနာတက်မှုကြောင့်ပေါင်၅၀၅၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

စက်တင်ဘာလ၃၀ရက်နေ့တုန်းကဝက်စ်ဟမ်းနှင့်ရက်ပစ်ဗီယာနာတို့ပွဲတွင်နှစ်ဖက်ပရိသတ်များဟာအပြန်အလှန်ပစ္စည်းများဖြင့်ပစ်ပေါက်ခဲ့ပြီးပစ်ပေါက်တဲ့ပစ္စည်းများတွင်သေးပေါက်ထည့်ထားတဲ့ပုလင်းများလည်းပါဝင်ပါတယ်။

ဒါ့အပြင်ယူအီးအက်ဖ်အေဟာဩစတြီးယားကလပ်ကိုဒဏ်ငွေပေါင်၅၀၅၀၀ဒဏ်ရိုက်ခဲ့တဲ့အပြင်အဝေးကွင်းတစ်ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာဝက်စ်ဟမ်းအတွက်ယူရိုပါလိဂ်ပထမဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်ပြီး၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ရက်ပစ်ပရိသတ်များဟာဒက်လန်းရိုက်စ်က ဝက်စ်ဟမ်းအတွက်ဦးဆောင်ဂိုသွင်းပြီးနောက်ထိန်းမရအောင်ဒေါသထွက်ခဲ့ပြီးရဲများ၊ကွင်းလုံခြုံရေးများထိန်းသိမ်းနေတဲ့ကြားမှနှစ်ဖက်ပရိသတ်တို့အပြန်အလှန်ပစ္စည်းများဖြင့်ပစ်ပေါက်ခဲ့ကြပါတယ်။

ကွင်းလုံခြုံရေးနှင့်ရဲတပ်ဖွဲ့များဟာရက်ပစ်ပရိသတ်များရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိခဲ့ကာပရိသတ်နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာရက်ပစ်ပရိသတ်သုံးဦးကိုဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ကြင္းအတြင္း ပရိသတ္ ဝင္ေရာက္မႈ၊ ေသးပုလင္းနဲ႔ပစ္မႈအတြက္ မန္ယူနဲ႔ ဝက္စ္ဟမ္းဒဏ္႐ိုက္ခံရ

မန္ယူဟာဗီလာရီးရဲလ္အားေနာက္က်ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ကြင္းအတြင္းပရိသတ္ဝင္ေရာက္ကာကစားသမားမ်ားႏွင့္အတူေအာင္ပြဲခံမႈ၊ကြင္းအတြင္းပစၥည္းမ်ားျဖင့္ပစ္ေပါက္မႈတို႔ေၾကာင့္ေပါင္၇၄၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

ဗီလာရီးရဲလ္အားအႏိုင္ရရွိတဲ့ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကနာက်င္အခ်ိန္ပိုမွာအႏိုင္ဂိုးသြင္းယူၿပီးေနာက္မန္ယူပရိသတ္တစ္ဦးဟာကြင္းအတြင္းသို႔အတင္းဝင္ေရာက္ကာမန္ယူကစားသမားမ်ားႏွင့္အတူေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဝက္စ္ဟမ္းအသင္းမွာလည္းၿပီးခဲ့တဲ့လတုန္းကရက္ပစ္ဗီယာနာႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္မွပရိသတ္မ်ားျပႆနာတက္မႈေၾကာင့္ေပါင္၅၀၅၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

စက္တင္ဘာလ၃၀ရက္ေန႔တုန္းကဝက္စ္ဟမ္းႏွင့္ရက္ပစ္ဗီယာနာတို႔ပြဲတြင္ႏွစ္ဖက္ပရိသတ္မ်ားဟာအျပန္အလွန္ပစၥည္းမ်ားျဖင့္ပစ္ေပါက္ခဲ့ၿပီးပစ္ေပါက္တဲ့ပစၥည္းမ်ားတြင္ေသးေပါက္ထည့္ထားတဲ့ပုလင္းမ်ားလည္းပါဝင္ပါတယ္။

ဒါ့အျပင္ယူအီးအက္ဖ္ေအဟာဩစႀတီးယားကလပ္ကိုဒဏ္ေငြေပါင္၅၀၅၀၀ဒဏ္႐ိုက္ခဲ့တဲ့အျပင္အေဝးကြင္းတစ္ပြဲၾကည့္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

အဆိုပါပြဲစဥ္မွာဝက္စ္ဟမ္းအတြက္ယူ႐ိုပါလိဂ္ပထမဆုံးအိမ္ကြင္းပြဲစဥ္ျဖစ္ၿပီး၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ရက္ပစ္ပရိသတ္မ်ားဟာဒက္လန္း႐ိုက္စ္က ဝက္စ္ဟမ္းအတြက္ဦးေဆာင္ဂိုသြင္းၿပီးေနာက္ထိန္းမရေအာင္ေဒါသထြက္ခဲ့ၿပီးရဲမ်ား၊ကြင္းလုံၿခဳံေရးမ်ားထိန္းသိမ္းေနတဲ့ၾကားမွႏွစ္ဖက္ပရိသတ္တို႔အျပန္အလွန္ပစၥည္းမ်ားျဖင့္ပစ္ေပါက္ခဲ့ၾကပါတယ္။

ကြင္းလုံၿခဳံေရးႏွင့္ရဲတပ္ဖြဲ႕မ်ားဟာရက္ပစ္ပရိသတ္မ်ားရဲ႕တိုက္ခိုက္မႈေၾကာင့္ဒဏ္ရာရရွိခဲ့ကာပရိသတ္ႏွစ္ဦးဒဏ္ရာျပင္းထန္စြာရရွိခဲ့ပါတယ္။ရဲတပ္ဖြဲ႕ဟာရက္ပစ္ပရိသတ္သုံးဦးကိုဖမ္းဆီးထိန္းသိမ္းမႈျပဳလုပ္ခဲ့ပါတယ္။