ကွင်းအတွင်း မီးလောင်ကာ ပလတ်စတစ်မြက်ခင်းပျက်စီးမှုနဲ့အတူ အန်ဒိုရာနှင့်အင်္ဂလန်ပွဲကစားရန် မသေမချာဖြစ်နေ

အန်ဒိုရာတွင်ကစားမယ့်အင်္ဂလန်အသင်းရဲ့၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာသောကြာနေ့နေ့လည်ပိုင်းတုန်းကကွင်းအတွင်းမီးလောင်မှုဖြစ်ပွားမှုနဲ့အတူပွဲကစားရန်မရေမရာဖြစ်နေပါတယ်။

အန်ဒိုရာနှင့်အင်္ဂလန်တို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့်ကွင်းမှာရုပ်သံရိုက်ကူးရေးအတွက်ကရိန်းစင်တည်ဆောက်စဉ်မတော်တဆမီးလောင်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ယင်းမီးက ဘောလုံးကစားမယ့်ကွင်းမြက်ခင်းကိုပါအနည်းငယ်ထိခိုက်မှုဖြစ်ပါတယ်။

မီးလောင်မှုစတင်ဖြစ်ပွားပြီးနောက်ချက်ချင်းပင်မီးသမားများရောက်လာပြီးမီးကိုငြိမ်းသတ်နိုင်ခဲ့ပါတယ်။

ကွင်းရဲ့ပလတ်စတစ်မြက်ခင်းပြင်ကိုအနည်းငယ်ထိခိုက်မှုရှိသော်လည်းဖီဖာမှတာဝန်ရှိသူများကကစားသမားများနှင့်ပရိသတ်များကိုထိခိုက်မှုရှိ/မရှိစစ်ဆေးမှုပြုလုပ်ပြီးမှသာလျှင်ပွဲကစားရန်သင့်/မသင့်ဆုံးဖြတ်သွားပါမယ်။

ဒေသတွင်းမီဒီယာများရဲ့ဖော်ပြချက်အရအဆိုပါမီးလောင်မှုကြောင့် VAR မော်နီတာများ ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်းလည်းသိရပါတယ်။

ကံကောင်းတာကတော့ယင်းမီးလောင်မှုမှာအင်္ဂလန်အသင်း လေ့ကျင့်ခန်းဆင်းမှုပြုလုပ်ပြီးနာရီအနည်းငယ်အကြာတွင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဆိုပါမီးလောင်မှုကြောင့်ဒဏ်ရာရသူရှိ/မရှိအတိအကျမသိရသေးပါဘူး။

ZawGyi

ကြင္းအတြင္း မီးေလာင္ကာ ပလတ္စတစ္ျမက္ခင္းပ်က္စီးမႈနဲ႔အတူ အန္ဒိုရာႏွင့္အဂၤလန္ပြဲကစားရန္ မေသမခ်ာျဖစ္ေန

အန္ဒိုရာတြင္ကစားမယ့္အဂၤလန္အသင္းရဲ႕၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာေသာၾကာေန႔ေန႔လည္ပိုင္းတုန္းကကြင္းအတြင္းမီးေလာင္မႈျဖစ္ပြားမႈနဲ႔အတူပြဲကစားရန္မေရမရာျဖစ္ေနပါတယ္။

အန္ဒိုရာႏွင့္အဂၤလန္တို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲကစားမယ့္ကြင္းမွာ႐ုပ္သံ႐ိုက္ကူးေရးအတြက္ကရိန္းစင္တည္ေဆာက္စဥ္မေတာ္တဆမီးေလာင္မႈျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။ယင္းမီးက ေဘာလုံးကစားမယ့္ကြင္းျမက္ခင္းကိုပါအနည္းငယ္ထိခိုက္မႈျဖစ္ပါတယ္။

မီးေလာင္မႈစတင္ျဖစ္ပြားၿပီးေနာက္ခ်က္ခ်င္းပင္မီးသမားမ်ားေရာက္လာၿပီးမီးကိုၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္။

ကြင္းရဲ႕ပလတ္စတစ္ျမက္ခင္းျပင္ကိုအနည္းငယ္ထိခိုက္မႈရွိေသာ္လည္းဖီဖာမွတာဝန္ရွိသူမ်ားကကစားသမားမ်ားႏွင့္ပရိသတ္မ်ားကိုထိခိုက္မႈရွိ/မရွိစစ္ေဆးမႈျပဳလုပ္ၿပီးမွသာလွ်င္ပြဲကစားရန္သင့္/မသင့္ဆုံးျဖတ္သြားပါမယ္။

ေဒသတြင္းမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအဆိုပါမီးေလာင္မႈေၾကာင့္ VAR ေမာ္နီတာမ်ား ထိခိုက္မႈျဖစ္ပြားခဲ့ေၾကာင္းလည္းသိရပါတယ္။

ကံေကာင္းတာကေတာ့ယင္းမီးေလာင္မႈမွာအဂၤလန္အသင္း ေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ၿပီးနာရီအနည္းငယ္အၾကာတြင္ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။အဆိုပါမီးေလာင္မႈေၾကာင့္ဒဏ္ရာရသူရွိ/မရွိအတိအက်မသိရေသးပါဘူး။