ကွင်းအတွင်း လေယာဉ်ပျက်မှုကြောင့် လူးဝစ်နှင့်ကိုရင်သီယန်ကာဆူရယ်ပွဲကို ရပ်ဆိုင်းခဲ့ရ

အပျော်တမ်းလိဂ်ပွဲတစ်ပွဲဟာကွင်းအတွင်းသို့လေယာဉ်တစ်စီးပျက်ကျမှုကြောင့်ပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။

လူးဝစ်တောင်းအက်ဖ်စီနှင့်ကိုရင်သီယန်ကာဆူရယ်တို့ရင်ဆိုင်ကစားတဲ့ Isthmian League ပွဲစဉ်အတွင်းတွင်ရယ်စရာကောင်းတဲ့အထက်ပါအဖြစ်အပျက်ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။

ကိုရင်သီယန်ကာဆူရယ်ရှေ့တန်းသမားကအိမ်ရှင်အသင်းဂိုးသမားကိုဖိအားပေးရန်ကြိုးပမ်းနေစဉ်ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။

ရှေ့တန်းကစားသမားကဂိုးသမားဆီလှမ်းပေးတဲ့ဘောလုံးကိုလုရန်ပင်နယ်တီဧရိယာအတွင်းသို့ပြေးလိုက်သွားချိန်တွင်Remote Control လေယာဉ်တစ်စီးဂိုးသမားအနီးသို့ပျက်ကျလာခဲ့တာဖြစ်ပါတယ်။

ကံကောင်းစွာဘဲဂိုးသမားကိုမထိခဲ့ပါဘူး။ဒိုင်လူကြီးဟာပွဲကိုရပ်ပြီးမည်သည့်အရာပြုတ်ကျသလဲဆိုတာစူးစမ်းပြီးနောက်Remote Control လေယာဉ်ဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်။

ဒိုင်လူကြီးဟာချက်ချင်းပင်Remote Controlလေယာဉ်ကိုကောက်ယူပြီးကွင်းအတွင်းမှဖယ်ရှားခဲ့ပါတယ်။ယင်းနောက်ပွဲကိုဆက်လက်ကစားစေခဲ့ပါတယ်။

ယင်းပွဲစဉ်တွင်လူးဝစ်တောင်းအက်ဖ်စီကတိုက်စစ်မှူးဂျိုးတေလာသွင်းယူတဲ့သွင်းဂိုးနှစ်ဂိုးဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းနိုင်ပွဲကြောင့်လူးဝစ်တောင်းဟာအမှတ်ပေးဇယားအဆင့်၈နေရာသို့တက်လှမ်းလာပြီးကိုရင်သီယန်ကာဆူရယ်ကတော့အဆင့်၁၉နေရာမှာရပ်တည်ခဲ့ရပါတယ်။

ZawGyi

ကြင္းအတြင္း ေလယာဥ္ပ်က္မႈေၾကာင့္ လူးဝစ္ႏွင့္ကိုရင္သီယန္ကာဆူရယ္ပြဲကို ရပ္ဆိုင္းခဲ့ရ

အေပ်ာ္တမ္းလိဂ္ပြဲတစ္ပြဲဟာကြင္းအတြင္းသို႔ေလယာဥ္တစ္စီးပ်က္က်မႈေၾကာင့္ပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။

လူးဝစ္ေတာင္းအက္ဖ္စီႏွင့္ကိုရင္သီယန္ကာဆူရယ္တို႔ရင္ဆိုင္ကစားတဲ့ Isthmian League ပြဲစဥ္အတြင္းတြင္ရယ္စရာေကာင္းတဲ့အထက္ပါအျဖစ္အပ်က္ျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။

ကိုရင္သီယန္ကာဆူရယ္ေရွ႕တန္းသမားကအိမ္ရွင္အသင္းဂိုးသမားကိုဖိအားေပးရန္ႀကိဳးပမ္းေနစဥ္ျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။

ေရွ႕တန္းကစားသမားကဂိုးသမားဆီလွမ္းေပးတဲ့ေဘာလုံးကိုလုရန္ပင္နယ္တီဧရိယာအတြင္းသို႔ေျပးလိုက္သြားခ်ိန္တြင္Remote Control ေလယာဥ္တစ္စီးဂိုးသမားအနီးသို႔ပ်က္က်လာခဲ့တာျဖစ္ပါတယ္။

ကံေကာင္းစြာဘဲဂိုးသမားကိုမထိခဲ့ပါဘူး။ဒိုင္လူႀကီးဟာပြဲကိုရပ္ၿပီးမည္သည့္အရာျပဳတ္က်သလဲဆိုတာစူးစမ္းၿပီးေနာက္Remote Control ေလယာဥ္ျဖစ္ေၾကာင္းသိရွိသြားခဲ့ပါတယ္။

ဒိုင္လူႀကီးဟာခ်က္ခ်င္းပင္Remote Controlေလယာဥ္ကိုေကာက္ယူၿပီးကြင္းအတြင္းမွဖယ္ရွားခဲ့ပါတယ္။ယင္းေနာက္ပြဲကိုဆက္လက္ကစားေစခဲ့ပါတယ္။

ယင္းပြဲစဥ္တြင္လူးဝစ္ေတာင္းအက္ဖ္စီကတိုက္စစ္မႉးဂ်ိဳးေတလာသြင္းယူတဲ့သြင္းဂိုးႏွစ္ဂိုးျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းႏိုင္ပြဲေၾကာင့္လူးဝစ္ေတာင္းဟာအမွတ္ေပးဇယားအဆင့္၈ေနရာသို႔တက္လွမ္းလာၿပီးကိုရင္သီယန္ကာဆူရယ္ကေတာ့အဆင့္၁၉ေနရာမွာရပ္တည္ခဲ့ရပါတယ္။