ဆီဗီလာဂိုးသမားဟာကွင်းအတွင်းဝင်ရောက်လာပြီးနောက်သူ့ကိုတိုက်ခိုက်ရန်ကြိုးပမ်းတဲ့ဆိုးသွမ်းပရိသတ်ကိုပြန်လည်တိုက်ခိုက်မှုပြုလုပ်ခဲ့ရပါတယ်။
မာကိုဒီမီထရိုဗစ်ဟာမနေ့ညတုန်းကပီအက်စ်ဗွီနှင့်ကစားတဲ့ယူရိုပါလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်တွင်ဆိုးသွမ်းပရိသတ်တစ်ဦး ကွင်းအတွင်းဝင်ရောက်လာပြီးနောက်သူ့ကိုတိုက်ခိုက်လာတာကြုံခဲ့ရပါတယ်။
ဒါပေမဲ့ပီအက်စ်ဗွီပရိသတ်က လက်သီးတစ်လုံးပစ်သွင်းလာချိန်တွင်ဆားဘီးယားဂိုးသမားဟာခေါင်းစွပ်ပါအင်္ကျီဝတ်ပရိသတ်ကိုကွင်းမြက်ခင်းတွင်လှဲသိပ်နိုင်ခဲ့ပြီးသူ့ကိုကူညီကြမယ့်ကစားသမားများရောက်လာတဲ့အထိကွင်းမြက်ခင်းတွင်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ယင်းနောက်လုံခြုံရေးများရောက်လာပြီးယင်းပရိသတ်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။
မနေ့ညကပွဲစဉ်တွင်ပီအက်စ်ဗွီဟာလုခ်ဒီဂျောင်နှင့်ဖေဘီယိုဆေးလ်ဗားတို့ရဲ့ဂိုးဖြင့်ဆီဗီလာကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့ဒတ်ချ်ကလပ်ဟာနှစ်ကျော့ပေါင်းရလဒ်၃-၂ဖြင့်ရှုံးနိမ့်ကာယူရိုပါလိဂ်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။
ZawGyi
ကွင်းအတွင်း ဝင်ရောက်ကာ သူ့ကို တိုက်ခိုက်တဲ့ ပရိသတ်ကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဆီဗီလာဂိုးသမား