ကွင်းအတွင်း ဝင်ရောက်လာတဲ့ ပရိသတ်ကို မောင်းထုတ်ပြီးနောက် ပုလင်းနဲ့အထုခံခဲ့ရတဲ့ စပါတာရိုသာဒမ်ဂိုးသမား

သောကြာနေ့တုန်းကဗီတက်စ်ဆီနှင့်စပါတာရိုသာဒမ်တို့ပွဲစဉ်တွင်စပါတာဂိုးသမားကို ပုလင်းဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရပြီးနောက်နာကျင်အချိန်ပိုတွင်ပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။

ဝက်ဖို့ဒ်မှအငှားဖြင့်လာရောက်ကစားနေတဲ့စပါတာရိုသာဒမ်ဂိုးသမားမာဒူကာအိုကိုယီဟာဗီတက်စ်ဆီကို၁-၀ဂိုးဖြင့်အနိုင်ရနေတဲ့ယင်းပွဲရဲ့ပွဲချိန်၆၄မိနစ်မှာလူးဝစ်အိုပင်ဒါရဲ့ပင်နယ်တီကိုကာကွယ်ခဲ့သူလည်းဖြစ်ပါတယ်။

ယင်းပွဲရဲ့နာကျင်အချိန်ပိုမှာအိမ်ရှင်ဗီတက်စ်ဆီပရိသတ်တစ်ဦးဟာကွင်းအတွင်းသို့ရောက်လာခဲ့ပြီး မာဒူအိုကိုယီထံသို့ချဉ်းကပ်ခဲ့ပါတယ်။

အသက်၂၂နှစ်ရှိဂိုးသမားဟာယင်းပရိသတ်ကိုကြိမ်းမောင်းမှုများပြုလုပ်ကာကွင်းအတွင်းမှထွက်ခွာစေခဲ့ပါတယ်။ယင်းပရိသတ်ဟာလည်းအိုကိုယီရဲ့ကြိမ်းမောင်းမှုခံရပြီးနောက်ကွင်းအတွင်းမှပြေးထွက်ခွာသွားပါတယ်။

ယင်းနောက်ချက်ချင်းဆိုသလိုကွင်းအနောက်ဘက်ပွဲကြည့်စင်မှပရိသတ်တစ်ဦးကအိုကိုယီကိုပုလင်းဖြင့်ပစ်ပေါက်ခဲ့ပြီးခေါင်းကိုထိမှန်ခဲ့ပါတယ်။ဒိုင်လူကြီးကလည်းပွဲကိုရပ်ဆိုင်းခဲ့ပါတယ်။

နိုင်ဂျီးရီးယားဂိုးသမားဟာလက်ရွေးစင်အသင်းအတွက်၁၆ပွဲကစားထားသူဖြစ်ပြီးဗီတက်စ်ဆီကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာ ၉ကြိမ်ကာကွယ်မှုပြုလုပ်ခဲ့ပြီးယင်းမှ၆ကြိမ်ကဧရိယာအတွင်းကန်ချက်များဖြစ်ပါတယ်။

ZawGyi

ကြင္းအတြင္း ဝင္ေရာက္လာတဲ့ ပရိသတ္ကို ေမာင္းထုတ္ၿပီးေနာက္ ပုလင္းနဲ႔အထုခံခဲ့ရတဲ့ စပါတာ႐ိုသာဒမ္ဂိုးသမား

ေသာၾကာေန႔တုန္းကဗီတက္စ္ဆီႏွင့္စပါတာ႐ိုသာဒမ္တို႔ပြဲစဥ္တြင္စပါတာဂိုးသမားကို ပုလင္းျဖင့္ပစ္ေပါက္ျခင္းခံခဲ့ရၿပီးေနာက္နာက်င္အခ်ိန္ပိုတြင္ပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။

ဝက္ဖို႔ဒ္မွအငွားျဖင့္လာေရာက္ကစားေနတဲ့စပါတာ႐ိုသာဒမ္ဂိုးသမားမာဒူကာအိုကိုယီဟာဗီတက္စ္ဆီကို၁-၀ဂိုးျဖင့္အႏိုင္ရေနတဲ့ယင္းပြဲရဲ႕ပြဲခ်ိန္၆၄မိနစ္မွာလူးဝစ္အိုပင္ဒါရဲ႕ပင္နယ္တီကိုကာကြယ္ခဲ့သူလည္းျဖစ္ပါတယ္။

ယင္းပြဲရဲ႕နာက်င္အခ်ိန္ပိုမွာအိမ္ရွင္ဗီတက္စ္ဆီပရိသတ္တစ္ဦးဟာကြင္းအတြင္းသို႔ေရာက္လာခဲ့ၿပီး မာဒူအိုကိုယီထံသို႔ခ်ဥ္းကပ္ခဲ့ပါတယ္။

အသက္၂၂ႏွစ္ရွိဂိုးသမားဟာယင္းပရိသတ္ကိုႀကိမ္းေမာင္းမႈမ်ားျပဳလုပ္ကာကြင္းအတြင္းမွထြက္ခြာေစခဲ့ပါတယ္။ယင္းပရိသတ္ဟာလည္းအိုကိုယီရဲ႕ႀကိမ္းေမာင္းမႈခံရၿပီးေနာက္ကြင္းအတြင္းမွေျပးထြက္ခြာသြားပါတယ္။

ယင္းေနာက္ခ်က္ခ်င္းဆိုသလိုကြင္းအေနာက္ဘက္ပြဲၾကည့္စင္မွပရိသတ္တစ္ဦးကအိုကိုယီကိုပုလင္းျဖင့္ပစ္ေပါက္ခဲ့ၿပီးေခါင္းကိုထိမွန္ခဲ့ပါတယ္။ဒိုင္လူႀကီးကလည္းပြဲကိုရပ္ဆိုင္းခဲ့ပါတယ္။

ႏိုင္ဂ်ီးရီးယားဂိုးသမားဟာလက္ေ႐ြးစင္အသင္းအတြက္၁၆ပြဲကစားထားသူျဖစ္ၿပီးဗီတက္စ္ဆီကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာ ၉ႀကိမ္ကာကြယ္မႈျပဳလုပ္ခဲ့ၿပီးယင္းမွ၆ႀကိမ္ကဧရိယာအတြင္းကန္ခ်က္မ်ားျဖစ္ပါတယ္။