ကွင်းအတွင်း WWE နပန်းလုံးမှုကြောင့် အထုတ်ခံခဲ့ရတဲ့ တောရက်စ်နှင့် ဆာဗစ်

ဘာစီလိုနာကအက်သလက်တီကိုအားအနိုင်ရရှိတဲ့ပွဲစဉ်တွင်ဖာရန်တောရက်စ်နှင့်စတီဖန်တောရက်စ်တို့ဟာ WWE နပန်းသတ်မှုကြောင့်အထုတ်ခံခဲ့ကြရပါတယ်။

အဆိုပါပွဲစဉ်နှောင်းပိုင်းတွင်အက်သလက်တီကချေပဂိုးရရှိရေးကြိုးပမ်းနေချိန်မှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာမနေ့ညကပွဲတွင်ပွဲချိန်၂၂မိနစ်မှာအူစမာနီဒမ်ဘီလီရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

အက်သလက်တီကိုဟာယင်းဂိုးကိုတည်ဆောက်နေစဉ်ဂါဗီပြစ်ဒဏ်ကျူးလွန်ခဲ့ပေမဲ့ခွင့်ပြုခဲ့မှုအပေါ် အံ့ဩသင့်ခဲ့ရပါတယ်။

ယင်းနောက်မှာတော့ပွဲရှိန်အမြင့်မားဆုံးရောက်လာချိန်မှာတောရက်စ်နှင့်ဆာဗစ်တို့နပန်းလုံးခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာကွင်းလယ်တစ်ဝက်တွင်နပန်းလုံးရင်လဲကျခဲ့တဲ့အပြင်ပြန်ထချိန်မှာလည်းနပန်းလုံးနေခဲ့ကြတာတွေ့ရပါတယ်။

ယင်းအဖြစ်အပျက်ကြောင့်နှစ်ဦးလုံးအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ဆာဗစ်ဟာစတုတ္ထဒိုင်လူကြီးနှင့်ပြဿနာတက်ခဲ့သလို အက်သလက်တီကိုနည်းပြအဖွဲ့ဝင်တစ်ဦးနှင့်လည်းပြဿနာတက်ခဲ့ပါသေးတယ်။

ZawGyi

ကြင္းအတြင္း WWE နပန္းလုံးမႈေၾကာင့္ အထုတ္ခံခဲ့ရတဲ့ ေတာရက္စ္ႏွင့္ ဆာဗစ္

ဘာစီလိုနာကအက္သလက္တီကိုအားအႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဖာရန္ေတာရက္စ္ႏွင့္စတီဖန္ေတာရက္စ္တို႔ဟာ WWE နပန္းသတ္မႈေၾကာင့္အထုတ္ခံခဲ့ၾကရပါတယ္။

အဆိုပါပြဲစဥ္ေႏွာင္းပိုင္းတြင္အက္သလက္တီကေခ်ပဂိုးရရွိေရးႀကိဳးပမ္းေနခ်ိန္မွာျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာမေန႔ညကပြဲတြင္ပြဲခ်ိန္၂၂မိနစ္မွာအူစမာနီဒမ္ဘီလီရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

အက္သလက္တီကိုဟာယင္းဂိုးကိုတည္ေဆာက္ေနစဥ္ဂါဗီျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမဲ့ခြင့္ျပဳခဲ့မႈအေပၚ အံ့ဩသင့္ခဲ့ရပါတယ္။

ယင္းေနာက္မွာေတာ့ပြဲရွိန္အျမင့္မားဆုံးေရာက္လာခ်ိန္မွာေတာရက္စ္ႏွင့္ဆာဗစ္တို႔နပန္းလုံးခဲ့ၾကတာျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာကြင္းလယ္တစ္ဝက္တြင္နပန္းလုံးရင္လဲက်ခဲ့တဲ့အျပင္ျပန္ထခ်ိန္မွာလည္းနပန္းလုံးေနခဲ့ၾကတာေတြ႕ရပါတယ္။

ယင္းအျဖစ္အပ်က္ေၾကာင့္ႏွစ္ဦးလုံးအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ဆာဗစ္ဟာစတုတၳဒိုင္လူႀကီးႏွင့္ျပႆနာတက္ခဲ့သလို အက္သလက္တီကိုနည္းျပအဖြဲ႕ဝင္တစ္ဦးႏွင့္လည္းျပႆနာတက္ခဲ့ပါေသးတယ္။