ကွင်းအမည်ရောင်းချရေးအတွက် Google နှင့်ဆွေးနွေးနေတဲ့ စပါးစ်

စပါးစ်ဟာကွင်းအမည်စပွန်ဆာပေးရန်အတွက်ပေးရန်အတွက် အမေရိကန်နည်းပညာကုမ္ပဏီ Google နှင့်ဆွေးနွေးနေကြောင်းသိရပါတယ်။

မြောက်လန်ဒန်ကလပ်ဟာလွန်ခဲ့တဲ့သုံးနှစ်ခွဲခန့်တုန်းကယခင်ဝှိုက်ဟိတ်လိန်းကွင်းဟောင်းနေရာတွင်ပင်တော်တင်ဟမ်ဟော့စပါးစ်ကွင်းသစ်ကိုတည်ဆောက်အသုံးပြုနေတာဖြစ်ပါတယ်။

ကွင်းကိုတည်ဆောက်ပြီးစီးပြီးနောက်စပါးစ်ဥက္ကဌလီဗိုင်းကသင့်တော်တဲ့အမှတ်တံဆိပ်၊သင့်တော်တဲ့ငွေကြေးရရှိလာမည်ဆိုပါကကွင်းအမည်ကိုရောင်းချသွားမည်ဖြစ်ကြောင်းလူသိရှင်ကြားပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင်စပါးစ်နှင့် Google အကြားသဘောတူညီမှုမရရှိသေးပေမဲ့ Google Stadium ဆိုပြီးအမည်ပြောင်းလာနိုင်တဲ့အခြေအနေကောင်းမျိုးမှာ ရှိနေပါတယ်။

Google ဟာအားကစားလောကတွင်များစွာ Partnerships ပြုလုပ်ထားတဲ့နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။၎င်းတို့ဟာဖော်မြူလာဝမ်းအသင်းမက္ကလာရင်ကိုစပွန်ဆာပေးထားသလို NBA ၊ MLB တို့ကိုလည်းစပွန်ဆာပေးထားပါတယ်။

စပါးစ်ရဲ့တော်တင်ဟမ်ဟော့စပါးစ်ကွင်းမှာပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ပွဲများအပြင် NFL ပွဲစဉ်များကိုလည်းလက်ခံကျင်းပနေပါတယ်။ပရိသတ်၆၂၈၅၀ ဆန့်ကွင်းကြီးတွင် Rugby League’s Challenge Cup Final၊ နာမည်ကျော်လက်ဝှေ့ပွဲများနှင့်ဂီတရှိုးပွဲများကိုလည်းလက်ခံကျင်းပနေပါတယ်။

ZawGyi

ကြင္းအမည္ေရာင္းခ်ေရးအတြက္ Google ႏွင့္ေဆြးေႏြးေနတဲ့ စပါးစ္

စပါးစ္ဟာကြင္းအမည္စပြန္ဆာေပးရန္အတြက္ေပးရန္အတြက္ အေမရိကန္နည္းပညာကုမၸဏီ Google ႏွင့္ေဆြးေႏြးေနေၾကာင္းသိရပါတယ္။

ေျမာက္လန္ဒန္ကလပ္ဟာလြန္ခဲ့တဲ့သုံးႏွစ္ခြဲခန႔္တုန္းကယခင္ဝႈိက္ဟိတ္လိန္းကြင္းေဟာင္းေနရာတြင္ပင္ေတာ္တင္ဟမ္ေဟာ့စပါးစ္ကြင္းသစ္ကိုတည္ေဆာက္အသုံးျပဳေနတာျဖစ္ပါတယ္။

ကြင္းကိုတည္ေဆာက္ၿပီးစီးၿပီးေနာက္စပါးစ္ဥကၠဌလီဗိုင္းကသင့္ေတာ္တဲ့အမွတ္တံဆိပ္၊သင့္ေတာ္တဲ့ေငြေၾကးရရွိလာမည္ဆိုပါကကြင္းအမည္ကိုေရာင္းခ်သြားမည္ျဖစ္ေၾကာင္းလူသိရွင္ၾကားေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္စပါးစ္ႏွင့္ Google အၾကားသေဘာတူညီမႈမရရွိေသးေပမဲ့ Google Stadium ဆိုၿပီးအမည္ေျပာင္းလာႏိုင္တဲ့အေျခအေနေကာင္းမ်ိဳးမွာ ရွိေနပါတယ္။

Google ဟာအားကစားေလာကတြင္မ်ားစြာ Partnerships ျပဳလုပ္ထားတဲ့နည္းပညာကုမၸဏီတစ္ခုျဖစ္ပါတယ္။၎တို႔ဟာေဖာ္ျမဴလာဝမ္းအသင္းမကၠလာရင္ကိုစပြန္ဆာေပးထားသလို NBA ၊ MLB တို႔ကိုလည္းစပြန္ဆာေပးထားပါတယ္။

စပါးစ္ရဲ႕ေတာ္တင္ဟမ္ေဟာ့စပါးစ္ကြင္းမွာပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ပြဲမ်ားအျပင္ NFL ပြဲစဥ္မ်ားကိုလည္းလက္ခံက်င္းပေနပါတယ္။ပရိသတ္၆၂၈၅၀ ဆန႔္ကြင္းႀကီးတြင္ Rugby League’s Challenge Cup Final၊ နာမည္ေက်ာ္လက္ေဝွ႔ပြဲမ်ားႏွင့္ဂီတရႈိးပြဲမ်ားကိုလည္းလက္ခံက်င္းပေနပါတယ္။