ကွန်တင်နာများဖြင့် တည်ဆောက်ထားတဲ့ ကာတာကမ္ဘာ့ဖလားပွဲများ ကျင်းပခဲ့တဲ့ ယာယီကွင်း Stadium 974 ကို စတင်ဖယ်ရှား

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုကျင်းပနေတုန်းဖြစ်ပါတယ်။ကွာတားဖိုင်နယ်ရောက်အသင်း၈သင်းဝင်ရောက်ယှဉ်ပြိုင်နေတုန်းဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပတဲ့ကွင်း၈ကွင်းမှတစ်ကွင်းကတော့ကမ္ဘာ့ဖလားတာဝန်ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ်များလက်ခံကျင်းပခဲ့တဲ့ Stadium 974 ကိုစတင်ဖြုတ်နေပြီဖြစ်ပါတယ်။ယင်းကွင်းကို ကွန်တင်နာများဖြင့်တည်ဆောက်နေတာဖြစ်ပြီးယာယီကွင်းအဖြစ်အသုံးပြုနိုင်အောင်လုပ်ဆောင်ထားတာဖြစ်ပါတယ်။

ယင်းကွင်းကို ကွန်တင်နာ၉၇၄လုံးတည်ဆောက်ထားမှုကြောင့် Stadium 974 လို့အမည်ပေးထားတာလည်းဖြစ်ပါတယ်။

 

ယင်းကွင်းတွင်ထိုင်ခုံ၄၀၀၀၀ဝန်းကျင်ဆန့်ပြီးအလုပ်သမားများဟာအချိန်မဆိုင်းဘဲကွင်းကိုပြန်လည်ဖြုတ်ဖယ်ရှားမှုပြုလုပ်နေပြီဖြစ်ပါတယ်။

Stadium 974 ကို၂၀၂၁ခုနှစ်၊နိုဝင်ဘာလ၂၀ရက်နေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးပွဲပေါင်း၁၃ပွဲအသုံးပြုခဲ့ပါတယ်။

အာရတ်ဖလားပွဲ၆ပွဲနှင့်ကမ္ဘာ့ဖလားပွဲ၇ပွဲလက်ခံကျင်းပခဲ့ပါတယ်။နောက်ဆုံးလက်ခံကစားခဲ့တဲ့ပွဲမှာတနင်္လာနေ့တုန်းကဘရာဇီးကတောင်ကိုရီးယားကို၄-၁ဂိုးဖြင့်အနိုင်ရတဲ့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ဖြစ်ပါတယ်။

Financial Times ရဲ့ဖော်ပြချက်အရ Stadium 974 မှာကွန်တင်နာ၉၇၄လုံးကိုမိုင်ပေါင်း၈၀၀၀ဝေးကွာရာဥရုဂွေးသို့ယူဆောင်သွားမှာဖြစ်ပါတယ်။

ဥရုဂွေးဟာယင်းကွန်တင်နာများကိုအသုံးပြုပြီးယာယီကွင်းထပ်မံတည်ဆောက်ကာ၂၀၃၀ကမ္ဘာ့ဖလားပွဲလက်ခံကျင်းပသွားပါမယ်။

ဥရုဂွေးဟာကမ္ဘာ့ဖလားပြိုင်ပွဲနှစ်တစ်ရာပြည့်အဖြစ်၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲကိုလက်ခံကျင်းပရန်မျှော်လင့်နေပါတယ်။၎င်းတို့ဟာ၁၉၃၀ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။၎င်းတို့ဟာစွန့်ပစ်ပစ္စည်းကိုပြန်လည်အသုံးပြုကာယာယီကွင်းတည်ဆောက်ရန်လုပ်ဆောင်နေမှုနှင့်အတူကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရေးမဲရရှိရန်မျှော်လင့်နေပါတယ်။

ဥရုဂွေးဟာအာဂျင်တီးနား၊ချီလီ၊ပါရာဂွေးတို့နှင့်အတူပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရန်လျှောက်ထားပါမယ်။၎င်းတို့ဟာစပိန်၊ပေါ်တူဂီနှင့်ယူကရိန်းတို့ရဲ့ပူးပေါင်းအိမ်ရှင်လျှောက်ထားမှုနှင့်အဓိကယှဉ်ပြိုင်လာရဖို့ရှိပါတယ်။

ZawGyi

ကြန္တင္နာမ်ားျဖင့္ တည္ေဆာက္ထားတဲ့ ကာတာကမာၻ႔ဖလားပြဲမ်ား က်င္းပခဲ့တဲ့ ယာယီကြင္း Stadium 974 ကို စတင္ဖယ္ရွား

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုက်င္းပေနတုန္းျဖစ္ပါတယ္။ကြာတားဖိုင္နယ္ေရာက္အသင္း၈သင္းဝင္ေရာက္ယွဥ္ၿပိဳင္ေနတုန္းျဖစ္ပါတယ္။ဒါေပမဲ့ကမာၻ႔ဖလားၿပိဳင္ပြဲလက္ခံက်င္းပတဲ့ကြင္း၈ကြင္းမွတစ္ကြင္းကေတာ့ကမာၻ႔ဖလားတာဝန္ၿပီးဆုံးသြားၿပီျဖစ္ပါတယ္။

ကမာၻ႔ဖလားပြဲစဥ္မ်ားလက္ခံက်င္းပခဲ့တဲ့ Stadium 974 ကိုစတင္ျဖဳတ္ေနၿပီျဖစ္ပါတယ္။ယင္းကြင္းကို ကြန္တင္နာမ်ားျဖင့္တည္ေဆာက္ေနတာျဖစ္ၿပီးယာယီကြင္းအျဖစ္အသုံးျပဳႏိုင္ေအာင္လုပ္ေဆာင္ထားတာျဖစ္ပါတယ္။

ယင္းကြင္းကို ကြန္တင္နာ၉၇၄လုံးတည္ေဆာက္ထားမႈေၾကာင့္ Stadium 974 လို႔အမည္ေပးထားတာလည္းျဖစ္ပါတယ္။

ယင္းကြင္းတြင္ထိုင္ခုံ၄၀၀၀၀ဝန္းက်င္ဆန႔္ၿပီးအလုပ္သမားမ်ားဟာအခ်ိန္မဆိုင္းဘဲကြင္းကိုျပန္လည္ျဖဳတ္ဖယ္ရွားမႈျပဳလုပ္ေနၿပီျဖစ္ပါတယ္။

Stadium 974 ကို၂၀၂၁ခုႏွစ္၊ႏိုဝင္ဘာလ၂၀ရက္ေန႔မွာဖြင့္လွစ္ခဲ့တာျဖစ္ၿပီးပြဲေပါင္း၁၃ပြဲအသုံးျပဳခဲ့ပါတယ္။

အာရတ္ဖလားပြဲ၆ပြဲႏွင့္ကမာၻ႔ဖလားပြဲ၇ပြဲလက္ခံက်င္းပခဲ့ပါတယ္။ေနာက္ဆုံးလက္ခံကစားခဲ့တဲ့ပြဲမွာတနလၤာေန႔တုန္းကဘရာဇီးကေတာင္ကိုရီးယားကို၄-၁ဂိုးျဖင့္အႏိုင္ရတဲ့ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ျဖစ္ပါတယ္။

Financial Times ရဲ႕ေဖာ္ျပခ်က္အရ Stadium 974 မွာကြန္တင္နာ၉၇၄လုံးကိုမိုင္ေပါင္း၈၀၀၀ေဝးကြာရာဥ႐ုေဂြးသို႔ယူေဆာင္သြားမွာျဖစ္ပါတယ္။

ဥ႐ုေဂြးဟာယင္းကြန္တင္နာမ်ားကိုအသုံးျပဳၿပီးယာယီကြင္းထပ္မံတည္ေဆာက္ကာ၂၀၃၀ကမာၻ႔ဖလားပြဲလက္ခံက်င္းပသြားပါမယ္။

ဥ႐ုေဂြးဟာကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္တစ္ရာျပည့္အျဖစ္၂၀၃၀ကမာၻ႔ဖလားၿပိဳင္ပြဲကိုလက္ခံက်င္းပရန္ေမွ်ာ္လင့္ေနပါတယ္။၎တို႔ဟာ၁၉၃၀ ပထမဆုံးကမာၻ႔ဖလားၿပိဳင္ပြဲအိမ္ရွင္အျဖစ္က်င္းပခဲ့တဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။၎တို႔ဟာစြန႔္ပစ္ပစၥည္းကိုျပန္လည္အသုံးျပဳကာယာယီကြင္းတည္ေဆာက္ရန္လုပ္ေဆာင္ေနမႈႏွင့္အတူကမာၻ႔ဖလားအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိေရးမဲရရွိရန္ေမွ်ာ္လင့္ေနပါတယ္။

ဥ႐ုေဂြးဟာအာဂ်င္တီးနား၊ခ်ီလီ၊ပါရာေဂြးတို႔ႏွင့္အတူပူးတြဲအိမ္ရွင္အျဖစ္က်င္းပရန္ေလွ်ာက္ထားပါမယ္။၎တို႔ဟာစပိန္၊ေပၚတူဂီႏွင့္ယူကရိန္းတို႔ရဲ႕ပူးေပါင္းအိမ္ရွင္ေလွ်ာက္ထားမႈႏွင့္အဓိကယွဥ္ၿပိဳင္လာရဖို႔ရွိပါတယ္။