ကွန်တီကို တစ်နှစ်လုပ်ခပေါင် ၁၅ သန်းတန် ၁၈လ စာချုပ်ဖြင့် စပါးစ်ခန့်အပ်

စပါးစ်ဟာအန်တိုနီယိုကွန်တီကိုတစ်နှစ်လုပ်ခပေါင်၁၅သန်းတန်စာချုပ်ဖြင့်နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပါတယ်။ချဲလ်ဆီးနည်းပြဟောင်းဟာမကြာသေးမီတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့နူနိုရဲ့နေရာမှာအစားထိုးခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက်၅၂နှစ်ရှိအီတလီလူမျိုးနည်းပြဟာတနင်္လာနေ့ကတည်းကလန်ဒန်သို့ရောက်နေကာစပါးစ်ဥက္ကဌလီဗိုင်းနှင့်ဆွေးနွေးနေခဲ့တာဖြစ်ပြီးယခုအခါ၁၈လစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။စပါးစ်ဟာကွန်တီရဲ့စာချုပ်တစ်နှစ်ခွဲစာချုပ်အတွင်းမှာနောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

အစောပိုင်းသတင်းများအရအန်တိုနီယိုကွန်တီဟာသူ့စိတ်ကြိုက်ကစားသမားခေါ်ယူရန်ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀အသုံးပြုခွင့်ရရှိထားပြီးလာမယ့်ဇန်နဝါရီမှာကစားသမားသစ်များခေါ်ယူအားဖြည့်မှုပြုလုပ်သွားပါမယ်။

စပါးစ်နည်းပြအဖြစ်ခန့်အပ်ခံရပြီးနောက်ကွန်တီက “နည်းပြလောကသို့ပြန်ဝင်ရလို့အရမ်းပျော်တယ်။ရည်မှန်းချက်ကြီးမားတဲ့ပရီးမီးယားလိဂ်ကလပ်တစ်ခုကိုကိုင်တွယ်ရလို့ဂုဏ်ယူပါတယ်။စပါးစ်မှာအားလုံးကပြည့်စုံပြီးသားပါ။ကမ္ဘာ့အကောင်းဆုံးကွင်းတွေထဲကတစ်ကွင်းကိုလည်းပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။အသင်းကိုအပြောင်းအလဲဖြစ်အောင်လုပ်ဖို့မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ပရိသတ်တွေရဲ့ချစ်မြတ်နိုးမှု၊စိတ်ဓာတ်တွေ၊ဆုံးဖြတ်ချက်တွေကကျွန်တော့်ကိုကစားသမားတစ်ဦးအနေနဲ့ရောနည်းပြတစ်ဦးအနေနဲ့ပါခွဲခြားသိမြင်စေပါတယ်”လို့ပြောကြားသွားပါတယ်။

ကွန်တီဟာပြီးခဲ့တဲ့နှစ်နွေကတည်းကမော်ရင်ဟိုနေရာတွင်အစားထိုးတာဝန်ယူရန်ဆွေးနွေးခဲ့ပေမယ့်တစ်နှစ်လုပ်ခပေါင်၁၅သန်းတောင်းဆိုမှု၊အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၁၀၀တောင်းဆိုမှုတို့ကြောင့်ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

စပါးစ်နည်းပြသစ်ကွန်တီအတွက်စပါးစ်အတွက်ပထမဆုံးလုပ်ရမယ့်အရေးအကြီးဆုံးတာဝန်ကတော့ခြေစွမ်းပျောက်နေတဲ့အသင်းခေါင်းဆောင်ကိန်းကိုခြေစွမ်းပြလာအောင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။စပါးစ်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်မှာသွင်းဂိုး၉ဂိုးတည်းသာရရှိထားပြီးယင်းမှ၄ဂိုးကဆန်ဟောင်မင်ကသွင်းထားကာဟယ်ရီကိန်းကတစ်ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ZawGyi

ကြန္တီကို တစ္ႏွစ္လုပ္ခေပါင္ ၁၅ သန္းတန္ ၁၈လ စာခ်ဳပ္ျဖင့္ စပါးစ္ခန႔္အပ္

စပါးစ္ဟာအန္တိုနီယိုကြန္တီကိုတစ္ႏွစ္လုပ္ခေပါင္၁၅သန္းတန္စာခ်ဳပ္ျဖင့္နည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ပါတယ္။ခ်ဲလ္ဆီးနည္းျပေဟာင္းဟာမၾကာေသးမီတုန္းကထုတ္ပယ္ျခင္းခံခဲ့ရတဲ့ႏူႏိုရဲ႕ေနရာမွာအစားထိုးခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အသက္၅၂ႏွစ္ရွိအီတလီလူမ်ိဳးနည္းျပဟာတနလၤာေန႔ကတည္းကလန္ဒန္သို႔ေရာက္ေနကာစပါးစ္ဥကၠဌလီဗိုင္းႏွင့္ေဆြးေႏြးေနခဲ့တာျဖစ္ၿပီးယခုအခါ၁၈လစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။စပါးစ္ဟာကြန္တီရဲ႕စာခ်ဳပ္တစ္ႏွစ္ခြဲစာခ်ဳပ္အတြင္းမွာေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

အေစာပိုင္းသတင္းမ်ားအရအန္တိုနီယိုကြန္တီဟာသူ႔စိတ္ႀကိဳက္ကစားသမားေခၚယူရန္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀အသုံးျပဳခြင့္ရရွိထားၿပီးလာမယ့္ဇန္နဝါရီမွာကစားသမားသစ္မ်ားေခၚယူအားျဖည့္မႈျပဳလုပ္သြားပါမယ္။

စပါးစ္နည္းျပအျဖစ္ခန႔္အပ္ခံရၿပီးေနာက္ကြန္တီက “နည္းျပေလာကသို႔ျပန္ဝင္ရလို႔အရမ္းေပ်ာ္တယ္။ရည္မွန္းခ်က္ႀကီးမားတဲ့ပရီးမီးယားလိဂ္ကလပ္တစ္ခုကိုကိုင္တြယ္ရလို႔ဂုဏ္ယူပါတယ္။စပါးစ္မွာအားလုံးကျပည့္စုံၿပီးသားပါ။ကမာၻ႔အေကာင္းဆုံးကြင္းေတြထဲကတစ္ကြင္းကိုလည္းပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္။အသင္းကိုအေျပာင္းအလဲျဖစ္ေအာင္လုပ္ဖို႔မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါၿပီ။ပရိသတ္ေတြရဲ႕ခ်စ္ျမတ္ႏိုးမႈ၊စိတ္ဓာတ္ေတြ၊ဆုံးျဖတ္ခ်က္ေတြကကြၽန္ေတာ့္ကိုကစားသမားတစ္ဦးအေနနဲ႔ေရာနည္းျပတစ္ဦးအေနနဲ႔ပါခြဲျခားသိျမင္ေစပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကြန္တီဟာၿပီးခဲ့တဲ့ႏွစ္ေႏြကတည္းကေမာ္ရင္ဟိုေနရာတြင္အစားထိုးတာဝန္ယူရန္ေဆြးေႏြးခဲ့ေပမယ့္တစ္ႏွစ္လုပ္ခေပါင္၁၅သန္းေတာင္းဆိုမႈ၊အေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္သန္း၁၀၀ေတာင္းဆိုမႈတို႔ေၾကာင့္ပ်က္ျပယ္ခဲ့ရတာျဖစ္ပါတယ္။

စပါးစ္နည္းျပသစ္ကြန္တီအတြက္စပါးစ္အတြက္ပထမဆုံးလုပ္ရမယ့္အေရးအႀကီးဆုံးတာဝန္ကေတာ့ေျခစြမ္းေပ်ာက္ေနတဲ့အသင္းေခါင္းေဆာင္ကိန္းကိုေျခစြမ္းျပလာေအာင္လုပ္ေဆာင္ဖို႔ျဖစ္ပါတယ္။စပါးစ္ဟာယခုရာသီတြင္ပရီးမီးယားလိဂ္မွာသြင္းဂိုး၉ဂိုးတည္းသာရရွိထားၿပီးယင္းမွ၄ဂိုးကဆန္ေဟာင္မင္ကသြင္းထားကာဟယ္ရီကိန္းကတစ္ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။