ကွန်တီရောက်လာမှုကြောင့် ဆုဖလားရယူနိုင်တော့မှာဖြစ်လို့ အသင်းပြောင်းရေးကို လုံးဝမေ့လိုက်တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာစပါးစ်နည်းပြသစ်အဖြစ်အန်တိုနီယိုကွန်တီရောက်လာမှုနဲ့အတူစပါးစ်မှထွက်ခွာရေးစီစဉ်ထားမှုအားလုံးကိုဖျက်သိမ်းရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိအင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ကအီတလီလူမျိုးနည်းပြဟာစပါးစ်ကိုဆုဖလားများအတွက်စိန်ခေါ်နိုင်အောင်ဦးဆောင်နိုင်လိမ့်မယ်လို့အပြည့်အဝယုံကြည်နေတာလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာကစားသမားဘဝတစ်လျှောက်တွင်တစ်ကိုယ်တော်ဆုတံဆိပ်များစွာရယူထားနိုင်ခဲ့သော်လည်းဆုဖလားတစ်ကြိမ်မျှရဖူးခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်လည်းသူဟာနွေရာသီတုန်းကစပါးစ်မှထွက်ခွာကာမန်စီးတီးသို့ပြောင်းရန်ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။

အသက်၅၂နှစ်ရှိချဲလ်ဆီးနည်းပြဟောင်းဟာမနေ့တုန်းကစပါးစ်နည်ပြအဖြစ်၁၈လစာချုပ်ဖြင့်ခန့်အပ်ခြင်းခံခဲ့ရပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါဝင်ပါတယ်။စပါးစ်ဟာကွန်တီကိုအပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၁၅၀ပေးမယ်လို့ကတိပြုထားပြီးလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာနွေရာသီတုန်းကအသင်းပြောင်းရေးကြိုးပမ်းမှုရဲ့ရိုက်ခတ်မှုအဖြစ်ယခုရာသီတွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရပြီးပရီးမီးယားလိဂ်တွင်၁ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ကွန်တီဟာချဲလ်ဆီးကိုကိုင်တွယ်စဉ်အတွင်းပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သလိုဂျူဗင်တပ်၊အင်တာမီလန်တို့နှင့်စီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ကြန္တီေရာက္လာမႈေၾကာင့္ ဆုဖလားရယူႏိုင္ေတာ့မွာျဖစ္လို႔ အသင္းေျပာင္းေရးကို လုံးဝေမ့လိုက္တဲ့ ဟယ္ရီကိန္း

ဟယ္ရီကိန္းဟာစပါးစ္နည္းျပသစ္အျဖစ္အန္တိုနီယိုကြန္တီေရာက္လာမႈနဲ႔အတူစပါးစ္မွထြက္ခြာေရးစီစဥ္ထားမႈအားလုံးကိုဖ်က္သိမ္းရန္အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိအဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ကအီတလီလူမ်ိဳးနည္းျပဟာစပါးစ္ကိုဆုဖလားမ်ားအတြက္စိန္ေခၚႏိုင္ေအာင္ဦးေဆာင္ႏိုင္လိမ့္မယ္လို႔အျပည့္အဝယုံၾကည္ေနတာလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာကစားသမားဘဝတစ္ေလွ်ာက္တြင္တစ္ကိုယ္ေတာ္ဆုတံဆိပ္မ်ားစြာရယူထားႏိုင္ခဲ့ေသာ္လည္းဆုဖလားတစ္ႀကိမ္မွ်ရဖူးခဲ့ျခင္းမရွိပါဘူး။ဒါေၾကာင့္လည္းသူဟာေႏြရာသီတုန္းကစပါးစ္မွထြက္ခြာကာမန္စီးတီးသို႔ေျပာင္းရန္ႀကိဳးပမ္းခဲ့တာလည္းျဖစ္ပါတယ္။

အသက္၅၂ႏွစ္ရွိခ်ဲလ္ဆီးနည္းျပေဟာင္းဟာမေန႔တုန္းကစပါးစ္နည္ျပအျဖစ္၁၈လစာခ်ဳပ္ျဖင့္ခန႔္အပ္ျခင္းခံခဲ့ရၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ပါဝင္ပါတယ္။စပါးစ္ဟာကြန္တီကိုအေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္သန္း၁၅၀ေပးမယ္လို႔ကတိျပဳထားၿပီးလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာေႏြရာသီတုန္းကအသင္းေျပာင္းေရးႀကိဳးပမ္းမႈရဲ႕႐ိုက္ခတ္မႈအျဖစ္ယခုရာသီတြင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရၿပီးပရီးမီးယားလိဂ္တြင္၁ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ကြန္တီဟာခ်ဲလ္ဆီးကိုကိုင္တြယ္စဥ္အတြင္းပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့သလိုဂ်ဴဗင္တပ္၊အင္တာမီလန္တို႔ႏွင့္စီးရီးေအဖလားဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။