ကွန်တီရဲ့တိုက်ခိုက်မှုများအပေါ် စိတ်ပျက်ကာ စာချုပ်သစ်မကမ်းလှမ်းတော့တဲ့ စပါးစ်၊ ရာသီအကုန်တွင် ကွန်တီထွက်ရတော့မည်

အန်တိုနီယိုကွန်တီဟာယခုရာသီအကုန်တွင်စပါးစ်မှထွက်ခွာတော့မှာဖြစ်ကြောင်းသိရပါတယ်။

အီတလီလူမျိုးနည်းပြဟာလာမယ့်ဇွန်လတွင်စပါးစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ကွန်တီရဲ့စာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်မဲ့အချက်ကိုစပါးစ်ဘက်ကချုပ်ဆိုထားပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရစပါးစ်ဟာကွန်တီကိုစာချုပ်သက်တမ်းတိုးတော့မှာမဟုတ်တော့ဘဲရာသီအကုန်တွင်ထွက်ခွာခွင့်ပေးသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

စပါးစ်အသင်းတာဝန်ရှိသူများဟာအသက်၅၃နှစ်ရှိကွန်တီရဲ့ အသင်းရဲ့ကစားသမားခေါ်ယူရေးအသုံးစရိတ်နှင့်ပတ်သက်ပြီးဝေဖန်မှုများပြုလုပ်နေမှုအပေါ်စိတ်ပျက်ကာစာချုပ်သက်တမ်းမတိုးဘဲထွက်ခွာခွင့်ပေးလာမှာလည်းဖြစ်ပါတယ်။

ကွန်တီဟာ၂၀၂၁ခုနှစ်၊နိုဝင်ဘာလတုန်းကစပါးစ်နည်းပြအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီးပထမရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ကွန်တီဟာကမ္ဘာ့ဖလားအပြီးတွင်ပရီးမီးယားလိဂ်ပွဲ၄ပွဲမှရမှတ်၄မှတ်တည်းသာရယူပေးထားနိုင်ပါတယ်။၎င်းတို့ဟာအမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေပြီးထိပ်ဆုံးလေးသင်းနှင့်၆မှတ်ကွာဟနေပါတယ်။

ZawGyi

ကြန္တီရဲ႕တိုက္ခိုက္မႈမ်ားအေပၚ စိတ္ပ်က္ကာ စာခ်ဳပ္သစ္မကမ္းလွမ္းေတာ့တဲ့ စပါးစ္၊ ရာသီအကုန္တြင္ ကြန္တီထြက္ရေတာ့မည္

အန္တိုနီယိုကြန္တီဟာယခုရာသီအကုန္တြင္စပါးစ္မွထြက္ခြာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာလာမယ့္ဇြန္လတြင္စပါးစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ကြန္တီရဲ႕စာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးႏိုင္မဲ့အခ်က္ကိုစပါးစ္ဘက္ကခ်ဳပ္ဆိုထားပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရစပါးစ္ဟာကြန္တီကိုစာခ်ဳပ္သက္တမ္းတိုးေတာ့မွာမဟုတ္ေတာ့ဘဲရာသီအကုန္တြင္ထြက္ခြာခြင့္ေပးသြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

စပါးစ္အသင္းတာဝန္ရွိသူမ်ားဟာအသက္၅၃ႏွစ္ရွိကြန္တီရဲ႕ အသင္းရဲ႕ကစားသမားေခၚယူေရးအသုံးစရိတ္ႏွင့္ပတ္သက္ၿပီးေဝဖန္မႈမ်ားျပဳလုပ္ေနမႈအေပၚစိတ္ပ်က္ကာစာခ်ဳပ္သက္တမ္းမတိုးဘဲထြက္ခြာခြင့္ေပးလာမွာလည္းျဖစ္ပါတယ္။

ကြန္တီဟာ၂၀၂၁ခုႏွစ္၊ႏိုဝင္ဘာလတုန္းကစပါးစ္နည္းျပအျဖစ္တာဝန္ယူခဲ့သူျဖစ္ၿပီးပထမရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ကြန္တီဟာကမာၻ႔ဖလားအၿပီးတြင္ပရီးမီးယားလိဂ္ပြဲ၄ပြဲမွရမွတ္၄မွတ္တည္းသာရယူေပးထားႏိုင္ပါတယ္။၎တို႔ဟာအမွတ္ေပးဇယားအဆင့္၅ေနရာမွာရပ္တည္ေနၿပီးထိပ္ဆုံးေလးသင္းႏွင့္၆မွတ္ကြာဟေနပါတယ္။