ကွန်တီရဲ့နေရာတွင် အင်ဇာဂီနှင့် အစားထိုးခန့်အပ်လိုက်တဲ့ အင်တာမီလန်

အင်တာမီလန်ဟာရာထူးမှနုတ်ထွက်သွားတဲ့အန်တိုနီယိုကွန်တီရဲ့နေရာတွင်လာဇီယိုနည်းပြဟောင်းဆိုင်မွန်အင်ဇာဂီနှင့်အစားထိုးခန့်အပ်လိုက်ပါတယ်။

အန်တိုနီယိုကွန်တီဟာအင်တာမီလန်ကို၂၀၁၀ခုနှစ်နောက်ပိုင်းပထမဆုံးစကူဒက်တိုဖလားဆွတ်ခူးပေးပြီးနောက်အသင်းဥက္ကဌနှင့်အဆင်မပြေဖြစ်ကာရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။

ယခုအခါအင်တာမီလန်ဟာလာဇီယိုကို၄ရာသီကြာကိုင်တွယ်လာခဲ့တဲ့ဆိုင်မွန်အင်ဇာဂီအား၂နှစ်စာချုပ်ဖြင့်အစားထိုးခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

အင်ဇာဂီဟာလာဇီယိုကိုကိုင်တွယ်တဲ့လေးရာသီအတွင်းမှာဆုဖလားသုံးလုံးဆွတ်ခူးပေးခဲ့သူလည်းဖြစ်ပါတယ်။သူဟာကိုပါအီတာလီယာဖလား၁ကြိမ်နှင့်စူပါကိုပါအီတာလီယာဖလား၂ကြိမ်ဆွတ်ခူးပေးခဲ့တာဖြစ်ပါတယ်။

သူဟာလာဇီယိုအသင်းကို၂၀၀၁ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့ပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကွန်တီကဲ့သို့ပင်၃-၅-၂ကစားကွက်ကိုပင်ဦးစားပေးအသုံးပြုလေ့ရှိရာအင်တာမီလန်ကစားသမားများအနေဖြင့်နည်းဗျူဟာပိုင်းကြီးမားတဲ့အပြောင်းအလဲနှင့်ကြုံရမှာမဟုတ်ပါဘူး။

ZawGyi

ကြန္တီရဲ႕ေနရာတြင္ အင္ဇာဂီႏွင့္ အစားထိုးခန႔္အပ္လိုက္တဲ့ အင္တာမီလန္

အင္တာမီလန္ဟာရာထူးမွႏုတ္ထြက္သြားတဲ့အန္တိုနီယိုကြန္တီရဲ႕ေနရာတြင္လာဇီယိုနည္းျပေဟာင္းဆိုင္မြန္အင္ဇာဂီႏွင့္အစားထိုးခန႔္အပ္လိုက္ပါတယ္။

အန္တိုနီယိုကြန္တီဟာအင္တာမီလန္ကို၂၀၁၀ခုႏွစ္ေနာက္ပိုင္းပထမဆုံးစကူဒက္တိုဖလားဆြတ္ခူးေပးၿပီးေနာက္အသင္းဥကၠဌႏွင့္အဆင္မေျပျဖစ္ကာရာထူးမွႏုတ္ထြက္သြားခဲ့ပါတယ္။

ယခုအခါအင္တာမီလန္ဟာလာဇီယိုကို၄ရာသီၾကာကိုင္တြယ္လာခဲ့တဲ့ဆိုင္မြန္အင္ဇာဂီအား၂ႏွစ္စာခ်ဳပ္ျဖင့္အစားထိုးခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။

အင္ဇာဂီဟာလာဇီယိုကိုကိုင္တြယ္တဲ့ေလးရာသီအတြင္းမွာဆုဖလားသုံးလုံးဆြတ္ခူးေပးခဲ့သူလည္းျဖစ္ပါတယ္။သူဟာကိုပါအီတာလီယာဖလား၁ႀကိမ္ႏွင့္စူပါကိုပါအီတာလီယာဖလား၂ႀကိမ္ဆြတ္ခူးေပးခဲ့တာျဖစ္ပါတယ္။

သူဟာလာဇီယိုအသင္းကို၂၀၀၁ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔ပို႔ေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကြန္တီကဲ့သို႔ပင္၃-၅-၂ကစားကြက္ကိုပင္ဦးစားေပးအသုံးျပဳေလ့ရွိရာအင္တာမီလန္ကစားသမားမ်ားအေနျဖင့္နည္းဗ်ဴဟာပိုင္းႀကီးမားတဲ့အေျပာင္းအလဲႏွင့္ႀကဳံရမွာမဟုတ္ပါဘူး။