ကွန်တီရဲ့လေ့ကျင့်ခန်းအစီအစဉ်ကြောင့် ခြေကုန်လက်ပန်းကျခဲ့ကြတဲ့ စပါးစ်ကစားသမားများ

စပါးစ်ကစားသမားများဟာတောင်ကိုရီးယားသို့ရောက်နေစဉ်အတွင်းနည်းပြအန်တိုနီယိုကွန်တီရဲ့လေ့ကျင့်ခန်းအစီအစဉ်များကြောင့်ခြေကုန်လက်ပန်းကျခဲ့ကြရပါတယ်။

အန်တိုနီယိုကွန်တီဟာကစားသမားများကိုအညှာအတာကင်းမဲ့စွာလေ့ကျင့်ပေးတတ်သူအဖြစ်နာမည်ကြီးသူလည်းဖြစ်ပါတယ်။

သူဟာတောင်ကိုရီးယားသို့ရောက်နေစဉ်အတွင်ကစားသမားများကိုSeoul World Cup Stadiumတွင်ကစားသမားများကိုလေ့ကျင့်ခန်းလုပ်ခိုင်းခဲ့ပါတယ်။

ကွန်တီဟာကစားသမားများကိုနှစ်နာရီကြာလေ့ကျင့်ခန်းအစီအစဉ်များပြုလုပ်ပေးပြီးတဲ့နောက်ကွင်းပြည့်ပြေးလွှားစေခဲ့ပါတယ်။

စပါးစ်ကစားသမားများဟာအန်တိုနီယိုကွန်တီရဲ့ကြံ့ခိုင်မှုအခြေအနေစမ်းသပ်မှုကြောင့်ကွင်းမြက်ခင်းမှာခြေပစ်လက်ပစ်လှဲချရတဲ့အထိပင်ပန်းခဲ့ကြပါတယ်။

စပါးစ်ရဲ့ကမ္ဘာ့အဆင့်ကစားသမားများဖြစ်ကြတဲ့ဟယ်ရီကိန်းနဲ့ဆန်ဟောင်မင်တို့ဟာလည်းကွန်တီရဲ့ဒဏ်ခံခဲ့ရပါတယ်။

အဆိုပါလေ့ကျင့်ခန်းအစီအစဉ်သို့တောင်ကိုရီးယားရှိပရိသတ်၆၀၀၀ဝင်ကြည့်ခွင့်ပေးခဲ့ပါတယ်။

ZawGyi







