ကွန်တီရဲ့လေ့ကျင့်ရေးကွင်းစည်းမျဉ်းကို အတုယူကာ ဗီလာတွင် စည်းမျဉ်းသစ်သုံးနေတဲ့ စတီဗင်ဂျရတ်

စတီဗင်ဂျရတ်ကဗီလာသို့ရောက်လာပြီးနောက်အန်တိုနီယိုကွန်တီရဲ့လေ့ကျင့်ရေးကွင်းစည်းမျဉ်းကိုအတုယူကာဗီလာလေ့ကျင့်ရေးကွင်းရှိ ကင်တိန်းတွင်ဆော့အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

လီဗာပူးဂန္ထဝင်ကစားသမားဟာယခုနှစ်အစောပိုင်းတုန်းကရိန်းဂျားကိုစကော့တလန်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့သူဖြစ်ပြီးယခုလအစောပိုင်းတုန်းကဗီလာနည်းပြသစ်အဖြစ်၂နှစ်ခွဲစာချုပ်ဖြင့်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဂျရတ်ဟာယခုအပတ်အစောပိုင်းတုန်းကကလပ်ရဲ့Bodymoor Health လေ့ကျင့်ရေးကွင်းတွင်ကစားသမားများကိုစတင်လေ့ကျင့်မှုစတင်ပြုလုပ်ခဲ့ပါတယ်။

အသက်၄၁နှစ်ရှိဂျရတ်ဟာသူ့ရဲ့ရိန်းဂျားလက်ထောက်များဖြစ်ကြတဲ့ဂယ်ရီမက်အေလစ်စတာနှင့်မိုက်ကယ်ဘီယာလီတို့ကိုပါဗီလာသို့တပါတည်းခေါ်ဆောင်လာခဲ့ပါတယ်။

ဂျရတ်ဟာနည်းပြအများစုကဲ့သို့ ဗီလာနည်းပြဖြစ်လာပြီးနောက်အသင်းရဲ့လေ့ကျင့်ရေးကွင်းတွင်ပိတ်ပင်မှုအချို့ပြုလုပ်သလိုစည်းကမ်းတင်းကြပ်မှုတစ်ချို့ပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာနည်းပြသစ်ဇာဗီးဟာဘာစီလိုနာနည်းပြဖြစ်လာပြီးနောက်ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များလိုက်နာရမယ့်စည်းကမ်း၁၀ချက်ထုတ်ခဲ့ပါတယ်။

ဂျရတ်က “ဆော့သုံးခွင့်ပိတ်ထားပါတယ်။ကျွန်တော်မမြင်ရခင်မှာကတည်းကပိတ်ထားပါတယ်။ကစားသမားတွေဟာမှန်ကန်တဲ့စိတ်ဓာတ်ပိုင်းနဲ့ရှိနေကြပါတယ်။သူတို့အနေနဲ့ဂုဏ်သိက္ခာရှိရှိနေဖို့ကြိုးပမ်းရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

စပါးစ်နည်းပြအန်တိုနီယိုကွန်တီဟာချဲလ်ဆီးကိုပရီးမီးယားလိဂ်ဖလားနှင့်အက်ဖ်အေဖလားတို့ဆွတ်ခူးပေးစဉ်တုန်းကချဲလ်ဆီးသို့ရောက်လာပြီးနောက် ဆော့စားသုံးခွင့်ပိတ်ပင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာစပါးစ်သို့ရောက်လာချိန်တွင်လည်းကင်တိန်းတွင်အာလူးကြော်နှင့်မီယောနစ်စားသုံးခွင့်ပိတ်ပင်ထားပါတယ်။

ZawGyi

ကြန္တီရဲ႕ေလ့က်င့္ေရးကြင္းစည္းမ်ဥ္းကို အတုယူကာ ဗီလာတြင္ စည္းမ်ဥ္းသစ္သုံးေနတဲ့ စတီဗင္ဂ်ရတ္

စတီဗင္ဂ်ရတ္ကဗီလာသို႔ေရာက္လာၿပီးေနာက္အန္တိုနီယိုကြန္တီရဲ႕ေလ့က်င့္ေရးကြင္းစည္းမ်ဥ္းကိုအတုယူကာဗီလာေလ့က်င့္ေရးကြင္းရွိ ကင္တိန္းတြင္ေဆာ့အသုံးျပဳခြင့္ပိတ္ပင္လိုက္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

လီဗာပူးဂႏၴဝင္ကစားသမားဟာယခုႏွစ္အေစာပိုင္းတုန္းကရိန္းဂ်ားကိုစေကာ့တလန္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့သူျဖစ္ၿပီးယခုလအေစာပိုင္းတုန္းကဗီလာနည္းျပသစ္အျဖစ္၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

ဂ်ရတ္ဟာယခုအပတ္အေစာပိုင္းတုန္းကကလပ္ရဲ႕Bodymoor Health ေလ့က်င့္ေရးကြင္းတြင္ကစားသမားမ်ားကိုစတင္ေလ့က်င့္မႈစတင္ျပဳလုပ္ခဲ့ပါတယ္။

အသက္၄၁ႏွစ္ရွိဂ်ရတ္ဟာသူ႔ရဲ႕ရိန္းဂ်ားလက္ေထာက္မ်ားျဖစ္ၾကတဲ့ဂယ္ရီမက္ေအလစ္စတာႏွင့္မိုက္ကယ္ဘီယာလီတို႔ကိုပါဗီလာသို႔တပါတည္းေခၚေဆာင္လာခဲ့ပါတယ္။

ဂ်ရတ္ဟာနည္းျပအမ်ားစုကဲ့သို႔ ဗီလာနည္းျပျဖစ္လာၿပီးေနာက္အသင္းရဲ႕ေလ့က်င့္ေရးကြင္းတြင္ပိတ္ပင္မႈအခ်ိဳ႕ျပဳလုပ္သလိုစည္းကမ္းတင္းၾကပ္မႈတစ္ခ်ိဳ႕ျပဳလုပ္ခဲ့ပါတယ္။

ဘာစီလိုနာနည္းျပသစ္ဇာဗီးဟာဘာစီလိုနာနည္းျပျဖစ္လာၿပီးေနာက္ကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားလိုက္နာရမယ့္စည္းကမ္း၁၀ခ်က္ထုတ္ခဲ့ပါတယ္။

ဂ်ရတ္က “ေဆာ့သုံးခြင့္ပိတ္ထားပါတယ္။ကြၽန္ေတာ္မျမင္ရခင္မွာကတည္းကပိတ္ထားပါတယ္။ကစားသမားေတြဟာမွန္ကန္တဲ့စိတ္ဓာတ္ပိုင္းနဲ႔ရွိေနၾကပါတယ္။သူတို႔အေနနဲ႔ဂုဏ္သိကၡာရွိရွိေနဖို႔ႀကိဳးပမ္းရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

စပါးစ္နည္းျပအန္တိုနီယိုကြန္တီဟာခ်ဲလ္ဆီးကိုပရီးမီးယားလိဂ္ဖလားႏွင့္အက္ဖ္ေအဖလားတို႔ဆြတ္ခူးေပးစဥ္တုန္းကခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ ေဆာ့စားသုံးခြင့္ပိတ္ပင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာစပါးစ္သို႔ေရာက္လာခ်ိန္တြင္လည္းကင္တိန္းတြင္အာလူးေၾကာ္ႏွင့္မီေယာနစ္စားသုံးခြင့္ပိတ္ပင္ထားပါတယ္။