ကွန်တီအား ခန့်အပ်ရေးအပေါ် မန်ယူဘုတ်အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုဖြစ်

မန်ချက်စတာယူနိုက်တက်အကြီးအကဲများဟာအိုလီဂန်းနားဆိုးလ်ရှားနေရာတွင်အန်တိုနီယိုကွန်တီနှင့်အစားထိုးခြင်း၊အခြားလျာထားနည်းပြကိုခန့်အပ်ရေးနှင့်ပတ်သက်ပြီးသဘောထားကွဲမှုများဖြစ်နေကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာအိုးထရက်ဖို့ဒ်ကွင်းတွင်လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။မန်ယူဘုတ်အဖွဲ့ဝင်များဟာဆိုးလ်ရှားကိုလာမယ့်စပါးစ်နှင့်ပွဲအထိအခွင့်အရေးပေးထားပြီးယင်းပွဲတွင်ဆက်ရှုံးပါကထုတ်ပယ်ဖို့ရှိပါတယ်။

အီတလီလူမျိုးနည်းပြကွန်တီဟာမန်ယူနည်းပြရာထူးအတွက်ဇီဒန်း၊ဘရန်ဒန်ရော်ဂျာ၊အဲရစ်တင်ဟက်တို့နှင့်ထိပ်ဆုံးမှရေပန်းစားနေသူဖြစ်ပါတယ်။

မန်ယူဘုတ်အဖွဲ့တို့ကကွန်တီကိုခန့်အပ်လိုသော်လည်းဘုတ်အဖွဲ့ဝင်အချို့တို့ကကွန်တီရဲ့တိုက်စစ်အသားပေးမကစားဘဲစုဖွဲ့ကစားမှုဦးစားပေးမှုအပေါ်မနှစ်သက်ကြပါဘူး။ဒါ့အပြင်ကွန်တီမှာမည်သည့်ကလပ်ကိုမျှကာလရှည်မပြခဲ့ပေမယ့်ထွက်ခွာလေ့ရှိရာသူ့ကိုခန့်အပ်မှုမှာကာလတိုဖြေရှင်းနည်းလို့ဘုတ်အဖွဲ့ဝင်အချို့ကယုံကြည်နေပါတယ်။

တစ်ဖက်တွင်မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်အပါအဝင်ဘုတ်အဖွဲ့ဝင်အချို့တို့ကစပါးစ်နည်းပြဟောင်းမော်ရီစီယိုပိုချက်တီနိုကိုနံပါတ်တစ်ဦးစားပေးအဖြစ်နှစ်သက်လျက်ရှိပါတယ်။

ZawGyi

ကြန္တီအား ခန႔္အပ္ေရးအေပၚ မန္ယူဘုတ္အဖြဲ႕ဝင္မ်ားအၾကား သေဘာထားကြဲလြဲမႈျဖစ္

မန္ခ်က္စတာယူႏိုက္တက္အႀကီးအကဲမ်ားဟာအိုလီဂန္းနားဆိုးလ္ရွားေနရာတြင္အန္တိုနီယိုကြန္တီႏွင့္အစားထိုးျခင္း၊အျခားလ်ာထားနည္းျပကိုခန႔္အပ္ေရးႏွင့္ပတ္သက္ၿပီးသေဘာထားကြဲမႈမ်ားျဖစ္ေနေၾကာင္းသိရပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာအိုးထရက္ဖို႔ဒ္ကြင္းတြင္လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။မန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာဆိုးလ္ရွားကိုလာမယ့္စပါးစ္ႏွင့္ပြဲအထိအခြင့္အေရးေပးထားၿပီးယင္းပြဲတြင္ဆက္ရႈံးပါကထုတ္ပယ္ဖို႔ရွိပါတယ္။

အီတလီလူမ်ိဳးနည္းျပကြန္တီဟာမန္ယူနည္းျပရာထူးအတြက္ဇီဒန္း၊ဘရန္ဒန္ေရာ္ဂ်ာ၊အဲရစ္တင္ဟက္တို႔ႏွင့္ထိပ္ဆုံးမွေရပန္းစားေနသူျဖစ္ပါတယ္။

မန္ယူဘုတ္အဖြဲ႕တို႔ကကြန္တီကိုခန႔္အပ္လိုေသာ္လည္းဘုတ္အဖြဲ႕ဝင္အခ်ိဳ႕တို႔ကကြန္တီရဲ႕တိုက္စစ္အသားေပးမကစားဘဲစုဖြဲ႕ကစားမႈဦးစားေပးမႈအေပၚမႏွစ္သက္ၾကပါဘူး။ဒါ့အျပင္ကြန္တီမွာမည္သည့္ကလပ္ကိုမွ်ကာလရွည္မျပခဲ့ေပမယ့္ထြက္ခြာေလ့ရွိရာသူ႔ကိုခန႔္အပ္မႈမွာကာလတိုေျဖရွင္းနည္းလို႔ဘုတ္အဖြဲ႕ဝင္အခ်ိဳ႕ကယုံၾကည္ေနပါတယ္။

တစ္ဖက္တြင္မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္အပါအဝင္ဘုတ္အဖြဲ႕ဝင္အခ်ိဳ႕တို႔ကစပါးစ္နည္းျပေဟာင္းေမာ္ရီစီယိုပိုခ်က္တီႏိုကိုနံပါတ္တစ္ဦးစားေပးအျဖစ္ႏွစ္သက္လ်က္ရွိပါတယ္။