ကွန်မြူနတီဒိုင်းပွဲစဉ်ကို ကိုးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခမဲ့ထုတ်လွှင့်ပေးသွားမည်

မန်စီးတီးနှင့်လက်စတာတို့ရင်ဆိုင်ကစားကြမယ့်ကွန်မြူနတီဒိုင်းဖလားပွဲစဉ်ကို ကိုးနှစ်အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ရုပ်သံမှအခမဲ့ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးနှင့်အက်ဖ်အေဖလားချန်ပီယံလက်စတာတို့ဟာလာမယ့်ဩဂုတ်လ၇ရက်နေ့မှာဝင်ဘာလေကွင်းမှာကွန်မြူနတီဒိုင်းဖလားပွဲစဉ်ရင်ဆိုင်ကစားကြရပါမယ်။

အဆိုပါအသင်းနှစ်သင်းတို့ဟာ၂၀၂၁-၂၂ဘောလုံးရာသီမစတင်မီတစ်ပတ်အလိုတွင်ရင်ဆိုင်ကစားကြပါမယ်။

BT Sport က၂၀၁၃ခုနှစ်ကတည်းကကွန်မြူနတီဒိုင်းဖလားပွဲစဉ်ကိုထုတ်လွှင့်လာခဲ့ခြင်းဖြစ်ပေမယ့်လွန်ခဲ့တဲ့၂နှစ်မှစတင်ကာအက်ဖ်အေဖလားပွဲစဉ်များကိုပါထုတ်လွှင့်ခွင့်မရယူခဲ့ပါဘူး။

ITV ဟာBT Sport မတိုင်မီကွန်မြူနတီဒိုင်းပွဲကိုထုတ်လွှင့်လာခဲ့တာဖြစ်ပြီးယခုအခါထုတ်လွှင့်မှုပြန်လည်ရယူလာခဲ့ပါတယ်။၎င်းတို့ဟာကိုးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ထုတ်လွှင့်ခွင့်ရယူလာမှုနဲ့အတူကွန်မြူနတီဒိုင်းပွဲကိုအခမဲ့ထုတ်လွှင့်မှုပြုလုပ်သွားပါမယ်။

ဂွါဒီယိုလာဟာကွန်မြူနတီဒိုင်းကို၂၀၁၈နှင့်၂၀၁၉ခုနှစ်တို့တွင်ဆွတ်ခူးခဲ့ဖူးပါတယ်။လက်စတာကတော့၁၉၇၁ခုနှစ်နောက်ပိုင်းမှာကွန်မြူနတီဒိုင်းဖလားဆွတ်ခူးခဲ့ဖူးခြင်းမရှိပါဘူး။

လက်စတာဟာနောက်ဆုံးအကြိမ်ကွန်မြူနတီဒိုင်းတွင်ပါဝင်မှုအဖြစ်၂၀၁၆ခုနှစ်တုန်းကပါဝင်ခဲ့ဖူးပြီးမန်ယူကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ထိုစဉ်ကမန်ယူအတွက်ဂိုးများကိုဇလာတန်အီဘရာဟီမိုဗစ်နှင့်ဂျက်စီလင်ဂတ်တို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

ကြန္ျမဴနတီဒိုင္းပြဲစဥ္ကို ကိုးႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ အခမဲ့ထုတ္လႊင့္ေပးသြားမည္

မန္စီးတီးႏွင့္လက္စတာတို႔ရင္ဆိုင္ကစားၾကမယ့္ကြန္ျမဴနတီဒိုင္းဖလားပြဲစဥ္ကို ကိုးႏွစ္အတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္႐ုပ္သံမွအခမဲ့ထုတ္လႊင့္ေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးႏွင့္အက္ဖ္ေအဖလားခ်န္ပီယံလက္စတာတို႔ဟာလာမယ့္ဩဂုတ္လ၇ရက္ေန႔မွာဝင္ဘာေလကြင္းမွာကြန္ျမဴနတီဒိုင္းဖလားပြဲစဥ္ရင္ဆိုင္ကစားၾကရပါမယ္။

အဆိုပါအသင္းႏွစ္သင္းတို႔ဟာ၂၀၂၁-၂၂ေဘာလုံးရာသီမစတင္မီတစ္ပတ္အလိုတြင္ရင္ဆိုင္ကစားၾကပါမယ္။

BT Sport က၂၀၁၃ခုႏွစ္ကတည္းကကြန္ျမဴနတီဒိုင္းဖလားပြဲစဥ္ကိုထုတ္လႊင့္လာခဲ့ျခင္းျဖစ္ေပမယ့္လြန္ခဲ့တဲ့၂ႏွစ္မွစတင္ကာအက္ဖ္ေအဖလားပြဲစဥ္မ်ားကိုပါထုတ္လႊင့္ခြင့္မရယူခဲ့ပါဘူး။

ITV ဟာBT Sport မတိုင္မီကြန္ျမဴနတီဒိုင္းပြဲကိုထုတ္လႊင့္လာခဲ့တာျဖစ္ၿပီးယခုအခါထုတ္လႊင့္မႈျပန္လည္ရယူလာခဲ့ပါတယ္။၎တို႔ဟာကိုးႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ထုတ္လႊင့္ခြင့္ရယူလာမႈနဲ႔အတူကြန္ျမဴနတီဒိုင္းပြဲကိုအခမဲ့ထုတ္လႊင့္မႈျပဳလုပ္သြားပါမယ္။

ဂြါဒီယိုလာဟာကြန္ျမဴနတီဒိုင္းကို၂၀၁၈ႏွင့္၂၀၁၉ခုႏွစ္တို႔တြင္ဆြတ္ခူးခဲ့ဖူးပါတယ္။လက္စတာကေတာ့၁၉၇၁ခုႏွစ္ေနာက္ပိုင္းမွာကြန္ျမဴနတီဒိုင္းဖလားဆြတ္ခူးခဲ့ဖူးျခင္းမရွိပါဘူး။

လက္စတာဟာေနာက္ဆုံးအႀကိမ္ကြန္ျမဴနတီဒိုင္းတြင္ပါဝင္မႈအျဖစ္၂၀၁၆ခုႏွစ္တုန္းကပါဝင္ခဲ့ဖူးၿပီးမန္ယူကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ထိုစဥ္ကမန္ယူအတြက္ဂိုးမ်ားကိုဇလာတန္အီဘရာဟီမိုဗစ္ႏွင့္ဂ်က္စီလင္ဂတ္တို႔ကသြင္းယူခဲ့ၾကပါတယ္။