ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဒုက္ကဌကို ဂုဏ်ပြုတဲ့အနေဖြင့် အင်္ကျီမ အောင်ပွဲခံမှုအတွက် ဗီလာရီးရဲလ်စတားဘေနာအထုတ်ခံရ

ဗီလာရီးရဲလ်စတားအဲလက်စ်ဘေနာဟာကွယ်လွန်သွားရှာပြီဖြစ်တဲ့ကလပ်ရဲ့ဒုဥက္ကဌဟိုဆေးမန်နူရယ်လာနီဇာကိုဂုဏ်ပြုတဲ့အနေဖြင့်အင်္ကျီကိုမပြီးအောင်ပွဲခံမှုအတွက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဗီလာရီးရဲလ်ဒုဥက္ကဌလာနီဇာဟာဗီလာရီးရဲလ်အသင်းတွင်ဆယ်စုနှစ်သုံးခုကြာနောက်ကွယ်မှကူညီထောက်ပံ့လာပြီးနောက်ပြီးခဲ့တဲ့အပတ်အစောပိုင်းတုန်းက သွေးကင်ဆာရောဂါကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။

ဗီလာရီးရဲလ်ဟာတနင်္ဂနွေနေ့ညတုန်းကအယ်မာရီယာနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ဗီလာရီးရဲလ်ဟာနောက်ကလိုက်ကစားခဲ့ရပေမဲ့လည်းဒုတိယပိုင်းမှာ ဘေနာရဲ့ဂိုးဖြင့်ချေပဂိုးရခဲ့ပါတယ်။

ဘေနာဟာယင်းအချိန်တွင်အဝါကတ်တစ်ကြိမ်ပြသခံထားရပြီးဖြစ်ပါတယ်။သူဟာဂိုးသွင်းယူပြီးနောက် လာနီဇာကိုကျေးဇူးတင်တဲ့စာသားရေးသားထားတဲ့အတွင်းအင်္ကျီကိုပြသပြီးအောင်ပွဲခံခဲ့ပါတယ်။

ဒါပေမဲ့သူဟာယင်းလုပ်ရပ်အတွက်ဒုတိယအဝါကတ်ပြသခံရကာအနီကတ်ဖြင့်အထုတ်ခံခဲ့ရပါတယ်။

မိနစ်အနည်းငယ်အကြာတွင်အရန်ခုံတွင်ထိုင်နေတဲ့မာနူးမော်လိန်းမှာလည်းအနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ဗီလာရီးရဲလ်ဟာ၁၀ဦးတည်းဖြင့်ကစားခဲ့ရပေမဲ့လည်း အချိန်ပိုတွင်နီကိုလပ်စ်ဂျက်ဆင်ကဂိုးသွင်းယူလာမှုကြောင့်၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ ဒုကၠဌကို ဂုဏ္ျပဳတဲ့အေနျဖင့္ အက်ႌမ ေအာင္ပြဲခံမႈအတြက္ ဗီလာရီးရဲလ္စတားေဘနာအထုတ္ခံရ

ဗီလာရီးရဲလ္စတားအဲလက္စ္ေဘနာဟာကြယ္လြန္သြားရွာၿပီျဖစ္တဲ့ကလပ္ရဲ႕ဒုဥကၠဌဟိုေဆးမန္ႏူရယ္လာနီဇာကိုဂုဏ္ျပဳတဲ့အေနျဖင့္အက်ႌကိုမၿပီးေအာင္ပြဲခံမႈအတြက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဗီလာရီးရဲလ္ဒုဥကၠဌလာနီဇာဟာဗီလာရီးရဲလ္အသင္းတြင္ဆယ္စုႏွစ္သုံးခုၾကာေနာက္ကြယ္မွကူညီေထာက္ပံ့လာၿပီးေနာက္ၿပီးခဲ့တဲ့အပတ္အေစာပိုင္းတုန္းက ေသြးကင္ဆာေရာဂါေၾကာင့္ကြယ္လြန္သြားခဲ့ပါတယ္။

ဗီလာရီးရဲလ္ဟာတနဂၤေႏြေန႔ညတုန္းကအယ္မာရီယာႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။ဗီလာရီးရဲလ္ဟာေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္းဒုတိယပိုင္းမွာ ေဘနာရဲ႕ဂိုးျဖင့္ေခ်ပဂိုးရခဲ့ပါတယ္။

ေဘနာဟာယင္းအခ်ိန္တြင္အဝါကတ္တစ္ႀကိမ္ျပသခံထားရၿပီးျဖစ္ပါတယ္။သူဟာဂိုးသြင္းယူၿပီးေနာက္ လာနီဇာကိုေက်းဇူးတင္တဲ့စာသားေရးသားထားတဲ့အတြင္းအက်ႌကိုျပသၿပီးေအာင္ပြဲခံခဲ့ပါတယ္။

ဒါေပမဲ့သူဟာယင္းလုပ္ရပ္အတြက္ဒုတိယအဝါကတ္ျပသခံရကာအနီကတ္ျဖင့္အထုတ္ခံခဲ့ရပါတယ္။

မိနစ္အနည္းငယ္အၾကာတြင္အရန္ခုံတြင္ထိုင္ေနတဲ့မာႏူးေမာ္လိန္းမွာလည္းအနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။

ဗီလာရီးရဲလ္ဟာ၁၀ဦးတည္းျဖင့္ကစားခဲ့ရေပမဲ့လည္း အခ်ိန္ပိုတြင္နီကိုလပ္စ္ဂ်က္ဆင္ကဂိုးသြင္းယူလာမႈေၾကာင့္၂-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။