ကွာရန်တင်းဝင်နေရတဲ့ မန်စီးတီးဂိုးသမား အီဒါဆင် ချဲလ်ဆီးပွဲကို လွဲချော်မည်

မန်စီးတီးဂိုးသမားအီဒါဆင်ကယခုအပတ်အစောပိုင်းတုန်းကကလပ်အတွင်းတွင်ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့ ကူးစက်မှုဖြစ်ပြီးနောက်ကွာရန်တင်းဝင်နေရကြောင်းအတည်ပြုလာပါတယ်။

မန်စီးတီးအသင်းတွင်ကိုဗစ်ကူးစက်ခံရသူ၅ဦးအထိတွေ့ရှိပြီးနောက်ယခုအပတ်အစောပိုင်းတုန်းကအဲဗာတန်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုရွှေ့ဆိုင်းခဲ့ရပါတယ်။

ယခုအခါ ဘရာဇီးလက်ရွေးစင်ဂိုးသမားက၎င်းမှာသီးသန့်နေထိုင်နေရကြောင်းပြောကြားလာရာတနင်္ဂနွေနေ့တွင် ချဲလ်ဆီးနှင့်ကစားရမယ့်ပွဲစဉ်အားလွဲချော်ဖို့သေချာနေပြီဖြစ်ပါတယ်။

သူဟာလာမယ်အပတ်မှာမန်ယူနှင့်ကစားရမယ့်ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲမှာတော့ပါဝင်လာဖို့ ရှိနေပါတယ်။

မန်စီးတီးကကိုဗစ်ကူးစက်ခံရသူများထဲမှနှစ်ဦးမှာကိုင်လီဝေါလ်ကားနှင့်ဂျီးဆပ်စ်တို့ဖြစ်ကြောင်းအတည်ပြုထားပေမယ့်ကျန်ကူးစက်ခံရသူသုံးဦးကိုတော့အမည်ထုတ်ပြန်ခြင်းမရှိပါဘူး။

မန်စီးတီးအသင်းဟာအင်္ဂါနေ့တုန်းကကိုဗစ်စစ်ဆေးမှုပြုလုပ်ရာတွင်ကစားသမားငါးဦးမှလွဲ၍ကျန်လူများမှာနက်ဂတစ်ဖြစ်မှုကြောင့်လေ့ကျင့်ရေးကွင်းကိုပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

မန်စီးတီးဟာချဲလ်ဆီးနှင့်ပွဲစဉ်မှာအီဒါဆင်နေရာတွင်အရန်ဂိုးသမားဇက်စတီဖင်ကိုအသုံးပြုလာဖို့ရှိပါတယ်။

ZawGyi

ကြာရန္တင္းဝင္ေနရတဲ့ မန္စီးတီးဂိုးသမား အီဒါဆင္ ခ်ဲလ္ဆီးပြဲကို လြဲေခ်ာ္မည္

မန္စီးတီးဂိုးသမားအီဒါဆင္ကယခုအပတ္အေစာပိုင္းတုန္းကကလပ္အတြင္းတြင္ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပ်ံ႕ႏွံ႔ ကူးစက္မႈျဖစ္ၿပီးေနာက္ကြာရန္တင္းဝင္ေနရေၾကာင္းအတည္ျပဳလာပါတယ္။

မန္စီးတီးအသင္းတြင္ကိုဗစ္ကူးစက္ခံရသူ၅ဦးအထိေတြ႕ရွိၿပီးေနာက္ယခုအပတ္အေစာပိုင္းတုန္းကအဲဗာတန္ႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ယခုအခါ ဘရာဇီးလက္ေ႐ြးစင္ဂိုးသမားက၎မွာသီးသန႔္ေနထိုင္ေနရေၾကာင္းေျပာၾကားလာရာတနဂၤေႏြေန႔တြင္ ခ်ဲလ္ဆီးႏွင့္ကစားရမယ့္ပြဲစဥ္အားလြဲေခ်ာ္ဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။

သူဟာလာမယ္အပတ္မွာမန္ယူႏွင့္ကစားရမယ့္ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ပြဲမွာေတာ့ပါဝင္လာဖို႔ ရွိေနပါတယ္။

မန္စီးတီးကကိုဗဏ္ကူးစက္ခံရသူမ်ားထဲမွႏွစ္ဦးမွာကိုင္လီေဝါလ္ကားႏွင့္ဂ်ီးဆပ္စ္တို႔ျဖစ္ေၾကာင္းအတည္ျပဳထားေပမယ့္က်န္ကူးစက္ခံရသူသုံးဦးကိုေတာ့အမည္ထုတ္ျပန္ျခင္းမရွိပါဘူး။

မန္စီးတီးအသင္းဟာအဂၤါေန႔တုန္းကကိုဗစ္စစ္ေဆးမႈျပဳလုပ္ရာတြင္ကစားသမားငါးဦးမွလြဲ၍က်န္လူမ်ားမွာနက္ဂတစ္ျဖစ္မႈေၾကာင့္ေလ့က်င့္ေရးကြင္းကိုျပန္လည္ဖြင့္လွစ္ထားၿပီျဖစ္ပါတယ္။

မန္စီးတီးဟာခ်ဲလ္ဆီးႏွင့္ပြဲစဥ္မွာအီဒါဆင္ေနရာတြင္အရန္ဂိုးသမားဇက္စတီဖင္ကိုအသုံးျပဳလာဖို႔ရွိပါတယ္။