ကွဲမလိုပြဲမလိုဖြစ်ပြီးမှ ပြန်လည်အဆင်ပြေသွားကြပြီဖြစ်တဲ့ အိုင်ကာဒီနှင့်ဝန်ဒါနာရာ

မော်ရိုအိုင်ကာဒီနှင့်ဇနီးသည်ဝန်ဒါနာရာတို့အကြားကွဲကြပြဲကြတော့မယ့်သတင်းထွက်ပေါ်လာပြီးနောက်ပြန်လည်သင့်မြတ်အဆင်ပြေသွားခဲ့ကြပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာအင်စတာဂရမ်ကနေသူတို့ဇနီးမောင်နှံချစ်ကြည်နူးနေတဲ့ဓာတ်ပုံများကိုတင်ကာ၎င်းတို့ဇနီးမောင်နှံအကြားပြေလည်မှုရရှိသွားပြီလို့ပရိသတ်များကိုအသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။

ဝန်ဒါနာရာဟာမကြာသေးမီတုန်းကခင်ပွန်းသည်အသက်၂၈နှစ်ရှိအိုင်ကာဒီကိုသူမရဲ့နောက်ကွယ်မှာဖောက်ပြန်နေတယ်လို့ဆိုရှယ်မီဒီယာကနေ လူသိရှင်ကြားစွပ်စွဲမှုပြုလုပ်ခဲ့ပါတယ်။

အိုင်ကာဒီဟာမိသားစုဘဝမပြိုကွဲရေးအတွက် ကြိုးစားလုပ်ဆောင်ရန် ပီအက်စ်ဂျီရဲ့လေ့ကျင့်ခန်းအစီအစဉ်သို့သွားရောက်ရန်ပျက်ကွယ်ခဲ့ပါတယ်။

ယခုအခါမှာတော့အိုင်ကာဒီဟာဇနီးသည်ရင်ခွင်မှာလဲလျောင်းနေတဲ့ဓာတ်ပုံမှာအသည်းပုံလေးနှစ်ပုံထည့်သွင်းထားတဲ့ဓာတ်ပုံကိုအွန်လိုင်းမှာတင်ကာ ၎င်းတို့အကြားအဆင်ပြေနေပြီလို့အတည်ပြုလာပါတယ်။

L’Equipe ရဲ့ဖော်ပြချက်အရဝန်ဒါနာရာဟာကလေးများကိုခေါ်ဆောင်ကာ မီလန်သို့ထွက်ခွာသွားခဲ့ပါတယ်။အိုင်ကာဒီဟာလည်းဇနီးသည်နှင့်ကလေးရှိရာမီလန်သို့လိုက်ပါကာဖျောင်းဖျမှုပြုလုပ်ခဲ့ရတယ်လို့ယူဆရပါတယ်။

၎င်းတို့နှစ်ဦးဟာ၂၀၁၄ခုနှစ်တုန်းကလက်ထပ်ခဲ့ကြတာဖြစ်ပြီးကလေးနှစ်ဦးရရှိထားပြီးဖြစ်ပါတယ်။ဝန်ဒါနာရာဟာခင်ပွန်းသည်မက်ဆီလိုပက်ဇ်ရဲ့ကစားဖော်နှင့်သူငယ်ချင်းအိုင်ကာဒီနှင့်ဖောက်ပြန်ခဲ့ပြီးနောက် ခင်ပွန်းသည်နှင့်လမ်းခွဲကာလက်ထပ်ခဲ့တာဖြစ်ပါတယ်။

ZawGyi

ကြဲမလိုၿပဲမလိုျဖစ္ၿပီးမွ ျပန္လည္အဆင္ေျပသြားၾကၿပီျဖစ္တဲ့ အိုင္ကာဒီႏွင့္ဝန္ဒါနာရာ

ေမာ္႐ိုအိုင္ကာဒီႏွင့္ဇနီးသည္ဝန္ဒါနာရာတို႔အၾကားကြဲၾကၿပဲၾကေတာ့မယ့္သတင္းထြက္ေပၚလာၿပီးေနာက္ျပန္လည္သင့္ျမတ္အဆင္ေျပသြားခဲ့ၾကၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာအင္စတာဂရမ္ကေနသူတို႔ဇနီးေမာင္ႏွံခ်စ္ၾကည္ႏူးေနတဲ့ဓာတ္ပုံမ်ားကိုတင္ကာ၎တို႔ဇနီးေမာင္ႏွံအၾကားေျပလည္မႈရရွိသြားၿပီလို႔ပရိသတ္မ်ားကိုအသိေပးလာခဲ့တာလည္းျဖစ္ပါတယ္။

ဝန္ဒါနာရာဟာမၾကာေသးမီတုန္းကခင္ပြန္းသည္အသက္၂၈ႏွစ္ရွိအိုင္ကာဒီကိုသူမရဲ႕ေနာက္ကြယ္မွာေဖာက္ျပန္ေနတယ္လို႔ဆိုရွယ္မီဒီယာကေန လူသိရွင္ၾကားစြပ္စြဲမႈျပဳလုပ္ခဲ့ပါတယ္။

အိုင္ကာဒီဟာမိသားစုဘဝမၿပိဳကြဲေရးအတြက္ ႀကိဳးစားလုပ္ေဆာင္ရန္ ပီအက္စ္ဂ်ီရဲ႕ေလ့က်င့္ခန္းအစီအစဥ္သို႔သြားေရာက္ရန္ပ်က္ကြယ္ခဲ့ပါတယ္။

ယခုအခါမွာေတာ့အိုင္ကာဒီဟာဇနီးသည္ရင္ခြင္မွာလဲေလ်ာင္းေနတဲ့ဓာတ္ပုံမွာအသည္းပုံေလးႏွစ္ပုံထည့္သြင္းထားတဲ့ဓာတ္ပုံကိုအြန္လိုင္းမွာတင္ကာ ၎တို႔အၾကားအဆင္ေျပေနၿပီလို႔အတည္ျပဳလာပါတယ္။

L’Equipe ရဲ႕ေဖာ္ျပခ်က္အရဝန္ဒါနာရာဟာကေလးမ်ားကိုေခၚေဆာင္ကာ မီလန္သို႔ထြက္ခြာသြားခဲ့ပါတယ္။အိုင္ကာဒီဟာလည္းဇနီးသည္ႏွင့္ကေလးရွိရာမီလန္သို႔လိုက္ပါကာေဖ်ာင္းဖ်မႈျပဳလုပ္ခဲ့ရတယ္လို႔ယူဆရပါတယ္။

၎တို႔ႏွစ္ဦးဟာ၂၀၁၄ခုႏွစ္တုန္းကလက္ထပ္ခဲ့ၾကတာျဖစ္ၿပီးကေလးႏွစ္ဦးရရွိထားၿပီးျဖစ္ပါတယ္။ဝန္ဒါနာရာဟာခင္ပြန္းသည္မက္ဆီလိုပက္ဇ္ရဲ႕ကစားေဖာ္ႏွင့္သူငယ္ခ်င္းအိုင္ကာဒီႏွင့္ေဖာက္ျပန္ခဲ့ၿပီးေနာက္ ခင္ပြန္းသည္ႏွင့္လမ္းခြဲကာလက္ထပ္ခဲ့တာျဖစ္ပါတယ္။