
မီခေးလ်အာတီတာကအာဆင်နယ်နည်းပြအဖြစ်ကံကောင်းထောက်မစွာဆက်လက်ရှိနေခြင်းဖြစ်ကြောင်းဝန်ခံပြောကြားသွားခဲ့ပါတယ်။
စပိန်လူမျိုးနည်းပြဟာယခုရာသီတွင်အာဆင်နယ်ကိုပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်အောင်ဦးဆောင်ပေးထားသူဖြစ်ပြီးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရန်အခြေအနေကောင်းနေပါတယ်။
ဒါပေမဲ့အာတီတာဟာအာဆင်နယ်ကိုရာသီပြည့်ကိုင်တွယ်တဲ့ပထမဆုံးနှစ်ရာသီတွင်ရလဒ်ကောင်းများဆက်တိုက်ရယူနိုင်ရန်ရုန်းကန်ခဲ့ရပြီးအဆင့်၈နှင့်အဆင့်၅နေရာတွင်သာရပ်တည်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အာတီတာဟာအာဆင်နယ်ကိုပထမဆုံးကိုင်တွယ်တဲ့ရာသီတွင်အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်ရာသီတွင်ရလဒ်ကောင်းများရယူနိုင်ရန်ရုန်းကန်ရမှုနှင့်အတူအထုတ်ခံရန်ဖိအားပေးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
အာတီတာက “အတိတ်ကိုပြန်တွေးကြည့်ရင်အများကြီးဖြစ်ခဲ့တာတွေ့ရမယ်။ဘယ်အဆင့်မှာမှဘာအတွေ့အကြုံမှမရှိဘဲနည်းပြဘဝကိုစတင်ခဲ့ရတယ်။အောင်မြင်မှုကိုချက်ချင်းရယူဖို့လုပ်ခဲ့ရတယ်။နောက်တော့ကိုဗစ်နဲ့နှစ်နှစ်ကြုံတယ်။ကလပ်အတွင်းပိုင်းမှာရောအပြင်မှာပါစိန်ခေါ်မှုတွေနဲ့ကြုံရတယ်။ဒီကနေ့အချိန်မှာဒီထိုင်ခုံမှာထိုင်နေခွင့်ရတာ၊ကလပ်ကိုဒီအဆင့်သို့ရောက်အောင်ပျိုးထောင်နိုင်တာကံကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ခက်ခဲတဲ့ နှစ်များကြုံပြီးနောက် အာဆင်နယ်နည်းပြအဖြစ် ကံကောင်းထောက်မစွာ ရှိနေခြင်းဖြစ်ကြောင်း အာတီတာဝန်ခံ