
လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကခက်ခဲတဲ့ကာလကိုကျော်ဖြတ်သွားနိုင်ရန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။
လီဗာပူးဟာမနေ့ညတုန်းကဘရိုက်တန်နှင့်အိမ်ကွင်းပွဲစဉ်တွင်နောက်ကလိုက်ကစားပြီးသုံးဂိုးစီသရေကျခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်လည်းလီဗာပူးဟာပြိုင်ဘက်အသင်းကိုဂိုးစောစောစီးစီးပေးခဲ့ရပြီးလီယန်ဒရိုထရိုဆတ်မှာအန်ဖီးလ်တွင်ဟက်ထရစ်သွင်းယူနိုင်တဲ့တတိယမြောက်ကစားသမားအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
လီဗာပူးဟာဘရန့်ဖို့ဒ်ကို၂-၀ဖြင့်နောက်ကလိုက်ကစားရပြီး၃-၂ဖြင့်ပြန်လည်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်းချေပဂိုးပြန်ပေးခဲ့ရကာ၃ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။
ဘရန့်ဖို့ဒ်နှင့်ပွဲတွင်လည်းဦးဆောင်ဂိုးပေးခဲ့ရတဲ့လီဗာပူးဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၇ပွဲကစားခဲ့ရာမှာ၅ကြိမ်မြောက်ဂိုးဆောင်ဂိုးပေးလိုက်ရမှုလည်းဖြစ်ပါတယ်။
ကလော့ပ်က “လုံလောက်တဲ့ယုံကြည်မှုမရှိဘူး။ဂိုးမပေးရဘူးလို့ကျွန်တော်ကိုယ်တိုင်လည်းရာနှုန်းပြည့်ယုံကြည်မှုမရှိဘူး။ကျွန်တော်တို့အနေနဲ့ ဒါကို ကျော်ဖြတ်နိုင်ဖို့တိုက်ပွဲဝင်သွားပါမယ်။ကောင်လေးတွေကအရမ်းကောင်းအောင်ကစားနိုင်ကြတယ်။တည်ငြိမ်ဖို့လိုတယ်၊ဆက်တိုက်အကောင်းဆုံးပုံစံရဖို့လိုတယ်။ပြီးတော့ခံစစ်ပိုင်းလည်းထိပ်တန်းမှာရှိနေဖို့လိုတယ်”လို့ပြောကြားသွားပါတယ်။
လီဗာပူးဟာဘရိုက်တန်နှင့်သရေကျပြီးနောက်အမှတ်ပေးဇယားအဆင့်၉နေရာသို့ဆင်းလာရပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၁၁မှတ်အထိကွာဟသွားခဲ့ပါတယ်။
လီဗာပူးဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်အဖွင့်ပွဲ၇ပွဲတွင်၄ပွဲနိုင်၊၃ပွဲသရေကျပြီးရှုံးပွဲမရှိခဲ့ပါဘူး။
ဒါပေမဲ့ယခုရာသီမှာတော့လီဗာပူးဟာဘုန်းမောက်ကို၉-၀ဂိုးဖြင့်လည်းကောင်း၊နယူးကာဆယ်ကို၂-၁ဖြင့်လည်းကောင်း အနိုင်ရရှိတဲ့နိုင်ပွဲ၂ပွဲတည်းသာရရှိထားပါသေးတယ်။
ဆက်လက်ပြီးကလော့ပ်က “ကျွန်တော်တို့ဖိအားအောက်သို့ရောက်နေပါပြီ။ပိုကောင်းအောင်လုပ်ချင်တယ်။အမှတ်လည်းပိုလိုချင်တယ်။ဇယားအပေါ်ပိုင်းမှာရပ်တည်ချင်တယ်။ဆက်လက်ပြီးအလုပ်လုပ်သွားရမယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ခက္ခဲတဲ့ကာလကို ေက်ာ္ျဖတ္ရန္ တိုက္ပြဲဝင္သြားမည္ဟု ကေလာ့ပ္ႀကဳံးဝါး
လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကခက္ခဲတဲ့ကာလကိုေက်ာ္ျဖတ္သြားႏိုင္ရန္တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။
လီဗာပူးဟာမေန႔ညတုန္းကဘ႐ိုက္တန္ႏွင့္အိမ္ကြင္းပြဲစဥ္တြင္ေနာက္ကလိုက္ကစားၿပီးသုံးဂိုးစီသေရက်ခဲ့ပါတယ္။
အဆိုပါပြဲစဥ္တြင္လည္းလီဗာပူးဟာၿပိဳင္ဘက္အသင္းကိုဂိုးေစာေစာစီးစီးေပးခဲ့ရၿပီးလီယန္ဒ႐ိုထ႐ိုဆတ္မွာအန္ဖီးလ္တြင္ဟက္ထရစ္သြင္းယူႏိုင္တဲ့တတိယေျမာက္ကစားသမားအျဖစ္မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။
လီဗာပူးဟာဘရန႔္ဖို႔ဒ္ကို၂-၀ျဖင့္ေနာက္ကလိုက္ကစားရၿပီး၃-၂ျဖင့္ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းေခ်ပဂိုးျပန္ေပးခဲ့ရကာ၃ဂိုးစီသေရျဖင့္ေက်နပ္ခဲ့ရပါတယ္။
ဘရန႔္ဖို႔ဒ္ႏွင့္ပြဲတြင္လည္းဦးေဆာင္ဂိုးေပးခဲ့ရတဲ့လီဗာပူးဟာယခုရာသီတြင္ပရီးမီးယားလိဂ္ပြဲ၇ပြဲကစားခဲ့ရာမွာ၅ႀကိမ္ေျမာက္ဂိုးေဆာင္ဂိုးေပးလိုက္ရမႈလည္းျဖစ္ပါတယ္။
ကေလာ့ပ္က “လုံေလာက္တဲ့ယုံၾကည္မႈမရွိဘူး။ဂိုးမေပးရဘူးလို႔ကြၽန္ေတာ္ကိုယ္တိုင္လည္းရာႏႈန္းျပည့္ယုံၾကည္မႈမရွိဘူး။ကြၽန္ေတာ္တို႔အေနနဲ႔ ဒါကို ေက်ာ္ျဖတ္ႏိုင္ဖို႔တိုက္ပြဲဝင္သြားပါမယ္။ေကာင္ေလးေတြကအရမ္းေကာင္းေအာင္ကစားႏိုင္ၾကတယ္။တည္ၿငိမ္ဖို႔လိုတယ္၊ဆက္တိုက္အေကာင္းဆုံးပုံစံရဖို႔လိုတယ္။ၿပီးေတာ့ခံစစ္ပိုင္းလည္းထိပ္တန္းမွာရွိေနဖို႔လိုတယ္”လို႔ေျပာၾကားသြားပါတယ္။
လီဗာပူးဟာဘ႐ိုက္တန္ႏွင့္သေရက်ၿပီးေနာက္အမွတ္ေပးဇယားအဆင့္၉ေနရာသို႔ဆင္းလာရၿပီးထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၁၁မွတ္အထိကြာဟသြားခဲ့ပါတယ္။
လီဗာပူးဟာၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္အဖြင့္ပြဲ၇ပြဲတြင္၄ပြဲႏိုင္၊၃ပြဲသေရက်ၿပီးရႈံးပြဲမရွိခဲ့ပါဘူး။
ဒါေပမဲ့ယခုရာသီမွာေတာ့လီဗာပူးဟာဘုန္းေမာက္ကို၉-၀ဂိုးျဖင့္လည္းေကာင္း၊နယူးကာဆယ္ကို၂-၁ျဖင့္လည္းေကာင္း အႏိုင္ရရွိတဲ့ႏိုင္ပြဲ၂ပြဲတည္းသာရရွိထားပါေသးတယ္။
ဆက္လက္ၿပီးကေလာ့ပ္က “ကြၽန္ေတာ္တို႔ဖိအားေအာက္သို႔ေရာက္ေနပါၿပီ။ပိုေကာင္းေအာင္လုပ္ခ်င္တယ္။အမွတ္လည္းပိုလိုခ်င္တယ္။ဇယားအေပၚပိုင္းမွာရပ္တည္ခ်င္တယ္။ဆက္လက္ၿပီးအလုပ္လုပ္သြားရမယ္”လို႔ေျပာၾကားသြားပါတယ္။