ခက်ခဲတဲ့ ရက်သတ္တပတ်ကြုံခဲ့တဲ့ အနိုင်ဂိုးရှင် လင်ဂတ်အား အောင်ပွဲခံဖို့ တွန်းအားပေးခဲ့ကြတဲ့ ရော်နယ်ဒိုနှင့်ဖာနန်ဒက်စ်

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဘရူနိုဖာနန်ဒက်စ်တို့ဟာဝက်စ်ဟမ်းနှင့်ပွဲတွင်နောက်ကျအနိုင်ဂိုးသွင်းပြီးနောက်ဂိုးသွင်းအောင်ပွဲခံရန်သွေးအေးနေခဲ့တဲ့ဂျက်စီလင်ဂတ်အားအောင်ပွဲခံအောင်တွန်းအားပေးခဲ့ကြပါတယ်။

လင်ဂတ်ဟာပြီးခဲ့တဲ့အပတ်တုန်းကခက်ခဲတဲ့ ရက်သတ္တပတ်ကြုံခဲ့သူဖြစ်ပါတယ်။သူဟာကြားရက်တုန်းကချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာယန်းဘွိုင်းစ်အားရှုံးနိမ့်အောင်ကြီးမားတဲ့အမှားကြီးကျူးလွန်ခဲ့သူလည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့လန်ဒန်ကွင်းပွဲစဉ်မှာသူဟာသွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ် ဝက်စ်ဟမ်းပရိသတ်များရဲ့တလေးတစားဆက်ဆံခြင်းခံခဲ့ရပြီးအရန်စာရင်းမှာပါဝင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းပရိသတ်များဟာပြီးခဲ့တဲ့ရာသီတုန်းကအငှားဖြင့်လာကစားစဉ်ယူရိုပါလိဂ်ဝင်ခွင့်ရအောင်ကူညီခဲ့တဲ့လင်ဂတ်ကိုလူစားဝင်ချိန်မှာလက်ခုပ်တီးပြီးအားပေးမှုပါပြုလုပ်ခဲ့ပါတယ်။

သူဟာလူစားဝင်ရောက်လာပြီးနောက်ပွဲချိန်၈၈မိနစ်မှာမန်ယူအတွက်အနိုင်ဂိုးသွင်းပြီးချိန်မှာအောင်ပွဲခံဖို့ငြင်းဆိုခဲ့ပါတယ်။ဒါပေမယ့်ကစားဖော်များဖြစ်ကြတဲ့ခရစ္စတီယာနိုရော်နယ်ဒို၊ဘရူနိုဖာနန်ဒက်စ်တို့ကသူ့ကိုအောင်ပွဲခံဖို့တွန်းအားပေးခဲ့ကြပါတယ်။လင်ဂတ်ကတော့အသင်းဟောင်းပရိသတ်များကိုလေးစားသောအားဖြင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ခြင်းမရှိပါဘူး။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဝက်စ်ဟမ်းသို့ခြောက်လအငှားဖြင့်သွားကစားစဉ်အတွင်းပရီးမီးယားလိဂ်ပွဲ၁၆ပွဲကစားခွင့်ရရှိရာမှာ၉ဂိုးအထိသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

တကယ်တော့တနင်္ဂနွေနေ့ပွဲစဉ်မှာလင်ဂတ်တစ်ဦးတည်းဘဲမန်ယူအတွက်သူရဲကောင်းဖြစ်ခဲ့တာမဟုတ်ပါဘူး။ဒီဂီယာဟာလည်းမန်ယူအတွက်အဖိုးတန်သုံးမှတ်ရအောင်အဓိကနေရာမှလုပ်ဆောင်ခဲ့ပါတယ်။လင်ဂတ်ဟာနာကျင်အချိန်ပိုမှာလုခ်ရှောလက်ထိဘောမှတဆင့်ပေးရတဲ့ပင်နယ်တီကိုကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။မိုယက်စ်ဟာပင်နယ်တီကိုနိုဘယ်အားလူစားဝင်ရောက်ကစားစေကာကန်သွင်းစေခဲ့ပေမယ့်ဒီဂီယာကကာကွယ်သွားခဲ့ပါတယ်။

မန်ယူကဝက်စ်ဟမ်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဝက်စ်ဟမ်းဟာဘင်ရာမာရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးချက်ချင်းဆိုသလိုခရစ္စတီယာနိုရော်နယ်ဒိုကချေပဂိုးသွင်းယူခဲ့ကာ ပွဲပြီးခါနီးမှာလင်ဂတ်ကမန်ယူအတွက်အနိုင်ဂိုးသွင်းယူခဲ့တာပါ။ရော်နယ်ဒိုဟာယင်းချေပဂိုးကြောင့်မန်ယူအတွက်၃ပွဲကစားရာမှာ၄ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

ခက္ခဲတဲ့ ရက္သတၱပတ္ႀကဳံခဲ့တဲ့ အႏိုင္ဂိုးရွင္ လင္ဂတ္အား ေအာင္ပြဲခံဖို႔ တြန္းအားေပးခဲ့ၾကတဲ့ ေရာ္နယ္ဒိုႏွင့္ဖာနန္ဒက္စ္

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဘ႐ူႏိုဖာနန္ဒက္စ္တို႔ဟာဝက္စ္ဟမ္းႏွင့္ပြဲတြင္ေနာက္က်အႏိုင္ဂိုးသြင္းၿပီးေနာက္ဂိုးသြင္းေအာင္ပြဲခံရန္ေသြးေအးေနခဲ့တဲ့ဂ်က္စီလင္ဂတ္အားေအာင္ပြဲခံေအာင္တြန္းအားေပးခဲ့ၾကပါတယ္။

လင္ဂတ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကခက္ခဲတဲ့ ရက္သတၱပတ္ႀကဳံခဲ့သူျဖစ္ပါတယ္။သူဟာၾကားရက္တုန္းကခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာယန္းဘြိဳင္းစ္အားရႈံးနိမ့္ေအာင္ႀကီးမားတဲ့အမွားႀကီးက်ဴးလြန္ခဲ့သူလည္းျဖစ္ပါတယ္။

တနဂၤေႏြေန႔လန္ဒန္ကြင္းပြဲစဥ္မွာသူဟာေသြးပူေလ့က်င့္ခန္းျပဳလုပ္ေနစဥ္ ဝက္စ္ဟမ္းပရိသတ္မ်ားရဲ႕တေလးတစားဆက္ဆံျခင္းခံခဲ့ရၿပီးအရန္စာရင္းမွာပါဝင္ခဲ့ပါတယ္။

ဝက္စ္ဟမ္းပရိသတ္မ်ားဟာၿပီးခဲ့တဲ့ရာသီတုန္းကအငွားျဖင့္လာကစားစဥ္ယူ႐ိုပါလိဂ္ဝင္ခြင့္ရေအာင္ကူညီခဲ့တဲ့လင္ဂတ္ကိုလူစားဝင္ခ်ိန္မွာလက္ခုပ္တီးၿပီးအားေပးမႈပါျပဳလုပ္ခဲ့ပါတယ္။

သူဟာလူစားဝင္ေရာက္လာၿပီးေနာက္ပြဲခ်ိန္၈၈မိနစ္မွာမန္ယူအတြက္အႏိုင္ဂိုးသြင္းၿပီးခ်ိန္မွာေအာင္ပြဲခံဖို႔ျငင္းဆိုခဲ့ပါတယ္။ဒါေပမယ့္ကစားေဖာ္မ်ားျဖစ္ၾကတဲ့ခရစၥတီယာႏိုေရာ္နယ္ဒို၊ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကသူ႔ကိုေအာင္ပြဲခံဖို႔တြန္းအားေပးခဲ့ၾကပါတယ္။လင္ဂတ္ကေတာ့အသင္းေဟာင္းပရိသတ္မ်ားကိုေလးစားေသာအားျဖင့္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ျခင္းမရွိပါဘူး။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဝက္စ္ဟမ္းသို႔ေျခာက္လအငွားျဖင့္သြားကစားစဥ္အတြင္းပရီးမီးယားလိဂ္ပြဲ၁၆ပြဲကစားခြင့္ရရွိရာမွာ၉ဂိုးအထိသြင္းယူခဲ့သူလည္းျဖစ္ပါတယ္။

တကယ္ေတာ့တနဂၤေႏြေန႔ပြဲစဥ္မွာလင္ဂတ္တစ္ဦးတည္းဘဲမန္ယူအတြက္သူရဲေကာင္းျဖစ္ခဲ့တာမဟုတ္ပါဘူး။ဒီဂီယာဟာလည္းမန္ယူအတြက္အဖိုးတန္သုံးမွတ္ရေအာင္အဓိကေနရာမွလုပ္ေဆာင္ခဲ့ပါတယ္။လင္ဂတ္ဟာနာက်င္အခ်ိန္ပိုမွာလုခ္ေရွာလက္ထိေဘာမွတဆင့္ေပးရတဲ့ပင္နယ္တီကိုကာကြယ္မႈျပဳလုပ္ခဲ့ပါတယ္။မိုယက္စ္ဟာပင္နယ္တီကိုႏိုဘယ္အားလူစားဝင္ေရာက္ကစားေစကာကန္သြင္းေစခဲ့ေပမယ့္ဒီဂီယာကကာကြယ္သြားခဲ့ပါတယ္။

မန္ယူကဝက္စ္ဟမ္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဝက္စ္ဟမ္းဟာဘင္ရာမာရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးခ်က္ခ်င္းဆိုသလိုခရစၥတီယာႏိုေရာ္နယ္ဒိုကေခ်ပဂိုးသြင္းယူခဲ့ကာ ပြဲၿပီးခါနီးမွာလင္ဂတ္ကမန္ယူအတြက္အႏိုင္ဂိုးသြင္းယူခဲ့တာပါ။ေရာ္နယ္ဒိုဟာယင္းေခ်ပဂိုးေၾကာင့္မန္ယူအတြက္၃ပြဲကစားရာမွာ၄ဂိုးသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။