
ဖာဘင်ဟိုရဲ့ဇနီးသည်ရီဘက်ကာတာဗာရက်စ်ဟာခင်ပွန်းသည်ကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတဲ့အင်တာမီလန်စတားအလက်ဆစ်ဆန်းချက်ဇ်ကိုစကားလုံးနှစ်လုံးပြောဆိုလာပါတယ်။
အာဆင်နယ်စတားဟောင်းဟာမနေ့ညတုန်ကလီဗာပူးနှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်မှာဘရာဇီးအလယ်တန်းကစားသမားကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုကြောင့်နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရပါတယ်။
အဆိုပွဲစဉ်တွင်အင်တာမီလန်ဟာလူသာရိုမာတီနက်ဇ်ရဲ့ပွဲချိန်၆၁မိနစ်ဂိုးဖြင့် ၁-၀ဂိုးဖြင့်အနိုင်ရခဲ့ပေမဲ့နှစ်ကျော့ပေါင်းရလဒ်၂-၁ဖြင့်ချန်ပီယံလိဂ်မှထွက်ခွာခဲ့ရပါတယ်။
အသက်၃၃နှစ်ရှိဆန်းချက်ဇ်ဟာဘောလုံးရှင်းထုတ်မှုမှန်ကန်စွာပြုလုပ်ခဲ့ပေမဲ့သူ့ခြေထောက်ကဖာဘင်ဟိုရဲ့ခြေကျင်းဝတ်ကိုထိခဲ့တာလည်းဖြစ်ပါတယ်။
အသက်၂၈နှစ်ရှိဖာဘင်ဟိုဟာကံကောင်းထောက်မစွာဒဏ်ရာမရရှိခဲ့ဘဲပွဲချိန်ပြည့်ကစားသွားနိုင်ပါတယ်။ဒါပေမဲ့ဇနီးသည်ရီဘက်ကာကတော့ဆန်းချက်ဇ်အပေါ်အခဲကျေပုံမပေါ်ပါဘူး။
ဒါကြောင့်လည်းသူမဟာဆိုရှယ်မီဒီယာမှာ “Bye Alexis” ဆိုပြီးရေးသားကာ ဒေါသထွက်နေတဲ့ Emojiကိုတင်သွားပါတယ်။
အာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးတော့ဖာဘင်ဟိုဟာဆန်းချက်ဇ်အထုတ်ခံရအောင်ဟန်ဆောင်ခဲ့တယ်လို့ဆိုသွားပါတယ်။
ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ရီဘက်ကာဟာဖာဘင်ဟိုရဲ့ပရိသတ်တစ်ဦးဖြစ်ခဲ့ပြီး၎င်းတို့နှစ်ဦးဟာ၂၀၁၃ခုနှစ်မှာစတင်ချစ်ကြိုက်ခဲ့ကာ၂နှစ်အကြာမှာလက်ထပ်ခဲ့ကြပါတယ်။
ZawGyi
ခင္ပြန္းသည္ကို ၾကမ္းတမ္းစြာ ဖ်က္ထုတ္လို႔ အနီကတ္ျပသခံရတဲ့ ဆန္းခ်က္ဇ္ကို ဖာဘင္ဟိုရဲ႕ဇနီးသည္ စကားလုံးႏွစ္လုံးေျပာလာ
ဖာဘင္ဟိုရဲ႕ဇနီးသည္ရီဘက္ကာတာဗာရက္စ္ဟာခင္ပြန္းသည္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရတဲ့အင္တာမီလန္စတားအလက္ဆစ္ဆန္းခ်က္ဇ္ကိုစကားလုံးႏွစ္လုံးေျပာဆိုလာပါတယ္။
အာဆင္နယ္စတားေဟာင္းဟာမေန႔ညတုန္ကလီဗာပူးႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္မွာဘရာဇီးအလယ္တန္းကစားသမားကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈေၾကာင့္ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရပါတယ္။
အဆိုပြဲစဥ္တြင္အင္တာမီလန္ဟာလူသာ႐ိုမာတီနက္ဇ္ရဲ႕ပြဲခ်ိန္၆၁မိနစ္ဂိုးျဖင့္ ၁-၀ဂိုးျဖင့္အႏိုင္ရခဲ့ေပမဲ့ႏွစ္ေက်ာ့ေပါင္းရလဒ္၂-၁ျဖင့္ခ်န္ပီယံလိဂ္မွထြက္ခြာခဲ့ရပါတယ္။
အသက္၃၃ႏွစ္ရွိဆန္းခ်က္ဇ္ဟာေဘာလုံးရွင္းထုတ္မႈမွန္ကန္စြာျပဳလုပ္ခဲ့ေပမဲ့သူ႔ေျခေထာက္ကဖာဘင္ဟိုရဲ႕ေျခက်င္းဝတ္ကိုထိခဲ့တာလည္းျဖစ္ပါတယ္။
အသက္၂၈ႏွစ္ရွိဖာဘင္ဟိုဟာကံေကာင္းေထာက္မစြာဒဏ္ရာမရရွိခဲ့ဘဲပြဲခ်ိန္ျပည့္ကစားသြားႏိုင္ပါတယ္။ဒါေပမဲ့ဇနီးသည္ရီဘက္ကာကေတာ့ဆန္းခ်က္ဇ္အေပၚအခဲေက်ပုံမေပၚပါဘူး။
ဒါေၾကာင့္လည္းသူမဟာဆိုရွယ္မီဒီယာမွာ “Bye Alexis” ဆိုၿပီးေရးသားကာ ေဒါသထြက္ေနတဲ့ Emojiကိုတင္သြားပါတယ္။
အာဆင္နယ္ဂႏၴဝင္နည္းျပအာစင္ဝင္းဂါးေတာ့ဖာဘင္ဟိုဟာဆန္းခ်က္ဇ္အထုတ္ခံရေအာင္ဟန္ေဆာင္ခဲ့တယ္လို႔ဆိုသြားပါတယ္။
ေဘာလုံးသမားေဟာင္းတစ္ဦးျဖစ္တဲ့ရီဘက္ကာဟာဖာဘင္ဟိုရဲ႕ပရိသတ္တစ္ဦးျဖစ္ခဲ့ၿပီး၎တို႔ႏွစ္ဦးဟာ၂၀၁၃ခုႏွစ္မွာစတင္ခ်စ္ႀကိဳက္ခဲ့ကာ၂ႏွစ္အၾကာမွာလက္ထပ္ခဲ့ၾကပါတယ္။