ခင်ပွန်းသည်အိုင်ကာဒီနှင့်လမ်းခွဲလိုက်ပြီးတဲ့နောက် အသက်ဝမ်းကျောင်းအလုပ်ပြောင်းလိုက်တဲ့ ဝန်ဒါနာရာ

ဝန်ဒါနာရာဟာခင်ပွန်းသည်မော်ရိုအိုင်ကာဒီနှင့်လမ်းခွဲလိုက်ပြီးတဲ့နောက် တီဗွီစတားတစ်ဦးဖြစ်လာခဲ့ပါတယ်။

သူမဟာခင်ပွန်းသည်နှင့်အတူရှိနေစဉ်တုန်းကခင်ပွန်းသည်ရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့၎င်းတို့နှစ်ဦးဟာဒီဇင်ဘာလကတည်းကလမ်းခွဲလိုက်ကြပြီးဖြစ်ပါတယ်။

ဝန်ဒါနာရာဟာခင်ပွန်းသည်ဘီဆစ်ဆပ်တွင်ကစားနေစဉ် လမ်းမခွဲမီကတည်းက အာဂျင်တီးနားရဲ့The Masked Singer တွင်ဒိုင်အဖြစ်လုပ်နေခဲ့သူလည်းဖြစ်ပါတယ်။

ယခုအခါမော်ဒယ်ဝန်ဒါနာရာဟာသူမရဲ့ရုပ်သံစတားခရီးကိုဆက်လက်လျှောက်လှမ်းလာပါတယ်။သူမဟာMasterchef Argentina တွင်အစီအစဉ်တင်ဆက်သူအဖြစ်ဆက်လက်လုပ်ဆောင်လာပါဦးမယ်။

သူမဟာဆိုရှယ်မီဒီယာတွင် Follower ၁၅.၇သန်းအထိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ZawGyi





