ခရစ္စတယ်ပဲလေ့စ်တွင် စာမျက်နှာသစ် ဖွင့်လှစ်သွားမယ့် အာဆင်နယ်ဂန္ထဝင်ဗီအဲရာ

ခရစ္စတယ်ပဲလေ့စ်ဟာရွိုင်းဟော့ဆန်နေရာမှာပက်ထရစ်ဗီအဲရာကိုအစားထိုးခန့်အပ်လိုက်ပါတယ်။အာဆင်နယ်ဂန္ထဝင်အသင်းခေါင်းဆောင်ဟာဟော့ဆန်ထွက်ခွာသွားပြီးနောက်လစ်လပ်နေတဲ့ပဲလေ့စ်နည်းပြရာထူအတွက်ထိပ်ဆုံးမှရေပန်းစားလာခဲ့သူလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့အသက်၄၅နှစ်ရှိဗီအဲရာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်မှာအဆင့်၁၄နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့ပဲလေ့စ်နှင့်၃နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ပဲလေ့စ်နည်းပြသစ်အဖြစ်ခန့်အပ်ခံရပြီးနောက်ဗီအဲရာက “ပရီးမီးယားလိဂ်သို့ပြန်လာခွင့်ရတဲ့အတွက်အရမ်းစိတ်လှုပ်ရှားရပါတယ်။ကလပ်ဥက္ကဌ၊အားကစားဒါရိုက်တာတို့နဲ့စကားပြောပြီးချိန်မှာအကယ်ဒမီအပါအဝင်ကလပ်တစ်ခုလုံးရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီးသူတို့ရဲ့စီမံကိန်းအပေါ်အရမ်းစိတ်ဝင်စားသွားခဲ့ပါတယ်။ဒီကလပ်ကနှစ်ပေါင်းများစွာပရီးမီးယားလိဂ်မှာအခြေတည်လာတဲ့အသင်းပါ။အနာဂတ်မှာအသင်းကိုပိုကောင်းအောင်လုပ်ဆောင်နိုင်ဖို့မျှော်လင့်နေပါတယ်”လို့ဆိုသွားပါတယ်။

ပြင်သစ်အလယ်တန်းကစားသမားဟောင်းဟာ၁၉၉၆ခုနှစ်မှ၂၀၀၅ခုနှစ်အထိအာဆင်နယ်တွင်ကစားခဲ့ပြီးအာဆင်နယ်တွင်ကစားတဲ့၉နှစ်တာကာလအတွင်းတွင်အဓိကဆုဖလား၇ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၀ခုနှစ်၊ဇန်နဝါရီလမှာမန်စီးတီးသို့ပြောင်းခဲ့ပြီးအက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ကာအနားယူခဲ့ပါတယ်။

ZawGyi

ခရစၥတယ္ပဲေလ့စ္တြင္ စာမ်က္ႏွာသစ္ ဖြင့္လွစ္သြားမယ့္ အာဆင္နယ္ဂႏၴဝင္ဗီအဲရာ

ခရစၥတယ္ပဲေလ့စ္ဟာ႐ြိဳင္းေဟာ့ဆန္ေနရာမွာပက္ထရစ္ဗီအဲရာကိုအစားထိုးခန႔္အပ္လိုက္ပါတယ္။အာဆင္နယ္ဂႏၴဝင္အသင္းေခါင္းေဆာင္ဟာေဟာ့ဆန္ထြက္ခြာသြားၿပီးေနာက္လစ္လပ္ေနတဲ့ပဲေလ့စ္နည္းျပရာထူအတြက္ထိပ္ဆုံးမွေရပန္းစားလာခဲ့သူလည္းျဖစ္ပါတယ္။

ယခုအခါမွာေတာ့အသက္၄၅ႏွစ္ရွိဗီအဲရာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္မွာအဆင့္၁၄ေနရာမွာသာရပ္တည္ႏိုင္ခဲ့တဲ့ပဲေလ့စ္ႏွင့္၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

ပဲေလ့စ္နည္းျပသစ္အျဖစ္ခန႔္အပ္ခံရၿပီးေနာက္ဗီအဲရာက “ပရီးမီးယားလိဂ္သို႔ျပန္လာခြင့္ရတဲ့အတြက္အရမ္းစိတ္လႈပ္ရွားရပါတယ္။ကလပ္ဥကၠဌ၊အားကစားဒါ႐ိုက္တာတို႔နဲ႔စကားေျပာၿပီးခ်ိန္မွာအကယ္ဒမီအပါအဝင္ကလပ္တစ္ခုလုံးရဲ႕ရည္မွန္းခ်က္နဲ႔ပတ္သက္ၿပီးသူတို႔ရဲ႕စီမံကိန္းအေပၚအရမ္းစိတ္ဝင္စားသြားခဲ့ပါတယ္။ဒီကလပ္ကႏွစ္ေပါင္းမ်ားစြာပရီးမီးယားလိဂ္မွာအေျခတည္လာတဲ့အသင္းပါ။အနာဂတ္မွာအသင္းကိုပိုေကာင္းေအာင္လုပ္ေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ဆိုသြားပါတယ္။

ျပင္သစ္အလယ္တန္းကစားသမားေဟာင္းဟာ၁၉၉၆ခုႏွစ္မွ၂၀၀၅ခုႏွစ္အထိအာဆင္နယ္တြင္ကစားခဲ့ၿပီးအာဆင္နယ္တြင္ကစားတဲ့၉ႏွစ္တာကာလအတြင္းတြင္အဓိကဆုဖလား၇ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၁၀ခုႏွစ္၊ဇန္နဝါရီလမွာမန္စီးတီးသို႔ေျပာင္းခဲ့ၿပီးအက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့ကာအနားယူခဲ့ပါတယ္။