ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် အာဆင်နယ်ကွင်းလယ်လူပါတေး ပွဲထွက်လာမည်

သောမတ်စ်ပါတေးဟာယနေ့ညတွင်ခရစ္စတယ်ပဲလေ့စ်နှင့်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာပွဲထွက်ကစားလာ နိုင်မယ်လို့သိရပါတယ်။

နွေရာသီအပြောင်းအရွှေ့တွင်အက်သလက်တီကိုမှပေါင်၄၅သန်းဖြင့်ရောက်လာတဲ့ပါတေးဟာအာဆင်နယ်ကစားသမားဘဝအစအကောင်းဆုံးခြေစွမ်းဖြင့်ကစားထားနိုင်သော်လည်းဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေခဲ့ရသူဖြစ်ပြီး ခြောက်ပွဲတည်းသာကစားထားနိုင်ပါတယ်။

ဒါပေမယ့်သူဟာဒီဇင်ဘာလတုန်းကစပါးစ်နှင့်ပွဲစဉ်တွင်ရရှိခဲ့တဲ့ပေါင်ကြွက်သားဒဏ်ရာမှပြန်လည်ကောင်းမွန်ကာ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီဖြစ်ကာပဲလေ့စ်နှင့်ပွဲတွင်ပွဲထွက်လာနိုင်တော့မှာဖြစ်ပါတယ်။

ဒါ့အပြင်နယူးကာဆယ်နှင့်ပွဲမတိုင်မီသွေးပူလေ့ကျင့်ခန်းလုပ်ရာမှာခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့အာဆင်နယ်တိုက်စစ်သမားဂါဘရီရယ်မာတင်နယ်လီမှာလည်းဗုဒ္ဓဟူးနေ့တုန်းကလေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်၍ပဲလေ့စ်နှင့်ပွဲ တွင်ပါဝင်လာနိုင်ပါမယ်။

ZawGyi

ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲတြင္ အာဆင္နယ္ကြင္းလယ္လူပါေတး ပြဲထြက္လာမည္

ေသာမတ္စ္ပါေတးဟာယေန႔ညတြင္ခရစၥတယ္ပဲေလ့စ္ႏွင့္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာပြဲထြက္ကစားလာ ႏိုင္မယ္လို႔သိရပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕တြင္အက္သလက္တီကိုမွေပါင္၄၅သန္းျဖင့္ေရာက္လာတဲ့ပါေတးဟာအာဆင္နယ္ကစားသမားဘဝအစအေကာင္းဆုံးေျခစြမ္းျဖင့္ကစားထားႏိုင္ေသာ္လည္းဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနခဲ့ရသူျဖစ္ၿပီး ေျခာက္ပြဲတည္းသာကစားထားႏိုင္ပါတယ္။

ဒါေပမယ့္သူဟာဒီဇင္ဘာလတုန္းကစပါးစ္ႏွင့္ပြဲစဥ္တြင္ရရွိခဲ့တဲ့ေပါင္ႂကြက္သားဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာ ေလ့က်င့္ခန္းအျပည့္အဝဆင္းႏိုင္ၿပီျဖစ္ကာပဲေလ့စ္ႏွင့္ပြဲတြင္ပြဲထြက္လာႏိုင္ေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္နယူးကာဆယ္ႏွင့္ပြဲမတိုင္မီေသြးပူေလ့က်င့္ခန္းလုပ္ရာမွာေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တဲ့အာဆင္နယ္တိုက္စစ္သမားဂါဘရီရယ္မာတင္နယ္လီမွာလည္းဗုဒၶဟူးေန႔တုန္းကေလ့က်င့္ခန္းအျပည့္အဝဆင္းႏိုင္၍ပဲေလ့စ္ႏွင့္ပြဲ တြင္ပါဝင္လာႏိုင္ပါမယ္။