ခရစ္စတီယန်ဆင်ကို ချဲလ်ဆီးစာချုပ်သစ်ချုပ်ဆိုသွားမည်

ချဲလ်ဆီးဟာအေစီမီလန်နှင့်ပီအက်စ်ဂျီတို့ကစိတ်ဝင်စားနေတဲ့နောက်ခံလူအင်ဒရေခရစ္စတီယန်ဆင်ကိုစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေကြောင်းသိရပါတယ်။

အေစီမီလန်ဟာချဲလ်ဆီးမှဖီကာယိုတိုမိုရီကိုအပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်အငှားဖြင့်ခေါ်ယူပြီးနောက်ခရစ္စတီယန်ဆင်ကိုလည်းခေါ်ယူရန်ကြိုးပမ်းလာခဲ့တာပါ။

ခရစ္စတီယန်ဆင်နှင့်ရူဒီဂါတို့ဟာနည်းပြလမ်းပတ်လက်အောက်မှာပုံမှန်ကစားခွင့်မရမှုကြောင့်အသင်းပြောင်းမယ်လို့သတင်းများထွက်ပေါ်ခဲ့သူများလည်းဖြစ်ပါတယ်။

ဒါပေမယ့်၎င်းတို့နှစ်ဦးလုံးဟာနည်းပြသောမတ်စ်တူချယ်ရောက်လာပြီးနောက်ချဲလ်ဆီးခံစစ်တွင်အရေးပါတဲ့ကစား သမားများဖြစ်လာခဲ့ကြပါတယ်။

ချဲလ်ဆီးဟာအသက်၂၄နှစ်ရှိဒိန်းမတ်လက်ရွေးစင်နောက်ခံလူကိုနှစ်ရှည်စာချုပ်ချုပ်ဆိုရန်စီစဉ်နေပါတယ်။ခရစ်တင်ဆင်ဟာအသက်၁၆နှစ်အရွယ်တုန်းကဘရွန်ဘီမှချဲလ်ဆီးသို့ရောက်လာခဲ့သူဖြစ်ပြီးအနောက်လန်ဒန်တွင်အထိုင်ကျနေတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာတီယာဂိုဆေးလ်ဗားဒဏ်ရာကြောင့်အနားယူနေစဉ်အတွင်းချဲလ်ဆီးခံစစ်တွင်ကစားခွင့်ရရှိခဲ့ကာလီဗာပူးအား အနိုင်ရရှိတဲ့ပွဲမှာပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုပါဆွတ်ခူးနိုင်ခဲ့ပါတယ်။

ခရစ္စတီယန်ဆင်ဟာရူဒီဂါလိုဘဲချဲလ်ဆီးနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပါတယ်။ချဲလ်ဆီးဟာသူ့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးသွားမှာမဟုတ်ဘဲလာမယ့်နွေရာသီမကုန် ဆုံးမီစာချုပ်သစ်ချုပ်ဆိုသွားပါမယ်။

ZawGyi

ခရစၥတီယန္ဆင္ကို ခ်ဲလ္ဆီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမည္

ခ်ဲလ္ဆီးဟာေအစီမီလန္ႏွင့္ပီအက္စ္ဂ်ီတို႔ကစိတ္ဝင္စားေနတဲ့ေနာက္ခံလူအင္ဒေရခရစၥတီယန္ဆင္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

ေအစီမီလန္ဟာခ်ဲလ္ဆီးမွဖီကာယိုတိုမိုရီကိုအၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္အငွားျဖင့္ေခၚယူၿပီးေနာက္ခရစၥတီယန္ဆင္ကိုလည္းေခၚယူရန္ႀကိဳးပမ္းလာခဲ့တာပါ။

ခရစၥတီယန္ဆင္ႏွင့္႐ူဒီဂါတို႔ဟာနည္းျပလမ္းပတ္လက္ေအာက္မွာပုံမွန္ကစားခြင့္မရမႈေၾကာင့္အသင္းေျပာင္းမယ္လို႔သတင္းမ်ားထြက္ေပၚခဲ့သူမ်ားလည္းျဖစ္ပါတယ္။

ဒါေပမယ့္၎တို႔ႏွစ္ဦးလုံးဟာနည္းျပေသာမတ္စ္တူခ်ယ္ေရာက္လာၿပီးေနာက္ခ်ဲလ္ဆီးခံစစ္တြင္အေရးပါတဲ့ကစား သမားမ်ားျဖစ္လာခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးဟာအသက္၂၄ႏွစ္ရွိဒိန္းမတ္လက္ေ႐ြးစင္ေနာက္ခံလူကိုႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုရန္စီစဥ္ေနပါတယ္။ခရစ္တင္ဆင္ဟာအသက္၁၆ႏွစ္အ႐ြယ္တုန္းကဘ႐ြန္ဘီမွခ်ဲလ္ဆီးသို႔ေရာက္လာခဲ့သူျဖစ္ၿပီးအေနာက္လန္ဒန္တြင္အထိုင္က်ေနတဲ့ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

သူဟာတီယာဂိုေဆးလ္ဗားဒဏ္ရာေၾကာင့္အနားယူေနစဥ္အတြင္းခ်ဲလ္ဆီးခံစစ္တြင္ကစားခြင့္ရရွိခဲ့ကာလီဗာပူးအား အႏိုင္ရရွိတဲ့ပြဲမွာပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုပါဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ခရစၥတီယန္ဆင္ဟာ႐ူဒီဂါလိုဘဲခ်ဲလ္ဆီးႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာသူ႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခြင့္ေပးသြားမွာမဟုတ္ဘဲလာမယ့္ေႏြရာသီမကုန္ ဆုံးမီစာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားပါမယ္။