ခရစ္စတီယန်ဆင်အား စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာအစောပိုင်းတုန်းကလုပ်ခလျှော့ချကာစာချုပ်သစ်ကမ်းလှမ်းခဲ့ဖူးတဲ့အင်ဒရေခရစ္စတီယန်ဆင်အားစာချုပ်သစ်ချုပ်ဆိုရန်နီးစပ်နေပြီဖြစ်ပါတယ်။

ခရစ္စတီယန်ဆင်ဟာချဲလ်ဆီးနှင့်စာချုပ်သစ်ချုပ်ဆိုရေးနောက်ဆုံးအဆင့်ဆွေးနွေးမှုသို့ရောက်ရှိနေပြီဖြစ်ပြီးတစ်ပတ်လုပ်ခ၁၂၀၀၀၀ဝန်းကျင်တန်ဖိုးရှိစာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေပါတယ်။

ချဲလ်ဆီးဟာအစောပိုင်းတုန်းကခရစ္စတီယန်ဆင်ကိုလက်ရှိလုပ်ခတစ်ပတ်လုပ်ခပေါင်၇၈၀၀၀ထက်နည်းပါးတဲ့ပမာဏနှင့်စာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းခဲ့ပြီးအဆင်မပြေဖြစ်နေခဲ့ပါတယ်။

ချဲလ်ဆီးဟာအစောပိုင်းတုန်းကခရစ္စတီယန်ဆင်ရဲ့စွမ်းဆောင်ရည်မှုမက်မောစရာမရှိဟုယူဆကာလုပ်ခလျှော့ချပြီးစာချုပ်သစ်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်နွေရာသီမှာဇူးမားထွက်ခွာသွားမှုနဲ့အတူခရစ္စတီယန်ဆင်ဟာချဲလ်ဆီးရဲ့အရေးပါတဲ့နောက်ခံလူအဖြစ်နောက်ဆုံးပရီးမီးယားလိဂ်ငါးပွဲမှာလေးပွဲကစားထားပြီးအမှတ်ပေးဇယားထိပ်ဆုံးသို့ပို့ဆောင်ပေးထားပါတယ်။

ဒါ့အပြင်သူဟာဗီလာရီးရဲလ်အားအနိုင်ရရှိတဲ့ဥရောပစူပါဖလားပွဲနှင့်ဇင်းနစ်အားအနိုင်ရရှိတဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင်လည်းပါဝင်ကစားနိုင်ခဲ့ပါတယ်။

အထူးသဖြင့်သူဟာတနင်္ဂနွေနေ့တုန်းကစပါးစ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာထိပ်တန်းခြေစွမ်းဖြင့်ကစားနိုင်ခဲ့ပါတယ်။

ZawGyi







