ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အပြီးသတ်ဖို့ ဆေးစစ်ရန် စီစဉ်လိုက်ပြီဖြစ်တဲ့ ဆော်ဒီကလပ်

ဆော်ဒီကလပ် Al Nassr ဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူရေးအပြီးသတ်ရန်အတွက်ဆေးစစ်မှုပြုလုပ်ရန်စီစဉ်လိုက်ပြီဖြစ်ပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့လတုန်းက ပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့အင်တာဗျူးကြောင့်ယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၂၁ခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ယူနိုက်တက်သို့တကျော့ပြန်ရောက်လာပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၂၆ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူဟာယခုရာသီမှာတော့ယူနိုက်တက်အတွက်၁၆ပွဲကစားထားရာမှာ၃ဂိုးသာသွင်းထားနိုင်တဲ့အပြင်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းပေါ်တူဂီရဲ့ရှုံးပွဲထွက်ပွဲနှစ်ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ရပါတယ်။

ဆော်ဒီကလပ် Al Nassr ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုတစ်နှစ်လုပ်ခဒေါ်လာ၇၅သန်း(ပေါင်၆၂သန်း)တန်စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားပြီးလည်းဖြစ်ပါတယ်။

ယနေ့တွင် CBS Sports ရဲ့ဖော်ပြလာမှုအရ Al Nassr ဟာခရစ္စတီယာနိုရော်နယ်ဒိုအပြောင်းအရွှေ့ကိုအပြီးသတ်ရေးလုပ်ဆောင်ရန်အတွက်ဆေးစစ်ဆေးမှုပြုလုပ်ရန်စီစဉ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

Al Nassr ကိုရိုးမားနည်းပြဟောင်းရူဒီဂါစီယာကကိုင်တွယ်နေတာဖြစ်ပြီး ဆော်ဒီပရိုလိဂ်ကိုဦးဆောင်နေပါတယ်။ယင်းကလပ်တွင်အာဆင်နယ်ဂိုးသမားဟောင်းဒေးဗစ်အော့စ်ပီနာ၊ကင်မရွန်းစတားအဘူဘာကာ၊ဘရာဇီးကွင်းလယ်ဖန်တီးရှင်အင်ဒါဆင်တာလစ်ကာတို့ကစားနေပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕အၿပီးသတ္ဖို႔ ေဆးစစ္ရန္ စီစဥ္လိုက္ၿပီျဖစ္တဲ့ ေဆာ္ဒီကလပ္

ေဆာ္ဒီကလပ္ Al Nassr ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားေခၚယူေရးအၿပီးသတ္ရန္အတြက္ေဆးစစ္မႈျပဳလုပ္ရန္စီစဥ္လိုက္ၿပီျဖစ္ပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့လတုန္းက ပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့အင္တာဗ်ဴးေၾကာင့္ယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၂၁ခုႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ယူႏိုက္တက္သို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၆ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

သူဟာယခုရာသီမွာေတာ့ယူႏိုက္တက္အတြက္၁၆ပြဲကစားထားရာမွာ၃ဂိုးသာသြင္းထားႏိုင္တဲ့အျပင္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းေပၚတူဂီရဲ႕ရႈံးပြဲထြက္ပြဲႏွစ္ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။

ေဆာ္ဒီကလပ္ Al Nassr ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုတစ္ႏွစ္လုပ္ခေဒၚလာ၇၅သန္း(ေပါင္၆၂သန္း)တန္စာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိထားၿပီးလည္းျဖစ္ပါတယ္။

ယေန႔တြင္ CBS Sports ရဲ႕ေဖာ္ျပလာမႈအရ Al Nassr ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအေျပာင္းအေ႐ႊ႕ကိုအၿပီးသတ္ေရးလုပ္ေဆာင္ရန္အတြက္ေဆးစစ္ေဆးမႈျပဳလုပ္ရန္စီစဥ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

Al Nassr ကို႐ိုးမားနည္းျပေဟာင္း႐ူဒီဂါစီယာကကိုင္တြယ္ေနတာျဖစ္ၿပီး ေဆာ္ဒီပ႐ိုလိဂ္ကိုဦးေဆာင္ေနပါတယ္။ယင္းကလပ္တြင္အာဆင္နယ္ဂိုးသမားေဟာင္းေဒးဗစ္ေအာ့စ္ပီနာ၊ကင္မ႐ြန္းစတားအဘူဘာကာ၊ဘရာဇီးကြင္းလယ္ဖန္တီးရွင္အင္ဒါဆင္တာလစ္ကာတို႔ကစားေနပါတယ္။