ခရစ္စတီယာနိုရော်နယ်ဒိုကို ခရစ္စမတ်လက်ဆောင်အဖြစ် Rolls Royce တစ်စီး လက်ဆောင်ပေးလာတဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်
မော်ဒယ်ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာချစ်သူခရစ္စတီယာနိုရော်နယ်ဒိုကိုခရစ္စမတ်လက်ဆောင်အဖြစ် Rolls Royce ကားသစ်တစ်စီးလက်ဆောင်ပေးလာပါတယ်။
လက်ရှိအချိန်တွင်ကလပ်လက်မဲ့ဖြစ်နေတဲ့ယူနိုက်တက်စူပါစတားဟောင်းဟာ ခရစ္စမတ်နံနက်ခင်းတွင်ကားသစ်ကြီးလက်ဆောင်ရရှိလို့အကြီးအကျယ်အံ့ဩသင့်ခဲ့ရပါတယ်။၊
ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခံရမှု၊ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကွာတားဖိုင်နယ်မှထွက်ခွာရမှုကြောင့်စိတ်ပျက်စရာကာလနှင့်ကြုံနေရချိန်တွင်ချစ်သူထံမှကားသစ်တစ်စီးလက်ဆောင်ရရှိလာတာလည်းဖြစ်ပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်နှစ်သစ်ကူးကာလအထိမိသားစုနှင့်အတူဖြတ်သန်းကာနှစ်သစ်တွင်မှအသင်းသစ်သို့ပြောင်းရွှေ့လာဖို့ရှိနေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ် Al Nassr သို့ပြောင်းမယ်လို့သတင်းများထွက်ပေါ်နေပြီးကလပ်ဘက်ကအပြောင်းအရွှေ့အပြီးသတ်ရေးဆေးစစ်မှုပြုလုပ်ရန်စီစဉ်ထားပြီးဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နှင့်ဂျူဗင်တပ်စတားဟောင်းဟာဆော်ဒီကလပ်နှင့်ပေါင်၁၇၃သန်းတန် ၂နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပါတယ်။
ZawGyi