ခရစ္စတီယာနိုရော်နယ်ဒိုအား လုံးဝမလုပ်ဖို့ တားမြစ်ထားတဲ့အရာကို ဂျော့ဂျီနာဖွင့်ချလာ

ဂျော့ဂျီနာရိုဒရီဂွက်ဇ်ဟာချစ်သူခရစ္စတီယာနိုရော်နယ်ဒိုအားလုံးဝမလုပ်ဆောင်ရန်ပိတ်ပင်ထားတဲ့အရာရှိကြောင်း ဖွင့်ဟလာပါတယ်။စပိန်မော်ဒယ်ဟာဂျူဗင်တပ်စတားခရစ္စတီယာနိုရော်နယ်ဒိုအားမတော်တဆဒဏ်ရာရရှိတာမျိုး မဖြစ်စေဖို့အတွက်အီတလီရှိနေအိမ်တွင်မီးသီးလဲလှယ်တပ်ဆင်တာမျိုးလုံးဝမပြုလုပ်ဖို့တားမြစ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင်စပိန်သူမော်ဒယ်ကနေအိမ်ရဲ့စားရေးသောက်ရေးအပြင်အခြားအရာများကိုလည်းသူမကဘဲဦးဆောင်လုပ် ဆောင်ကြောင်းလည်းဖွင့်ဟသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဂျော့ဂျီနာတို့ဟာငါးနှစ်ကြာလက်တွဲလာခဲ့ကြသူများဖြစ်ပြီးယခုအခါစေ့စပ်ထားပြီးလည်းဖြစ်ပါတယ်။

အသက်၂၇နှစ်ရှိဂျော့ဂျီနာက “ခရစ္စတီယာနိုရော်နယ်ဒိုကစူပါအဖေတစ်ဦးပါ။ကျွန်မအိပ်မက်မက်လာခဲ့တဲ့ခင်ပွန်း လောင်းတစ်ဦးလည်းဖြစ်ပါတယ်။ဒါပေမယ့်သူကမချက်ပြုတ်ပါဘူး။မနက်ပိုင်းလေ့ကျင့်ခန်းအစီအစဉ်တွေပြီးရင် သူ့အတွက်အချစ်တွေပြည့်နှက်နေတဲ့ပူပူလောင်လောင်စားစရာတွေပြင်ဆင်ပေးရပါတယ်။ကျွန်မတို့မှာစားဖိုမှူး ရှိပါတယ်။တစ်ခါတစ်လေကျွန်မကိုယ်တိုင်ဘဲချက်တယ်။ကျွန်မအိမ်မှာမီးလုံးလဲလှယ်တာမျိုးကိုတော့သူ့ကိုလုံးဝ မလုပ်ဖို့တားမြစ်ထားတယ်။ရှင်နဲ့အတူခရစ္စတီယာနိုရော်နယ်ဒိုရှိရင်ရောပေ၂၀လောက်မြင့်တဲ့အမြင့်မှာတပ်ထားတဲ့ မီးသီးကိုသူ့ကိုလဲခိုင်းမှာလား။ကျွန်မကတော့သူ့ကိုကိုယ့်ကိုကိုယ်ဂရုစိုက်နေဖို့ဘဲပြောတယ်။ကျွန်မကဘဲအားလုံးကိုလုပ်ပေးတယ်။ကျွန်မကအိမ်မှုကိစ္စနဲ့သားသမီးတွေထိန်းတယ်”လို့ပြောကြားသွားပါတယ်။

ဂျော့ဂျီနာဟာ၂၀၁၆ခုနှစ်တုန်းကအရောင်းဆိုင်တစ်ခုတွင်တစ်ပတ်လုပ်ခပေါင်၂၅၀ဖြင့်အလုပ်လုပ်ကိုင်နေစဉ်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုအား လုံးဝမလုပ္ဖို႔ တားျမစ္ထားတဲ့အရာကို ေဂ်ာ့ဂ်ီနာဖြင့္ခ်လာ

ေဂ်ာ့ဂ်ီနာ႐ိုဒရီဂြက္ဇ္ဟာခ်စ္သူခရစၥတီယာႏိုေရာ္နယ္ဒိုအားလုံးဝမလုပ္ေဆာင္ရန္ပိတ္ပင္ထားတဲ့အရာရွိေၾကာင္း ဖြင့္ဟလာပါတယ္။စပိန္ေမာ္ဒယ္ဟာဂ်ဴဗင္တပ္စတားခရစၥတီယာႏိုေရာ္နယ္ဒိုအားမေတာ္တဆဒဏ္ရာရရွိတာမ်ိဳး မျဖစ္ေစဖို႔အတြက္အီတလီရွိေနအိမ္တြင္မီးသီးလဲလွယ္တပ္ဆင္တာမ်ိဳးလုံးဝမျပဳလုပ္ဖို႔တားျမစ္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္စပိန္သူေမာ္ဒယ္ကေနအိမ္ရဲ႕စားေရးေသာက္ေရးအျပင္အျခားအရာမ်ားကိုလည္းသူမကဘဲဦးေဆာင္လုပ္ ေဆာင္ေၾကာင္းလည္းဖြင့္ဟသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေဂ်ာ့ဂ်ီနာတို႔ဟာငါးႏွစ္ၾကာလက္တြဲလာခဲ့ၾကသူမ်ားျဖစ္ၿပီးယခုအခါေစ့စပ္ထားၿပီးလည္းျဖစ္ပါတယ္။

အသက္၂၇ႏွစ္ရွိေဂ်ာ့ဂ်ီနာက “ခရစၥတီယာႏိုေရာ္နယ္ဒိုကစူပါအေဖတစ္ဦးပါ။ကြၽန္မအိပ္မက္မက္လာခဲ့တဲ့ခင္ပြန္း ေလာင္းတစ္ဦးလည္းျဖစ္ပါတယ္။ဒါေပမယ့္သူကမခ်က္ျပဳတ္ပါဘူး။မနက္ပိုင္းေလ့က်င့္ခန္းအစီအစဥ္ေတြၿပီးရင္ သူ႔အတြက္အခ်စ္ေတြျပည့္ႏွက္ေနတဲ့ပူပူေလာင္ေလာင္စားစရာေတြျပင္ဆင္ေပးရပါတယ္။ကြၽန္မတို႔မွာစားဖိုမႉး ရွိပါတယ္။တစ္ခါတစ္ေလကြၽန္မကိုယ္တိုင္ဘဲခ်က္တယ္။ကြၽန္မအိမ္မွာမီးလုံးလဲလွယ္တာမ်ိဳးကိုေတာ့သူ႔ကိုလုံးဝ မလုပ္ဖို႔တားျမစ္ထားတယ္။ရွင္နဲ႔အတူခရစၥတီယာႏိုေရာ္နယ္ဒိုရွိရင္ေရာေပ၂၀ေလာက္ျမင့္တဲ့အျမင့္မွာတပ္ထားတဲ့ မီးသီးကိုသူ႔ကိုလဲခိုင္းမွာလား။ကြၽန္မကေတာ့သူ႔ကိုကိုယ့္ကိုကိုယ္ဂ႐ုစိုက္ေနဖို႔ဘဲေျပာတယ္။ကြၽန္မကဘဲအားလုံးကိုလုပ္ေပးတယ္။ကြၽန္မကအိမ္မႈကိစၥနဲ႔သားသမီးေတြထိန္းတယ္”လို႔ေျပာၾကားသြားပါတယ္။

ေဂ်ာ့ဂ်ီနာဟာ၂၀၁၆ခုႏွစ္တုန္းကအေရာင္းဆိုင္တစ္ခုတြင္တစ္ပတ္လုပ္ခေပါင္၂၅၀ျဖင့္အလုပ္လုပ္ကိုင္ေနစဥ္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။