ခရစ္စတီယာနိုရော်နယ်ဒိုကို ကြိုဆိုတဲ့အနေဖြင့် ပွဲကစားချိန် ၇ မိနစ်တွင် SIIIIU လို့ သံပြိုင်အော်ခဲ့ကြတဲ့ Al Nassr ပရိသတ်များ

ထောင်ပေါင်းများစွာသော Al Nassr ပရိသတ်များဟာ Al Khaleej နှင့်ဆော်ဒီပရိုလိဂ်ပွဲစဉ်ရဲ့ပွဲချိန်၇မိနစ်တွင်ကစားသမားသစ်ခရစ္စတီယာနိုရော်နယ်ဒိုကိုကြိုဆိုတဲ့အနေဖြင့် သူ့အမည်ကိုသံပြိုင်အော်ဟစ်ခဲ့ကြသလို SIIIIU လို့အော်ခဲ့ကြပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာသောကြာနေ့တုန်းက Al Nassr သို့မထင်မှတ်ဘဲပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာဆော်ဒီကလပ်နှင့်တစ်နှစ်လုပ်ခပေါင်၁၇၃သန်းတန်နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးအားကစားသမိုင်းတွင်အမြင့်မားဆုံးလုပ်ခရရှိလာပါမယ်။

Al Nassr ပရိသတ်များဟာပေါ်တူဂီစူပါစတားရောက်လာမဲ့အခြေအနေအပေါ်တွင်စိတ်လှုပ်ရှားလျက်ရှိကြပြီး Al Khaleej နှင့်ပွဲတွင်ကြိုဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

Al Nassr ပရိသတ်များဟာပွဲချိန်၇မိနစ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အမည်ကိုသံပြိုင်အော်ဟစ်ပြီးနောက်သူ့ရဲ့အောင်ပွဲခံမှု SIIIIU ကိုအော်ဟစ်ခဲ့ကြပါတယ်။

ဒါ့အပြင်ရာပေါင်းများစွာသော Al Nassr ပရိသတ်များဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ အင်္ကျီကိုဝယ်ယူရန်လူတန်းရှည်ကြီးဖြင့်တန်းစီခဲ့ကြပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီနိုဝင်ဘာလတုန်းက ယူနိုက်တက်ကိုဝေဖန်ပြောဆိုမှုကြောင့်စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

သူဟာချန်ပီယံလိဂ်ကစားလိုပေမဲ့ဥရောပထိပ်သီးကလပ်များကကမ်းလှမ်းလာခြင်းမရှိမှုနဲ့အတူ ဆော်ဒီကလပ်သို့ပြောင်းရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာလာမယ့်အပတ် Al-Tai နှင့်ကစားရမဲ့ပွဲတွင် Al Nassr အတွက်ပထမဆုံးပွဲကစားလာဖို့ရှိပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုကို ႀကိဳဆိုတဲ့အေနျဖင့္ ပြဲကစားခ်ိန္ ၇ မိနစ္တြင္ SIIIIU လို႔ သံၿပိဳင္ေအာ္ခဲ့ၾကတဲ့ Al Nassr ပရိသတ္မ်ား

ေထာင္ေပါင္းမ်ားစြာေသာ Al Nassr ပရိသတ္မ်ားဟာ Al Khaleej ႏွင့္ေဆာ္ဒီပ႐ိုလိဂ္ပြဲစဥ္ရဲ႕ပြဲခ်ိန္၇မိနစ္တြင္ကစားသမားသစ္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုႀကိဳဆိုတဲ့အေနျဖင့္ သူ႔အမည္ကိုသံၿပိဳင္ေအာ္ဟစ္ခဲ့ၾကသလို SIIIIU လို႔ေအာ္ခဲ့ၾကပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာေသာၾကာေန႔တုန္းက Al Nassr သို႔မထင္မွတ္ဘဲေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

သူဟာေဆာ္ဒီကလပ္ႏွင့္တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းတန္ႏွစ္ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးအားကစားသမိုင္းတြင္အျမင့္မားဆုံးလုပ္ခရရွိလာပါမယ္။

Al Nassr ပရိသတ္မ်ားဟာေပၚတူဂီစူပါစတားေရာက္လာမဲ့အေျခအေနအေပၚတြင္စိတ္လႈပ္ရွားလ်က္ရွိၾကၿပီး Al Khaleej ႏွင့္ပြဲတြင္ႀကိဳဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

Al Nassr ပရိသတ္မ်ားဟာပြဲခ်ိန္၇မိနစ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အမည္ကိုသံၿပိဳင္ေအာ္ဟစ္ၿပီးေနာက္သူ႔ရဲ႕ေအာင္ပြဲခံမႈ SIIIIU ကိုေအာ္ဟစ္ခဲ့ၾကပါတယ္။

ဒါ့အျပင္ရာေပါင္းမ်ားစြာေသာ Al Nassr ပရိသတ္မ်ားဟာ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ ၇ အက်ႌကိုဝယ္ယူရန္လူတန္းရွည္ႀကီးျဖင့္တန္းစီခဲ့ၾကပါေသးတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားၿပိဳင္ပြဲမစတင္မီႏိုဝင္ဘာလတုန္းက ယူႏိုက္တက္ကိုေဝဖန္ေျပာဆိုမႈေၾကာင့္စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရပါတယ္။

သူဟာခ်န္ပီယံလိဂ္ကစားလိုေပမဲ့ဥေရာပထိပ္သီးကလပ္မ်ားကကမ္းလွမ္းလာျခင္းမရွိမႈနဲ႔အတူ ေဆာ္ဒီကလပ္သို႔ေျပာင္းရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာလာမယ့္အပတ္ Al-Tai ႏွင့္ကစားရမဲ့ပြဲတြင္ Al Nassr အတြက္ပထမဆုံးပြဲကစားလာဖို႔ရွိပါတယ္။