
ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassr အတွက်ပွဲကစားဖို့စောင့်ဆိုင်းလာရဦးမှာဖြစ်ပါတယ်။Al Nassr ဟာအသင်းတွင်နိုင်ငံခြားသားကစားသမားများပြားနေမှုနဲ့အတူခရစ္စတီယာနိုရော်နယ်ဒိုကို ကစားသမားမှတ်ပုံတင်မတင်ရသေးပါဘူး။
ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassr သို့တစ်ရာသီလုပ်ခပေါင်၁၇၃သန်းဖြင့်၂ နှစ်ခွဲစာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။
သူ့ကိုအင်္ဂါနေ့တုန်းက Al Nassr ကစားသမားအဖြစ်မိတ်ဆက်ခဲ့ပြီးချက်ချင်းပင်အသင်းနှင့်အတူ Mrsool Park မှာလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
ဒါပေမဲ့ Al Nassr အသင်းမှာနိုင်ငံခြားသားကစားသမားအလွန်များပြားနေမှုနဲ့အတူ ခရစ္စတီယာနိုရော်နယ်ဒိုကိုကစားသမားမှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။
ဆော်ဒီပရိုလိဂ်စည်းမျဉ်းအရအသင်းတစ်သင်းတွင်ဆော်ဒီကစားသမားမဟုတ်တဲ့ကစားသမားအရေအတွက်၈ဦးတည်းသာရှိရပါမယ်။
အခုခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူ Al Nassr တွင်နိုင်ငံခြားသားကစားသမား ၉ဦးအထိရှိနေပါတယ်။
ဒါကြောင့်လည်းAl Nassr ဟာအသင်းရှိနိုင်ငံခြားသားကစားသမားများထဲမှတစ်ဦးကိုရောင်းချခြင်း(သို့မဟုတ်)စာချုပ်ဖျက်သိမ်းကာထုတ်ပယ်ခြင်းတို့ပြလုပ်ရပါမယ်။
တဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်တွင်ကစားစဉ်တုန်းက အဲဗာတန်ပရိသတ်ငယ်တစ်ဦးရဲ့လက်ထဲမှဖုန်းကိုရိုက်ချမှုကြောင့်၂ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရရာယင်းပြစ်ဒဏ်ကို Al Nassr တွင်ကျခံရဦးမှာဖြစ်ပါတယ်။
ယင်းသို့အနေအထားများကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့် Al Nassr အတွက်ပထမဆုံးပွဲကစားရန်ထင်မှတ်ထားတာထက်စောင့်ဆိုင်းလာရနိုင်ပါတယ်။
ZawGyi
ခရစၥတီယာႏိုေရာ္နယ္ဒိုကို Al Nassr ကစားသမားအျဖစ္ မွတ္ပုံတင္ႏိုင္ျခင္းမရွိေသး၊ ႏိုင္ငံျခားသားကစားသမားတစ္ဦးကို ထုတ္ၿပီးမွ ကစားႏိုင္မည္
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassr အတြက္ပြဲကစားဖို႔ေစာင့္ဆိုင္းလာရဦးမွာျဖစ္ပါတယ္။Al Nassr ဟာအသင္းတြင္ႏိုင္ငံျခားသားကစားသမားမ်ားျပားေနမႈနဲ႔အတူခရစၥတီယာႏိုေရာ္နယ္ဒိုကို ကစားသမားမွတ္ပုံတင္မတင္ရေသးပါဘူး။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassr သို႔တစ္ရာသီလုပ္ခေပါင္၁၇၃သန္းျဖင့္၂ ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။
သူ႔ကိုအဂၤါေန႔တုန္းက Al Nassr ကစားသမားအျဖစ္မိတ္ဆက္ခဲ့ၿပီးခ်က္ခ်င္းပင္အသင္းႏွင့္အတူ Mrsool Park မွာေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။
ဒါေပမဲ့ Al Nassr အသင္းမွာႏိုင္ငံျခားသားကစားသမားအလြန္မ်ားျပားေနမႈနဲ႔အတူ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုကစားသမားမွတ္ပုံတင္ႏိုင္ျခင္းမရွိေသးပါဘူး။
ေဆာ္ဒီပ႐ိုလိဂ္စည္းမ်ဥ္းအရအသင္းတစ္သင္းတြင္ေဆာ္ဒီကစားသမားမဟုတ္တဲ့ကစားသမားအေရအတြက္၈ဦးတည္းသာရွိရပါမယ္။
အခုခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူ Al Nassr တြင္ႏိုင္ငံျခားသားကစားသမား ၉ဦးအထိရွိေနပါတယ္။
ဒါေၾကာင့္လည္းAl Nassr ဟာအသင္းရွိႏိုင္ငံျခားသားကစားသမားမ်ားထဲမွတစ္ဦးကိုေရာင္းခ်ျခင္း(သို႔မဟုတ္)စာခ်ဳပ္ဖ်က္သိမ္းကာထုတ္ပယ္ျခင္းတို႔ျပလုပ္ရပါမယ္။
တဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္တြင္ကစားစဥ္တုန္းက အဲဗာတန္ပရိသတ္ငယ္တစ္ဦးရဲ႕လက္ထဲမွဖုန္းကို႐ိုက္ခ်မႈေၾကာင့္၂ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရရာယင္းျပစ္ဒဏ္ကို Al Nassr တြင္က်ခံရဦးမွာျဖစ္ပါတယ္။
ယင္းသို႔အေနအထားမ်ားေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ Al Nassr အတြက္ပထမဆုံးပြဲကစားရန္ထင္မွတ္ထားတာထက္ေစာင့္ဆိုင္းလာရႏိုင္ပါတယ္။