ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူပြီးနောက် အင်စတာဂရမ်တွင် Follower ၇ သန်းကျော်လာတဲ့ Al Nassr

ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူ Al Nassr ရဲ့အင်စတာဂရမ်အကောင့်ဟာ Follower ၇သန်းကျော်အထိမြင့်တက်လာခဲ့ပါတယ်။

ပေါ်တူဂီစူပါစတားဟာအင်္ဂါနေ့တုန်းကဆော်ဒီကလပ် Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းဖြင့်၂၀၂၅ခုနှစ်အထိစာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကိုအင်္ဂါနေ့တုန်းက Al Nassr ရဲ့Mrsool Park တွင်ပြုလုပ်ခဲ့ပြီးပရိသတ်ထောင်ပေါင်းများစွာလာရောက်ကြည့်ရှုခဲ့ကြပါတယ်။

Al Nassr ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူလိုက်ပြီးတဲ့နောက်တစ်ကမ္ဘာလုံးမှဘောလုံးပရိသတ်များရဲ့စိတ်ဝင်စားခြင်းခံလာခဲ့ရပါတယ်။

Al Nassr ဟာယခင်တုန်းကအင်စတာဂရမ်တွင် Follower ၈ သိန်းဝန်းကျင်မျှသာရှိခဲ့ရာမှာယခုအခါ၈သန်းကျော်အထိမြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူနောက်ထပ်အင်စတာဂရမ် Follower ၇ သန်းကျော် ၈ သန်းအထိမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါ Al Nassr ရဲ့အင်စတာဂရမ်အကောင့်ရဲ့ Follower ပမာဏက ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ဝက်စ်ဟမ်း၊အဲဗာတန်၊နယူးကာဆယ်တို့ထက်များပြားလာခဲ့ပြီဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်စတာဂရမ်တွင်Follower အများဆုံးပုဂ္ဂိုလ်အဖြစ်ရပ်တည်နေသူဖြစ်ပြီးဘီလီယံဝက်ခန့်အထိရှိပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr အတွက်ပထမဆုံးပွဲအဖြစ်ဇန်နဝါရီလ၁၄ရက်နေ့ Al Shabab နှင့်ကစားရမဲ့ဒါဘီပွဲတွင်စတင်က စားလာဖို့ရှိနေပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုကို ေခၚယူၿပီးေနာက္ အင္စတာဂရမ္တြင္ Follower ၇ သန္းေက်ာ္လာတဲ့ Al Nassr

ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူ Al Nassr ရဲ႕အင္စတာဂရမ္အေကာင့္ဟာ Follower ၇သန္းေက်ာ္အထိျမင့္တက္လာခဲ့ပါတယ္။

ေပၚတူဂီစူပါစတားဟာအဂၤါေန႔တုန္းကေဆာ္ဒီကလပ္ Al Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းျဖင့္၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအဂၤါေန႔တုန္းက Al Nassr ရဲ႕Mrsool Park တြင္ျပဳလုပ္ခဲ့ၿပီးပရိသတ္ေထာင္ေပါင္းမ်ားစြာလာေရာက္ၾကည့္ရႈခဲ့ၾကပါတယ္။

Al Nassr ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူလိုက္ၿပီးတဲ့ေနာက္တစ္ကမာၻလုံးမွေဘာလုံးပရိသတ္မ်ားရဲ႕စိတ္ဝင္စားျခင္းခံလာခဲ့ရပါတယ္။

Al Nassr ဟာယခင္တုန္းကအင္စတာဂရမ္တြင္ Follower ၈ သိန္းဝန္းက်င္မွ်သာရွိခဲ့ရာမွာယခုအခါ၈သန္းေက်ာ္အထိျမင့္တက္လာခဲ့ၿပီျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူေနာက္ထပ္အင္စတာဂရမ္ Follower ၇ သန္းေက်ာ္ ၈ သန္းအထိျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

ယခုအခါ Al Nassr ရဲ႕အင္စတာဂရမ္အေကာင့္ရဲ႕ Follower ပမာဏက ပရီးမီးယားလိဂ္ကလပ္မ်ားျဖစ္ၾကတဲ့ဝက္စ္ဟမ္း၊အဲဗာတန္၊နယူးကာဆယ္တို႔ထက္မ်ားျပားလာခဲ့ၿပီျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအင္စတာဂရမ္တြင္Follower အမ်ားဆုံးပုဂၢိဳလ္အျဖစ္ရပ္တည္ေနသူျဖစ္ၿပီးဘီလီယံဝက္ခန႔္အထိရွိပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Nassr အတြက္ပထမဆုံးပြဲအျဖစ္ဇန္နဝါရီလ၁၄ရက္ေန႔ Al Shabab ႏွင့္ကစားရမဲ့ဒါဘီပြဲတြင္စတင္ကစားလာဖို႔ရွိေနပါတယ္။