ခရစ္စတီယာနိုရော်နယ်ဒိုထံမှ အကြားချင်ဆုံးမေးခွန်းကို ဂျော်ဂျီနာဖွင့်ဟလာ

ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာခရစ္စတီယာနိုရော်နယ်ဒိုထံမှမေးမြန်းလာမယ့်အကြားချင်ဆုံးမေးခွန်းကိုထုတ်ဖော်ပြောကြားလာပါတယ်။

စပိန်မော်ဒယ်ဟာဘောလုံးစူပါစတားထံမှလက်ထပ်ခွင့်တောင်းမှုကိုကြားရန်အလွန်ဆန္ဒပြင်းပြနေတာဖြစ်ပြီး Yes လို့ဖြေဖို့လည်းအဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

အာဂျင်တီးနားဖွားအသက်၂၇နှစ်ရှိဂျော်ဂျီနာဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်၂၀၁၆ခုနှစ်ကတည်းကတွဲလာတာဖြစ်ပြီးမိန်းကလေးမွေးဖွားထားပြီးဖြစ်သလိုခရစ္စတီယာနိုရော်နယ်ဒိုရဲ့အခြားသားသုံးဦးကိုလည်းပြုစုပျိုးထောင်ပေးနေသူဖြစ်ပါတယ်။

သူမဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Netflix ရဲ့မှတ်တမ်းရုပ်ရှင်တွင်သူမကခရစ္စတီယာနိုရော်နယ်ဒိုထံမှလက်ထပ်ခွင့်တောင်းဆိုလာမှုကိုကြားရရန်ဆန္ဒပြင်းပြနေကြောင်း ဖွင့်ဟထားတာဖြစ်ပါတယ်။

ဒါပေမယ့်ဂျော်ဂျီနာက “ဒါကကျွန်မအပေါ်မှာတော့မမူတည်ပါဘူး။ဒါပေမယ့်ဖြစ်လာဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားထားပါတယ်။

ZawGyi





