ခရစ္စတီယာနိုရော်နယ်ဒိုအပါအဝင် ဂျူဗင်တပ်ကစားသမား ၂၃ ဦးတို့လည်း စုံစမ်းစစ်ဆေးခံရကာ ပွဲပယ်ခံရဖို့ ရှိနေ

ဂျူဗင်တပ်ဟာကစားသမားအပြောင်းအရွှေ့နှင့်လုပ်ခတို့အားငွေပေးမှုကိုစာရင်းအင်းလိမ်လည်မှုကြောင့်ရမှတ်၁၅မှတ်လျှော့ချခဲ့ရပြီးဖြစ်ပါယတယ်။ ယခုအခါဂျူဗင်တပ်တွင်ကစားခဲ့တဲ့ကစားသမား၂၃ဦးတို့ဟာလည်းစုံစမ်းစစ်ဆေးခြင်းခံနေရပြီးပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကအီတလီဘောလုံးလောကတွင်တုန်လှုပ်ဖွယ်အဖြစ်အပျက်အနေဖြင့်ဂျူဗင်တပ်ဟာစာရင်းအင်းအမှားအယွင်းတင်ပြမှုကြောင့်ရမှတ်၁၅မှတ်လျှော့ချခြင်းခံခဲ့ရပါတယ်။

စုံစမ်းစစ်ဆေးရေးအရာရှိကာရမှတ်၉မှတ်လျှော့ချရန်တောင်းဆိုပေမဲ့လည်းအီတလီဘောလုံးအဖွဲ့ချုပ်ကရမှတ်၁၅မှတ်အထိပြင်းပြင်းထန်ထန်အရေးယူခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာရမှတ်၁၅မှတ်လျှော့ချခံရမှုကြောင့်လာမယ့်ဘောလုံးရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအဆုံးသတ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဂျူဗင်တပ်ဟာရမှတ်၁၅မှတ်လျှော့ချမှုအားအယူခံဝင်ရာမှာအနိုင်ရရှိလာပါကအမှတ်များပြန်လည်ရရှိလာနိုင်ပါသေးတယ်။

ဒါ့အပြင်ဂျူဗင်တပ်အသင်းရဲ့ငွေစာရင်းအမှားပြမှုကိုလက်ခံလုပ်ဆောင်ခဲ့တဲ့ကစားသမား၂၃ဦးတို့ဟာလည်းရက်၃၀နှင့်အထက်ပွဲကစားခွင့်ပိတ်ပင်ခြင်းခံလာရဖို့ရှိနေပါတယ်။

ပွဲပယ်ခြင်းခံရနိုင်တဲ့ကစားသမားများတွင်ခရစ္စတီယာနိုရော်နယ်ဒို၊ဒီဂျန်ကူလူဆပ်ဗ်စကီး၊ရိုဒရီဂိုဘန်တန်ကော်၊ဘူဖွန်၊ဖီဒီရီကိုဘာနာဒက်စ်ချီ၊ချီရယ်လီနီတို့လည်းပါဝင်နေပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုအပါအဝင္ ဂ်ဴဗင္တပ္ကစားသမား ၂၃ ဦးတို႔လည္း စုံစမ္းစစ္ေဆးခံရကာ ပြဲပယ္ခံရဖို႔ ရွိေန

ဂ်ဴဗင္တပ္ဟာကစားသမားအေျပာင္းအေ႐ႊ႕ႏွင့္လုပ္ခတို႔အားေငြေပးမႈကိုစာရင္းအင္းလိမ္လည္မႈေၾကာင့္ရမွတ္၁၅မွတ္ေလွ်ာ့ခ်ခဲ့ရၿပီးျဖစ္ပါယတယ္။ ယခုအခါဂ်ဴဗင္တပ္တြင္ကစားခဲ့တဲ့ကစားသမား၂၃ဦးတို႔ဟာလည္းစုံစမ္းစစ္ေဆးျခင္းခံေနရၿပီးပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံလာရဖို႔ရွိေနပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကအီတလီေဘာလုံးေလာကတြင္တုန္လႈပ္ဖြယ္အျဖစ္အပ်က္အေနျဖင့္ဂ်ဴဗင္တပ္ဟာစာရင္းအင္းအမွားအယြင္းတင္ျပမႈေၾကာင့္ရမွတ္၁၅မွတ္ေလွ်ာ့ခ်ျခင္းခံခဲ့ရပါတယ္။

စုံစမ္းစစ္ေဆးေရးအရာရွိကာရမွတ္၉မွတ္ေလွ်ာ့ခ်ရန္ေတာင္းဆိုေပမဲ့လည္းအီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ကရမွတ္၁၅မွတ္အထိျပင္းျပင္းထန္ထန္အေရးယူခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာရမွတ္၁၅မွတ္ေလွ်ာ့ခ်ခံရမႈေၾကာင့္လာမယ့္ေဘာလုံးရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးအဆုံးသတ္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဂ်ဴဗင္တပ္ဟာရမွတ္၁၅မွတ္ေလွ်ာ့ခ်မႈအားအယူခံဝင္ရာမွာအႏိုင္ရရွိလာပါကအမွတ္မ်ားျပန္လည္ရရွိလာႏိုင္ပါေသးတယ္။

ဒါ့အျပင္ဂ်ဴဗင္တပ္အသင္းရဲ႕ေငြစာရင္းအမွားျပမႈကိုလက္ခံလုပ္ေဆာင္ခဲ့တဲ့ကစားသမား၂၃ဦးတို႔ဟာလည္းရက္၃၀ႏွင့္အထက္ပြဲကစားခြင့္ပိတ္ပင္ျခင္းခံလာရဖို႔ရွိေနပါတယ္။

ပြဲပယ္ျခင္းခံရႏိုင္တဲ့ကစားသမားမ်ားတြင္ခရစၥတီယာႏိုေရာ္နယ္ဒို၊ဒီဂ်န္ကူလူဆပ္ဗ္စကီး၊႐ိုဒရီဂိုဘန္တန္ေကာ္၊ဘူဖြန္၊ဖီဒီရီကိုဘာနာဒက္စ္ခ်ီ၊ခ်ီရယ္လီနီတို႔လည္းပါဝင္ေနပါတယ္။