
ကမ္ဘာ့အလှဆုံးဘောလုံးမယ်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့အန်နာမာရီယာမာကိုဗစ်ဟာလီယွန်နယ်မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြားဘယ်သူကပိုကောင်းတယ်ဆိုတဲ့အငြင်းအခုံတွင်ပါဝင်လာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့အကြားဘယ်သူပိုကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးပရိသတ်တွေအကြား၊နာမည်ကျော်ဘောလုံးသမားတွေအကြားကိုယ့်အမြင်နဲ့ကိုယ်အငြင်းပွားလာခဲ့ကြတာကြာမြင့်ပြီဖြစ်ပါတယ်။
အခုခရိုအေးရှားဘောလုံးမယ်အန်နာဟာလည်းတွစ်တာတွင်သူမကိုဘယ်သူကပိုကောင်းတဲ့ကစားသမားလဲလို့မေးမြန်းလာချိန်မှာပြန်လည်ဖြေကြားလာခဲ့ပြီဖြစ်ပါတယ်။
သူမက “”there’s only one number seven”လို့ဆိုပြီး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အမည်နှင့်ဆိတ်ပုံ Emoji တို့ဖြင့်တုံ့ပြန်ဖြေကြားသွားပါတယ်။
သူမကိုယ်တိုင်မှာလည်းခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့ပင်ကျောနံပါတ်၇ကိုဝတ်ဆင်နေသူဖြစ်ပါတယ်။
တကယ်တော့သူမဟာခရစ္စတီယာနိုရော်နယ်ဒိုကိုလေးစားအားကျတယ်ဆိုတာပထမဆုံးအကြိမ်ဖွင့်ဟလာခဲ့တာမဟုတ်ပါဘူး။
20Minuten နှင့်အင်တာဗျူးတွင်လည်းသူမက “ကျွန်မသဘောအကျဆုံးကစားသမားကခရစ္စတီယာနိုရော်နယ်ဒိုပါ။သူ့ရဲ့စည်းကမ်းတကျလုပ်ဆောင်တတ်မှုကြောင့်ပါ။ဘယ်အားကစားနည်းမျိုးမှာမဟုတ်သူ့လိုစိတ်ဓာတ်မျိုးရှိဖို့ကအဓိကလို့ထင်တယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်သူမကခရိုအေးရှားဂန္ထဝင်လူကာမိုဒရစ်နှင့်အမျိုးသမီးဘောလုံးလောကမှရိုမိုနာဘတ်ချ်မန်းတို့ကိုလေးစားအားကျကြောင်းလည်းဆိုးသွားပါတယ်။
သူမဟာဆွစ်ဇာလန်အခြေစိုက်ကလပ် Grasshoppersတွင်ကစားနေသူဖြစ်ပြီးမကြာသေးမီတုန်းကအင်္ဂလန်အမျိုးသမီးစူပါလိဂ်သို့လာရောက်ကစားရန်ဆန္ဒရှိကြောင်းဖွင့်ဟသွားခဲ့ဖူးပါတယ်။
ZawGyi
ခရစ္စတီယာနိုရော်နယ်ဒို Vs မက်ဆီတို့ရဲ့ GOAT အငြင်းပွားမှုတွင် ပါဝင်လာတဲ့ ကမ္ဘာ့အလှဆုံးဘောလုံးမယ်
ဒါ့အပြင်သူမကခရိုအေးရှားဂန္ထဝင်လူကာမိုဒရစ်နှင့်အမျိုးသမီးဘောလုံးလောကမှရိုမိုနာဘတ်ခ်ျမန်းတို့ကိုလေးစားအားကျကြောင်းလည်းဆိုးသွားပါတယ်။