ခရစ္စတီယာနိုရော်နယ်ဒိုမှာ ဖိအားများကို ခုခံနိုင်စွမ်းမြင့်မားတဲ့ကစားသမားဖြစ်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ

အင်္ဂါနေ့ညတုန်းကခရစ္စတီယာနိုရော်နယ်ဒိုဟာကြီးမားတဲ့အဆုံးအဖြတ်ကာလမှာပိုင်နိုင်တဲ့ဆုံးဖြတ်ချက်ပြုလုပ်နိုင်တဲ့ပြိုင်ဘက်ကင်းကစားသမားတစ်ဦးဖြစ်ကြောင်းထပ်မံသက်သေထူခဲ့ပါတယ်။

Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့တုန်းကအီတလီမြေမှာအတ္တလန္တာနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲမှာပွဲချိန်၉၁မိနစ်မှာအဖိုးတန်ချေပဂိုးသွင်းယူမှုအပါအဝင်ချေပဂိုး၂ဂိုးသွင်းယူပြီး မန်ယူအတွက်အဖိုးတန်ရမှတ်၁မှတ်ရယူပေးခဲ့ပါတယ်။ယင်းသရေပွဲကြောင့် မန်ယူဟာအုပ်စု(စ)မှာရမှတ်၇မှတ်ဖြင့်ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအိုးထရက်ဖို့ဒ်သို့တကျော့ပြန်လာပြီးနောက်သူ့ရဲ့စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီးမေးခွန်းထုတ်နိုင်ခြင်းမရှိအောင်လုပ်ဆောင်ပြနေပါတယ်။မန်ယူအသင်းချန်ပီယံလိဂ်မှာရမှတ်၇မှတ်ရယူထားနိုင်တာဟာသူ့သွင်းဂိုးများကြောင့်လည်းဖြစ်ပါတယ်။

ပွဲအပြီးမှာ ရီယိုဖာဒီနန်ကခရစ္စတီယာနိုရော်နယ်ဒိုမှာအရေးပါတဲ့အခိုက်အတန့်မှာရှေ့သို့အမြဲထွက်ပေါ်လာတဲ့ကစားသမားဖြစ်ကြောင်း ပြောကြားသွားပါတယ်။မန်ယူနှင့်အင်္ဂလန်ဂန္ထဝင်နောက်ခံလူက “ကွင်းနိုင်ငံမှာမဆို၊ဘယ်ကွင်းမှာမဆို၊ဘယ်အချိန်မှာမဆို သူဟာကြီးမားတဲ့အခိုက်အတန်မှာပေါ်လာပြီးလုပ်ဆောင်ပြပါတယ်”လို့ပြောကြားသွားပါတယ်။

ရီယိုဖာဒီနန်ဝေဖန်ထောက်ပြတာတော်တော်လေးမှန်ပါတယ်။၂၀၁၉ခုနှစ်တုန်းကအားကစားလေ့လာဆန်းစစ်ရေးကုမ္ပဏီ SciSports ဟာခရစ္စတီယာနိုရော်နယ်ဒိုဟာအရေးပါတဲ့အခိုက်အတန့်ကြီးမားများမှာ ထွက်ပေါ်လာနိုင်စွမ်းရှိတဲ့ ကမ္ဘာပေါ်တွင်မည်သူမှလိုက်မမီတဲ့ကစားသမားဖြစ်ကြောင်းတွေ့ရှိခဲ့ဖူးပါတယ်။

SciSport ဟာ သုသေသနတက္ကသိုလ် KU Leuven နှင့်ပူးပေါင်းပြီးဘောလုံးပွဲများဟာဖိအားများကကစားသမားများရဲ့စွမ်းဆောင်ရည်အပေါ်ဘယ်လောက်အထိရိုက်ခတ်မှုရှိသလဲဆိုတာလေ့လာဆန်းစစ်မှုပြုလုပ်ခဲ့ပါတယ်။

၎င်းတို့ဟာဘောလုံးပွဲချိန်မိနစ်၇၀၀၀စာအချက်အလက်များမှပွဲရဲ့ဖိအားကကစားသမားရဲ့စွမ်းဆောင်ရည်ကိုဘယ်လောက်အထိရိုက်ခတ်မှုရှိသလဲစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ရော်နယ်ဒိုဟာဖိအားကြုံရတဲ့ပွဲတိုင်းအကောင်းဆုံးလုပ်ဆောင်ပြနိုင်လေ့ရှိတဲ့ကစားသမားဖြစ်ကြောင်းထိပ်ဆုံးမှထွက်ပေါ်လာခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာဖိအားများကိုခုခံနိုင်စွမ်းရှိတဲ့သူဖြစ်ပြီး ဖိအားဘယ်လောက်များပါစေသူ့ခြေစွမ်းကတစ်သတ်မတ်တည်းထိပ်တန်းအဆင့်မှာဘဲရှိနေဆဲဖြစ်ကြောင်းတွေ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့ဖိအားဒဏ်ခံနိုင်တဲ့သူကတော့ဘာစီလိုနာတိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးဖြစ်ပါတယ်။အာဂျင်တီးနားတိုက်စစ်မှူးဟာဘောလုံးရရှိလာချိန်မှာအကောင်းဆုံးဆုံးဖြတ်ချက်ပြုလုပ်နိုင်သူကြောင်းတွေ့ရပါတယ်။၂၀၁၂ခုနှစ်မေလတုန်းကကျူပီအာနှင့်ပွဲမှာအဂွဲရိုးရဲ့မန်စီးတီးကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေမယ့်အနိုင်ဂိုးကိုသက်သေပါ။

ဒီတော့ဖိအားကျရောက်လာချိန်မှာခြေစွမ်းလုံးဝပျောက်နေတတ်တဲ့သူတွေကဘယ်သူတွေလဲ?

သုသေသနပြုမှုအရပီအက်စ်ဂျီတိုက်စစ်မှူးနေမာနှင့်ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားအေဒင်ဟာဇက်တို့ဟာဖိအားများတဲ့ပွဲများမှာခြေစွမ်းပျောက်ဆုံးလေ့ရှိကြောင်းတွေ့ရှိရပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာဖိအားများတဲ့အချိန်မှာဆုံးဖြတ်ချက်မှားလေ့ပြီးဟာဇက်မှာလည်းဖိအားများတဲ့အချိန်မှာဘောလုံးရရှိချိန်မှာဆုံးဖြတ်ချက်အမှားများပြုလုပ်လေ့ရှိပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာ ဖိအားမ်ားကို ခုခံႏိုင္စြမ္းျမင့္မားတဲ့ကစားသမားျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ား ေတြ႕ရွိ

အဂၤါေန႔ညတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုဟာႀကီးမားတဲ့အဆုံးအျဖတ္ကာလမွာပိုင္ႏိုင္တဲ့ဆုံးျဖတ္ခ်က္ျပဳလုပ္ႏိုင္တဲ့ၿပိဳင္ဘက္ကင္းကစားသမားတစ္ဦးျဖစ္ေၾကာင္းထပ္မံသက္ေသထူခဲ့ပါတယ္။

Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဂၤါေန႔တုန္းကအီတလီေျမမွာအတၱလႏၲာႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာပြဲခ်ိန္၉၁မိနစ္မွာအဖိုးတန္ေခ်ပဂိုးသြင္းယူမႈအပါအဝင္ေခ်ပဂိုး၂ဂိုးသြင္းယူၿပီး မန္ယူအတြက္အဖိုးတန္ရမွတ္၁မွတ္ရယူေပးခဲ့ပါတယ္။ယင္းသေရပြဲေၾကာင့္ မန္ယူဟာအုပ္စု(စ)မွာရမွတ္၇မွတ္ျဖင့္ထိပ္ဆုံးမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအိုးထရက္ဖို႔ဒ္သို႔တေက်ာ့ျပန္လာၿပီးေနာက္သူ႔ရဲ႕စြမ္းေဆာင္ရည္ႏွင့္ပတ္သက္ၿပီးေမးခြန္းထုတ္ႏိုင္ျခင္းမရွိေအာင္လုပ္ေဆာင္ျပေနပါတယ္။မန္ယူအသင္းခ်န္ပီယံလိဂ္မွာရမွတ္၇မွတ္ရယူထားႏိုင္တာဟာသူ႔သြင္းဂိုးမ်ားေၾကာင့္လည္းျဖစ္ပါတယ္။

ပြဲအၿပီးမွာ ရီယိုဖာဒီနန္ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာအေရးပါတဲ့အခိုက္အတန႔္မွာေရွ႕သို႔အၿမဲထြက္ေပၚလာတဲ့ကစားသမားျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။မန္ယူႏွင့္အဂၤလန္ဂႏၴဝင္ေနာက္ခံလူက “ကြင္းႏိုင္ငံမွာမဆို၊ဘယ္ကြင္းမွာမဆို၊ဘယ္အခ်ိန္မွာမဆို သူဟာႀကီးမားတဲ့အခိုက္အတန္မွာေပၚလာၿပီးလုပ္ေဆာင္ျပပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရီယိုဖာဒီနန္ေဝဖန္ေထာက္ျပတာေတာ္ေတာ္ေလးမွန္ပါတယ္။၂၀၁၉ခုႏွစ္တုန္းကအားကစားေလ့လာဆန္းစစ္ေရးကုမၸဏီ SciSports ဟာခရစၥတီယာႏိုေရာ္နယ္ဒိုဟာအေရးပါတဲ့အခိုက္အတန႔္ႀကီးမားမ်ားမွာ ထြက္ေပၚလာႏိုင္စြမ္းရွိတဲ့ ကမာၻေပၚတြင္မည္သူမွလိုက္မမီတဲ့ကစားသမားျဖစ္ေၾကာင္းေတြ႕ရွိခဲ့ဖူးပါတယ္။

SciSport ဟာ သုေသသနတကၠသိုလ္ KU Leuven ႏွင့္ပူးေပါင္းၿပီးေဘာလုံးပြဲမ်ားဟာဖိအားမ်ားကကစားသမားမ်ားရဲ႕စြမ္းေဆာင္ရည္အေပၚဘယ္ေလာက္အထိ႐ိုက္ခတ္မႈရွိသလဲဆိုတာေလ့လာဆန္းစစ္မႈျပဳလုပ္ခဲ့ပါတယ္။

၎တို႔ဟာေဘာလုံးပြဲခ်ိန္မိနစ္၇၀၀၀စာအခ်က္အလက္မ်ားမွပြဲရဲ႕ဖိအားကကစားသမားရဲ႕စြမ္းေဆာင္ရည္ကိုဘယ္ေလာက္အထိ႐ိုက္ခတ္မႈရွိသလဲစစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။ေရာ္နယ္ဒိုဟာဖိအားႀကဳံရတဲ့ပြဲတိုင္းအေကာင္းဆုံးလုပ္ေဆာင္ျပႏိုင္ေလ့ရွိတဲ့ကစားသမားျဖစ္ေၾကာင္းထိပ္ဆုံးမွထြက္ေပၚလာခဲ့ပါတယ္။

ေပၚတူဂီအသင္းေခါင္းေဆာင္ဟာဖိအားမ်ားကိုခုခံႏိုင္စြမ္းရွိတဲ့သူျဖစ္ၿပီး ဖိအားဘယ္ေလာက္မ်ားပါေစသူ႔ေျခစြမ္းကတစ္သတ္မတ္တည္းထိပ္တန္းအဆင့္မွာဘဲရွိေနဆဲျဖစ္ေၾကာင္းေတြ႕ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကဲ့သို႔ဖိအားဒဏ္ခံႏိုင္တဲ့သူကေတာ့ဘာစီလိုနာတိုက္စစ္မႉးဆာဂ်ီယိုအဂြဲ႐ိုးျဖစ္ပါတယ္။အာဂ်င္တီးနားတိုက္စစ္မႉးဟာေဘာလုံးရရွိလာခ်ိန္မွာအေကာင္းဆုံးဆုံးျဖတ္ခ်က္ျပဳလုပ္ႏိုင္သူေၾကာင္းေတြ႕ရပါတယ္။၂၀၁၂ခုႏွစ္ေမလတုန္းကက်ဴပီအာႏွင့္ပြဲမွာအဂြဲ႐ိုးရဲ႕မန္စီးတီးကိုပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေစမယ့္အႏိုင္ဂိုးကိုသက္ေသပါ။

ဒီေတာ့ဖိအားက်ေရာက္လာခ်ိန္မွာေျခစြမ္းလုံးဝေပ်ာက္ေနတတ္တဲ့သူေတြကဘယ္သူေတြလဲ?

သုေသသနျပဳမႈအရပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာႏွင့္ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမားေအဒင္ဟာဇက္တို႔ဟာဖိအားမ်ားတဲ့ပြဲမ်ားမွာေျခစြမ္းေပ်ာက္ဆုံးေလ့ရွိေၾကာင္းေတြ႕ရွိရပါတယ္။

ဘရာဇီးတိုက္စစ္မႉးဟာဖိအားမ်ားတဲ့အခ်ိန္မွာဆုံးျဖတ္ခ်က္မွားေလ့ၿပီးဟာဇက္မွာလည္းဖိအားမ်ားတဲ့အခ်ိန္မွာေဘာလုံးရရွိခ်ိန္မွာဆုံးျဖတ္ခ်က္အမွားမ်ားျပဳလုပ္ေလ့ရွိပါတယ္။