ခရစ္စတီယာနိုရော်နယ်ဒို သူမကို ဘာပြောခဲ့သလို ကွင်းထဲဝင်ခဲ့တဲ့ မိန်းကလေးငယ်ဖွင့်ဟလာ

ကြာသပတေးနေ့ညတုန်းကAviv Stadium မှာအိုင်ယာနှင့်ပေါ်တူဂီတို့ဂိုးမရှိသရေကျတဲ့ပွဲကမိန်းကလေးငယ်တစ်ဦးအတွက်တစ်သက်တာမေ့မရစေမယ့်ညတစ်ညဖြစ်ခဲ့ပါတယ်။

မိန်းကလေးငယ်တစ်ဦးဟာပွဲအပြီးမှာကွင်းထဲသို့ပြေးဆင်းပြီးခရစ္စတီယာနိုရော်နယ်ဒိုနှင့်ခဏတာတွေ့ဆုံခွင့်ရခဲ့ပါတယ်။သူမရဲ့ဘဝမှာရတောင့်ရခဲအခွင့်အရေးကကွင်းလုံခြုံရေးတွေကြောင့်ပျက်လုနီးပါးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်ရော်နယ်ဒိုကသူမကိုလွှတ်ပေးဖို့ကွင်းလုံခြုံရေးများကိုပြောခဲ့ပြီးမိန်းကလေးငယ်လေးအက်ဒီဆင်ကိုပွေ့ဖက်ခဲ့တဲ့အပြင်သူ့အင်္ကျီကိုလည်းလက်ဆောင်ပေးခဲ့ပါတယ်။

သူမဟာအိုင်ယာလန်မှာနာမည်ကြီးသွားပြီးရုပ်သံနှင့်ပါတွေ့ဆုံမေးမြန်းခြင်းခံခဲ့ရပါတယ်။

အက်ဒီဆင်က “ပထမဆုံးအတားအဆီးကိုကျော်လိုက်ပါတယ်။ပြီးတော့ကွင်းထဲပြေးဝင်သွားတယ်။ကျွန်မနောက်ကနေလုံခြုံရေးတွေလိုက်ကြတယ်။နှစ်ယောက်ကတစ်ဖက်ထောင့်ကလိုက်လာတယ်။ကျွန်မကတော့ပြေးရုံပဲ။နောက်နှစ်ယောက်ကိုမြင်လိုက်ချိန်မှာကွင်းလယ်တစ်ဝက်သို့ဦးတည်ပြေးလိုက်တယ်။သူတို့ကျွန်မကိုမိသွားတယ်။ကျွန်မလည်းရော်နယ်ဒိုရဲ့အမည်ကိုအော်လိုက်တယ်။သူလှည့်ကြည့်တော့ကျွန်မကိုတွေ့သွားတယ်။ကျွန်မကိုလွှတ်ဖို့ပြောပေးပါတယ်။ကျွန်မဆီရောက်လာပါတယ်။ကျွန်မအရမ်းတုန်လှုပ်ခဲ့တယ်။ငိုမိတယ်။ကျွန်မက’ဂျာစီယူလို့ရမလားရှင့်’လို့မေးလိုက်တယ်။’ကျွန်မကရှင့်ရဲ့အမာခံပရိသတ်ပါ’။သူက ‘မင်းအဆင်ပြေလား’လို့မေးပါတယ်။သူအင်္ကျီချွတ်တာမြင်တဲ့အခါကျွန်မအဖေဆိုအရမ်းတုန်လှုပ်သွားတယ်။ကျွန်မလည်းတုန်လှုပ်သွားတယ်။’အိုးဘုရားသခင်ရေ၊ဒါကငါ့အိပ်မက်၊အခုတော့တကယ်ဖြစ်လာပြီ'”လို့ပြောကြားလာပါတယ်။

အက်ဒီဆင်ကလည်းဘောလုံးမယ်တစ်ဦးဖြစ်လာဖို့စိတ်အားထက်သန်နေသူဖြစ်ပါတယ်။သူမဟာရှဲလ်ဘုန်းယူ-၁၃အသင်းမှာကစားနေပါတယ်။သူမရဲ့ကလပ်ကလည်းရော်နယ်ဒိုရဲ့အင်္ကျီကိုရရှိလာတဲ့သူမအတွက်ပို့စ်တင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီဟာအိုင်ယာလန်နှင့်သရေကျမှုကြောင့်တနင်္ဂနွေနေ့ဆားဘီးယားနှင့်ပွဲစဉ်မှာသရေကျရုံဖြင့်အုပ်စုဗိုလ်အဖြစ်ဖြင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်ပါမယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒို သူမကို ဘာေျပာခဲ့သလို ကြင္းထဲဝင္ခဲ့တဲ့ မိန္းကေလးငယ္ဖြင့္ဟလာ

ၾကာသပေတးေန႔ညတုန္းကAviv Stadium မွာအိုင္ယာႏွင့္ေပၚတူဂီတို႔ဂိုးမရွိသေရက်တဲ့ပြဲကမိန္းကေလးငယ္တစ္ဦးအတြက္တစ္သက္တာေမ့မရေစမယ့္ညတစ္ညျဖစ္ခဲ့ပါတယ္။

မိန္းကေလးငယ္တစ္ဦးဟာပြဲအၿပီးမွာကြင္းထဲသို႔ေျပးဆင္းၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ခဏတာေတြ႕ဆုံခြင့္ရခဲ့ပါတယ္။သူမရဲ႕ဘဝမွာရေတာင့္ရခဲအခြင့္အေရးကကြင္းလုံၿခဳံေရးေတြေၾကာင့္ပ်က္လုနီးပါးျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ေရာ္နယ္ဒိုကသူမကိုလႊတ္ေပးဖို႔ကြင္းလုံၿခဳံေရးမ်ားကိုေျပာခဲ့ၿပီးမိန္းကေလးငယ္ေလးအက္ဒီဆင္ကိုေပြ႕ဖက္ခဲ့တဲ့အျပင္သူ႔အက်ႌကိုလည္းလက္ေဆာင္ေပးခဲ့ပါတယ္။

သူမဟာအိုင္ယာလန္မွာနာမည္ႀကီးသြားၿပီး႐ုပ္သံႏွင့္ပါေတြ႕ဆုံေမးျမန္းျခင္းခံခဲ့ရပါတယ္။

အက္ဒီဆင္က “ပထမဆုံးအတားအဆီးကိုေက်ာ္လိုက္ပါတယ္။ၿပီးေတာ့ကြင္းထဲေျပးဝင္သြားတယ္။ကြၽန္မေနာက္ကေနလုံၿခဳံေရးေတြလိုက္ၾကတယ္။ႏွစ္ေယာက္ကတစ္ဖက္ေထာင့္ကလိုက္လာတယ္။ကြၽန္မကေတာ့ေျပး႐ုံပဲ။ေနာက္ႏွစ္ေယာက္ကိုျမင္လိုက္ခ်ိန္မွာကြင္းလယ္တစ္ဝက္သို႔ဦးတည္ေျပးလိုက္တယ္။သူတို႔ကြၽန္မကိုမိသြားတယ္။ကြၽန္မလည္းေရာ္နယ္ဒိုရဲ႕အမည္ကိုေအာ္လိုက္တယ္။သူလွည့္ၾကည့္ေတာ့ကြၽန္မကိုေတြ႕သြားတယ္။ကြၽန္မကိုလႊတ္ဖို႔ေျပာေပးပါတယ္။ကြၽန္မဆီေရာက္လာပါတယ္။ကြၽန္မအရမ္းတုန္လႈပ္ခဲ့တယ္။ငိုမိတယ္။ကြၽန္မက’ဂ်ာစီယူလို႔ရမလားရွင့္’လို႔ေမးလိုက္တယ္။’ကြၽန္မကရွင့္ရဲ႕အမာခံပရိသတ္ပါ’။သူက ‘မင္းအဆင္ေျပလား’လို႔ေမးပါတယ္။သူအက်ႌခြၽတ္တာျမင္တဲ့အခါကြၽန္မအေဖဆိုအရမ္းတုန္လႈပ္သြားတယ္။ကြၽန္မလည္းတုန္လႈပ္သြားတယ္။’အိုးဘုရားသခင္ေရ၊ဒါကငါ့အိပ္မက္၊အခုေတာ့တကယ္ျဖစ္လာၿပီ'”လို႔ေျပာၾကားလာပါတယ္။

အက္ဒီဆင္ကလည္းေဘာလုံးမယ္တစ္ဦးျဖစ္လာဖို႔စိတ္အားထက္သန္ေနသူျဖစ္ပါတယ္။သူမဟာရွဲလ္ဘုန္းယူ-၁၃အသင္းမွာကစားေနပါတယ္။သူမရဲ႕ကလပ္ကလည္းေရာ္နယ္ဒိုရဲ႕အက်ႌကိုရရွိလာတဲ့သူမအတြက္ပို႔စ္တင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေပၚတူဂီဟာအိုင္ယာလန္ႏွင့္သေရက်မႈေၾကာင့္တနဂၤေႏြေန႔ဆားဘီးယားႏွင့္ပြဲစဥ္မွာသေရက်႐ုံျဖင့္အုပ္စုဗိုလ္အျဖစ္ျဖင့္ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ပါမယ္။