ခရစ္စတီယာနိုရော်နယ်ဒိုကို အလွန်အမင်းမှီခိုနေမှု၊ ကွန်တီကို မရရှိလိုက်မှုတို့အတွက် သရဲနီကို ဝေဖန်လိုက်တဲ့ ဟူစိန်ဘို့သ်

အိုလံပစ်ဂန္ထဝင်ဟူစိန်ဘို့သ်ဟာခရစ္စတီယာနိုရော်နယ်ဒိုအပေါ်တွင်အကြီးအကျယ်မှီခိုလွန်းနေမှုအတွက်မန်ချက်စတာယူနိုက်တက်အားအပြင်းအထန်ဝေဖန်လိုက်ပါတယ်။

ဂျာမေကာတာတိုဘုရင်ဟောင်းဟာအိုလီဂန်းနားဆိုးလ်ရှားနေရာတွင်အစားထိုးမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပြီးမှအန်တိုနီယိုကွန်တီကိုစပါးစ်သို့လက်လွှတ်ရမှုအတွက်လည်းမန်ယူကိုဝေဖန်ခဲ့ပါတယ်။

မန်ယူဟာနောက်ပိုင်းတွင်ခြေစွမ်းပိုင်းနှင့်ရလဒ်ပိုင်းတောက်လျှောက်ကျဆင်းလာခဲ့ပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၉မှတ်အထိကွာဟနေပါတယ်။

မန်ယူဟာနောက်ဆုံးပရီးမီးယားလိဂ်၆ပွဲတွင်၁ပွဲတည်းသာအနိုင်ရရှိထားပြီး၄ပွဲအထိရှုံးနိမ့်ထားပါတယ်။၎င်းတို့ဟာနိုင်ငံတကာပွဲစဉ်များမတိုင်မီနောက်ဆုံးပွဲတွင်အိုးထရက်ဖို့ဒ်ကွင်းမှာမြို့ခံပြိုင်ဘက်မန်စီးတီးကိုရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့်အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်၁၂ပွဲကစားထားရာတွင်၉ဂိုးအထိသွင်းယူထားပြီးချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်နိုင်ရေးမျှော်လင့်ချက်ရယူပေးထားပါတယ်။

သရဲနီအမာခံပရိသတ်ဟူစိန်ဘို့သ်က “ခရစ္စတီယာနိုကကျွန်တော်တို့ကိုပွဲတိုင်းမှာကယ်တင်နေပါတယ်။တစ်ယောက်တည်းကအားလုံးလုပ်နေရတယ်။ဘောလုံးကောင်းကောင်းမကစားနိုင်တာကြာပါပြီ”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးဘို့သ်က “ကွန်တီကိုခန့်စေချင်ခဲ့တယ်။သူဟာစပါးစ်မှာကောင်းကောင်းလုပ်ပြပါတော့မယ်။သူဟာစပါးစ်ကိုကျစ်ကျစ်လစ်လစ်ဖြစ်အောင်လုပ်ပါတော့မယ်။သူကိုင်တဲ့အသင်းတိုင်းကိုအကောင်းဆုံးတည်ဆောက်ပေးနိုင်ပါတယ်။ဇန်နဝါရီမှာသူဟာကစားသမားတစ်ယောက်(သို့မဟုတ်)နှစ်ယောက်ခေါ်ပါလိမ့်မယ်။ရာသီအကုန်မှာတကယ်ကောင်းတဲ့သူကိုရှာဖွေပြီးခေါ်ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုကို အလြန္အမင္းမွီခိုေနမႈ၊ ကြန္တီကို မရရွိလိုက္မႈတို႔အတြက္ သရဲနီကို ေဝဖန္လိုက္တဲ့ ဟူစိန္ဘို႔သ္

အိုလံပစ္ဂႏၴဝင္ဟူစိန္ဘို႔သ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအေပၚတြင္အႀကီးအက်ယ္မွီခိုလြန္းေနမႈအတြက္မန္ခ်က္စတာယူႏိုက္တက္အားအျပင္းအထန္ေဝဖန္လိုက္ပါတယ္။

ဂ်ာေမကာတာတိုဘုရင္ေဟာင္းဟာအိုလီဂန္းနားဆိုးလ္ရွားေနရာတြင္အစားထိုးမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ၿပီးမွအန္တိုနီယိုကြန္တီကိုစပါးစ္သို႔လက္လႊတ္ရမႈအတြက္လည္းမန္ယူကိုေဝဖန္ခဲ့ပါတယ္။

မန္ယူဟာေနာက္ပိုင္းတြင္ေျခစြမ္းပိုင္းႏွင့္ရလဒ္ပိုင္းေတာက္ေလွ်ာက္က်ဆင္းလာခဲ့ၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၉မွတ္အထိကြာဟေနပါတယ္။

မန္ယူဟာေနာက္ဆုံးပရီးမီးယားလိဂ္၆ပြဲတြင္၁ပြဲတည္းသာအႏိုင္ရရွိထားၿပီး၄ပြဲအထိရႈံးနိမ့္ထားပါတယ္။၎တို႔ဟာႏိုင္ငံတကာပြဲစဥ္မ်ားမတိုင္မီေနာက္ဆုံးပြဲတြင္အိုးထရက္ဖို႔ဒ္ကြင္းမွာၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကိုရႈံးနိမ့္ခဲ့ပါတယ္။

ဒါေပမယ့္အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္၁၂ပြဲကစားထားရာတြင္၉ဂိုးအထိသြင္းယူထားၿပီးခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္ႏိုင္ေရးေမွ်ာ္လင့္ခ်က္ရယူေပးထားပါတယ္။

သရဲနီအမာခံပရိသတ္ဟူစိန္ဘို႔သ္က “ခရစၥတီယာႏိုကကြၽန္ေတာ္တို႔ကိုပြဲတိုင္းမွာကယ္တင္ေနပါတယ္။တစ္ေယာက္တည္းကအားလုံးလုပ္ေနရတယ္။ေဘာလုံးေကာင္းေကာင္းမကစားႏိုင္တာၾကာပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးဘို႔သ္က “ကြန္တီကိုခန႔္ေစခ်င္ခဲ့တယ္။သူဟာစပါးစ္မွာေကာင္းေကာင္းလုပ္ျပပါေတာ့မယ္။သူဟာစပါးစ္ကိုက်စ္က်စ္လစ္လစ္ျဖစ္ေအာင္လုပ္ပါေတာ့မယ္။သူကိုင္တဲ့အသင္းတိုင္းကိုအေကာင္းဆုံးတည္ေဆာက္ေပးႏိုင္ပါတယ္။ဇန္နဝါရီမွာသူဟာကစားသမားတစ္ေယာက္(သို႔မဟုတ္)ႏွစ္ေယာက္ေခၚပါလိမ့္မယ္။ရာသီအကုန္မွာတကယ္ေကာင္းတဲ့သူကိုရွာေဖြၿပီးေခၚပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။