ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကစားဖော်ဟောင်းကို နည်းပြလျာထားစာရင်းမှာ ထည့်သွင်းလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကစားဖော်ဟောင်းတစ်ဦးကို၎င်းတို့ရဲ့နည်းပြရာထူးအတွက်လျာထားစာရင်းမှာထည့်သွင်းလာပါတယ်။

မန်ယူဟာစနေနေ့တုန်းကဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

လစ်လပ်နေတဲ့မန်ယူနည်းပြရာထူးအတွက်မော်ရီစီယိုပိုချက်တီနို၊ဇီဒန်း၊အဲရစ်တင်ဟက်၊ဘရန်ဒန်ရော်ဂျာတို့လျာထားခြင်းခံခဲ့ရပါတယ်။

ယနေ့မှာ The Telegraph ရဲ့ဖော်ပြချက်အရ စပို့တင်းလစ္စဘွန်းနည်းပြရူဘင်အေမိုရမ်ကိုလည်း မန်ယူနည်းပြရာထူးအတွက်လျာထားစာရင်းမှာ စိတ်ဝင်စားဖွယ်ပါဝင်လာကြောင်းသိရပါတယ်။

အသက်၃၆နှစ်ရှိအေမိုရမ်ဟာ၂၀၁၈ခုနှစ်ကမှနည်းပြလောကသို့ဝင်ရောက်ခဲ့တာဖြစ်ပြီးပထမခြေလှမ်းအနေဖြင့်တတိယတန်းကလပ်ကာဆာပီယာအေစီကိုကိုင်တွယ်ခဲ့ပါတယ်။

ယင်းနောက်သူဟာဘရာဂါအရန်အသင်းနည်းပြဖြစ်လာပြီးသုံးလအကြာမှာပထမအသင်းနည်းပြဖြစ်လာခဲ့ပါတယ်။ယင်းနောက်သူဟာစပို့တင်းလစ္စဘွန်းနည်းပြဖြစ်လာခဲ့ကာ၁၉နှစ်အတွင်းပထမဆုံးပေါ်တူဂီအဆင့်မြင့်တန်းဖလားဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

အေမိုရမ်ဟာကစားသမားဘဝတုန်းကအောင်မြင်တဲ့ကစားသမားဘဝပိုင်ဆိုင်ခဲ့ကာဘီလီနက်စ်၊ဘင်ဖီကာနှင့်ဘရာဂါတို့တွင်ကစားခဲ့ပြီးပေါ်တူဂီလက်ရွေးစင်အသင်းအတွက်၁၄ပွဲကစားခဲ့ကာရော်နယ်ဒိုနှင့်ခင်မင်ရင်းနှီးသူတစ်ဦးဖြစ်ပါတယ်။

သူဟာနည်းပြအတွေ့အကြုံကြွယ်ဝခြင်းမရှိသော်လည်း ဘိုင်ယန်မြူးနစ်နည်းပြဂျူလီယန်နာဂယ်မန်းကဲ့သို့ပါရမီရှင်နည်းပြတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။

အေမိုရမ်ဟာစပို့တင်းလစ္စဘွန်းကို၇၂ပွဲကိုင်တွယ်ထားရာမှာအနိုင်ရာခိုင်နှုန်း၇၃.၆ရာခိုင်နှုန်းအထိရရှိထားပြီးဂိုး၅၀ပေးထားပါတယ်။အေမိုရမ်ရဲ့စပို့တင်းလစ္စဘွန်းဟာပြီးခဲ့တဲ့ရာသီတုန်းကပေါ်တူဂီလိဂ်မှာတစ်ပွဲတည်းသာရှုံးနိမ့်ခဲ့ပြီးယခုရာသီတွင်ရှုံးပွဲမရှိသေးကာ၁၁ပွဲကစားပြီးချိန်တွင်၂၉မှတ်ရယူထားနိုင်ပါတယ်။

သူဟာမတ်လတုန်းကမှစာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီးစာချုပ်အတွင်းတွင်သူ့ကိုခေါ်ယူလိုပါကယူရိုသန်း၃၀ပေးရမယ့်အချက်ကိုထည့်သွင်းထားပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကစားေဖာ္ေဟာင္းကို နည္းျပလ်ာထားစာရင္းမွာ ထည့္သြင္းလာတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကစားေဖာ္ေဟာင္းတစ္ဦးကို၎တို႔ရဲ႕နည္းျပရာထူးအတြက္လ်ာထားစာရင္းမွာထည့္သြင္းလာပါတယ္။

မန္ယူဟာစေနေန႔တုန္းကဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ခဲ့ပါတယ္။

လစ္လပ္ေနတဲ့မန္ယူနည္းျပရာထူးအတြက္ေမာ္ရီစီယိုပိုခ်က္တီႏို၊ဇီဒန္း၊အဲရစ္တင္ဟက္၊ဘရန္ဒန္ေရာ္ဂ်ာတို႔လ်ာထားျခင္းခံခဲ့ရပါတယ္။

ယေန႔မွာ The Telegraph ရဲ႕ေဖာ္ျပခ်က္အရ စပို႔တင္းလစၥဘြန္းနည္းျပ႐ူဘင္ေအမိုရမ္ကိုလည္း မန္ယူနည္းျပရာထူးအတြက္လ်ာထားစာရင္းမွာ စိတ္ဝင္စားဖြယ္ပါဝင္လာေၾကာင္းသိရပါတယ္။

အသက္၃၆ႏွစ္ရွိေအမိုရမ္ဟာ၂၀၁၈ခုႏွစ္ကမွနည္းျပေလာကသို႔ဝင္ေရာက္ခဲ့တာျဖစ္ၿပီးပထမေျခလွမ္းအေနျဖင့္တတိယတန္းကလပ္ကာဆာပီယာေအစီကိုကိုင္တြယ္ခဲ့ပါတယ္။

ယင္းေနာက္သူဟာဘရာဂါအရန္အသင္းနည္းျပျဖစ္လာၿပီးသုံးလအၾကာမွာပထမအသင္းနည္းျပျဖစ္လာခဲ့ပါတယ္။ယင္းေနာက္သူဟာစပို႔တင္းလစၥဘြန္းနည္းျပျဖစ္လာခဲ့ကာ၁၉ႏွစ္အတြင္းပထမဆုံးေပၚတူဂီအဆင့္ျမင့္တန္းဖလားဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။

ေအမိုရမ္ဟာကစားသမားဘဝတုန္းကေအာင္ျမင္တဲ့ကစားသမားဘဝပိုင္ဆိုင္ခဲ့ကာဘီလီနက္စ္၊ဘင္ဖီကာႏွင့္ဘရာဂါတို႔တြင္ကစားခဲ့ၿပီးေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္၁၄ပြဲကစားခဲ့ကာေရာ္နယ္ဒိုႏွင့္ခင္မင္ရင္းႏွီးသူတစ္ဦးျဖစ္ပါတယ္။

သူဟာနည္းျပအေတြ႕အႀကဳံႂကြယ္ဝျခင္းမရွိေသာ္လည္း ဘိုင္ယန္ျမဴးနစ္နည္းျပဂ်ဴလီယန္နာဂယ္မန္းကဲ့သို႔ပါရမီရွင္နည္းျပတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရပါတယ္။

ေအမိုရမ္ဟာစပို႔တင္းလစၥဘြန္းကို၇၂ပြဲကိုင္တြယ္ထားရာမွာအႏိုင္ရာခိုင္ႏႈန္း၇၃.၆ရာခိုင္ႏႈန္းအထိရရွိထားၿပီးဂိုး၅၀ေပးထားပါတယ္။ေအမိုရမ္ရဲ႕စပို႔တင္းလစၥဘြန္းဟာၿပီးခဲ့တဲ့ရာသီတုန္းကေပၚတူဂီလိဂ္မွာတစ္ပြဲတည္းသာရႈံးနိမ့္ခဲ့ၿပီးယခုရာသီတြင္ရႈံးပြဲမရွိေသးကာ၁၁ပြဲကစားၿပီးခ်ိန္တြင္၂၉မွတ္ရယူထားႏိုင္ပါတယ္။

သူဟာမတ္လတုန္းကမွစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္သူ႔ကိုေခၚယူလိုပါကယူ႐ိုသန္း၃၀ေပးရမယ့္အခ်က္ကိုထည့္သြင္းထားပါတယ္။