ခရစ္စတီယာနိုရော်နယ်ဒို ဆံပင်စတိုင်ညှပ်ခိုင်းတဲ့သားကို စနောက်ပြီး R9 ရော်နယ်ဒိုဆံပင်စတိုင်ညှပ်ပေးလိုက်တဲ့ဖခင်

သားတစ်ဦးဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဆံပင်စတိုင်ညှပ်ပေးရန်တောင်းဆိုခဲ့ပြီးဖခင်ဖြစ်သူကစနောက်က‌ရော်နယ်ဒိုရဲ့ဆံပင်စတိုင်ညှပ်ပေးမှုကြောင့် ငိုအားထက်ရယ်အားသန်ဖြစ်ရပ်ကြုံခဲ့ရပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုတစ်ခုအရချဲလ်ဆီးဝတ်စုံဝတ်ဆင်ထားတဲ့ကလေးတစ်ဦးဟာ ရော်နယ်ဒိုရဲ့ဆံပင်စတိုင်ညှပ်ပေးရန်တောင်းဆိုခဲ့ပါတယ်။သူဟာဂျူဗင်တပ်အင်္ကျီဝတ်ဆင်ထားတဲ့ရော်နယ်ဒိုပုံကိုပြသပြီးယင်းဆံပင်ပုံစံညှပ်ပေးရန်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဖခင်ဖြစ်သူမှာတော့အခြားစိတ်ကူးရှိနေပါတယ်။ဖခင်ဖြစ်သူဟာသားဖြစ်သူကိုဘရာဇီးဂန္ထဝင်ရော်နယ်ဒိုရဲ့နာမည်ကျော် ခေါင်းတဝက်တုံးစတိုင် ပြုလုပ်ပေးလိုက်ပါတယ်။

သားဖြစ်သူဟာသူ့ဆံပင်စတိုင်ကိုမှန်မှာကြည့်ရှုပြီးနောက် “ယိခေါင်း”လို့ပြောကြားခဲ့တာတွေ့ရပါတယ်။

ဖခင်ဖြစ်သူကလည်း ရော်နယ်ဒိုရဲ့ဓာတ်ပုံကိုယူပြကာရော်နယ်ဒိုကဒီတစ်ယောက်တည်းပဲရှိတယ်လို့တုံ့ပြန်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကခေါင်းတဝက်တုံးဒီတိုင်းဖြင့် ကစားခဲ့ပြီး ၈ဂိုးသွင်းယူကာဘရာဇီးကိုငါးကြိမ်မြောက်ကမ္ဘာ့ဖလားရရှိအောင်ကူညီခဲ့ပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒို ဆံပင္စတိုင္ညႇပ္ခိုင္းတဲ့သားကို စေနာက္ၿပီး R9 ေရာ္နယ္ဒိုဆံပင္စတိုင္ညႇပ္ေပးလိုက္တဲ့ဖခင္

သားတစ္ဦးဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဆံပင္စတိုင္ညႇပ္ေပးရန္ေတာင္းဆိုခဲ့ၿပီးဖခင္ျဖစ္သူကစေနာက္က‌ေရာ္နယ္ဒိုရဲ႕ဆံပင္စတိုင္ညႇပ္ေပးမႈေၾကာင့္ ငိုအားထက္ရယ္အားသန္ျဖစ္ရပ္ႀကဳံခဲ့ရပါတယ္။

အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုတစ္ခုအရခ်ဲလ္ဆီးဝတ္စုံဝတ္ဆင္ထားတဲ့ကေလးတစ္ဦးဟာ ေရာ္နယ္ဒိုရဲ႕ဆံပင္စတိုင္ညႇပ္ေပးရန္ေတာင္းဆိုခဲ့ပါတယ္။သူဟာဂ်ဴဗင္တပ္အက်ႌဝတ္ဆင္ထားတဲ့ေရာ္နယ္ဒိုပုံကိုျပသၿပီးယင္းဆံပင္ပုံစံညႇပ္ေပးရန္ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဖခင္ျဖစ္သူမွာေတာ့အျခားစိတ္ကူးရွိေနပါတယ္။ဖခင္ျဖစ္သူဟာသားျဖစ္သူကိုဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုရဲ႕နာမည္ေက်ာ္ ေခါင္းတဝက္တုံးစတိုင္ ျပဳလုပ္ေပးလိုက္ပါတယ္။

သားျဖစ္သူဟာသူ႔ဆံပင္စတိုင္ကိုမွန္မွာၾကည့္ရႈၿပီးေနာက္ “ယိေခါင္း”လို႔ေျပာၾကားခဲ့တာေတြ႕ရပါတယ္။

ဖခင္ျဖစ္သူကလည္း ေရာ္နယ္ဒိုရဲ႕ဓာတ္ပုံကိုယူျပကာေရာ္နယ္ဒိုကဒီတစ္ေယာက္တည္းပဲရွိတယ္လို႔တုံ႔ျပန္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ၂၀၀၂ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကေခါင္းတဝက္တုံးဒီတိုင္းျဖင့္ ကစားခဲ့ၿပီး ၈ဂိုးသြင္းယူကာဘရာဇီးကိုငါးႀကိမ္ေျမာက္ကမာၻ႔ဖလားရရွိေအာင္ကူညီခဲ့ပါတယ္။