ခရစ္စတီယာနိုရော်နယ်ဒို ခေါ်ယူနိုင်ရေးအတွက် ရိုးမား အစွမ်းကုန်ကြိုးပမ်းနေ

ရိုးမားဟာမန်ချက်စတာယူနိုက်တက်မှခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းနေကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကထိပ်ဆုံးလေးသင်းစာရင်းမဝင်ခဲ့တဲ့အပြင်ယခုနွေရာသီတွင်လည်းကစားသမားသစ်ခေါ်ယူအားဖြည့်နေခြင်းမရှိမှုအတွက်အကြီးအကျယ်စိတ်ပျက်နေပါတယ်။

အထူးသဖြင့်သူဟာ မန်စီးတီး၊စပါးစ်၊အာဆင်နယ်တို့ကကစားသမားခေါ်ယူအားဖြည့်မှုများအသီးသီးပြုလုပ်ပြီးချိန်တွင်ယူနိုက်တက်မှာတစ်ဦးမျှခေါ်ယူခြင်းမရှိသေးမှုအပေါ်စိတ်ပျက်နေကာလာမယ့်ရာသီတွင်ဆုဖလားအတွက်စိန်ခေါ်နိုင်ရေးအပေါ်သံသယဝင်နေပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုရဲ့အေးဂျင့်ဟာပေါ်တူဂီစူပါစတားအားခေါ်ယူရန်စိတ်ဝင်စားခြင်းရှိ/မရှိ ဘိုင်ယန်မြူးနစ်ကိုမေးမြန်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

ဒါပေမဲ့အီတလီမီဒီယာများရဲ့ဖော်ပြချက်အရရိုးမားဟာရော်နယ်ဒိုကိုခေါ်ယူနိုင်ရေးအစွမ်းကုန်ကြိုးပမ်းနေကြောင်းသိရပါတယ်။

တကယ်လို့များရော်နယ်ဒိုအနေဖြင့်ရိုးမားသို့ပြောင်းမည်ဆိုပါကရီးရဲလ်မက်ဒရစ်တွင်လက်တွဲခဲ့ဖူးတဲ့မော်ရင်ဟိုနှင့်ပြန်လည်လက်တွဲခွင့်ရရှိပါမယ်။

ဒါ့အပြင်ရိုးမားရဲ့အပြောင်းအရွှေ့ဒါရိုက်တာတီယာဂိုပန်တိုမှာလည်းခရစ္စတီယာနိုရော်နယ်ဒိုနဲ့ရင်းနှီးမှုရှိရာအပြောင်းအရွှေ့ဖြစ်မြောက်လာနိုင်တဲ့အနေအထားမျိုးတွင်ရှိနေပါတယ်။

ဒါပေမဲ့ရိုးမားမှာလည်းယူနိုက်တက်ကဲ့သို့ပင်ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ယူရိုပါလိဂ်ဝင်ခွင့်သာရရှိထားပါတယ်။

မော်ရင်ဟိုရဲ့ရိုးမားဟာပြီးခဲ့တဲ့ရာသီတုန်းကယူရိုပါကွန်ဖရင့်လိဂ်ချန်ပီယံဖြစ်ခဲ့ကာယူရိုပါလိဂ်ဝင်ခွင့်ရထားပါတယ်။

ရော်နယ်ဒိုဟာအီတလီစီးရီးအေတွင်သုံးရာသီကျင်လည်ခဲ့ဖူးပြီးဖြစ်ပါတယ်။သူဟာဂျူဗင်တပ်တွင်သုံးရာသီကစားခဲ့ရာမှာ၁၃၄ပွဲကစားခဲ့ရာမှာ၁၀၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာယူနိုက်တက်သို့ပြန်ရောက်လာပြီးနောက်ပြီးခဲ့တဲ့ရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၂၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒို ေခၚယူႏိုင္ေရးအတြက္ ႐ိုးမား အစြမ္းကုန္ႀကိဳးပမ္းေန

႐ိုးမားဟာမန္ခ်က္စတာယူႏိုက္တက္မွခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူႏိုင္ေရးအတြက္အစြမ္းကုန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကထိပ္ဆုံးေလးသင္းစာရင္းမဝင္ခဲ့တဲ့အျပင္ယခုေႏြရာသီတြင္လည္းကစားသမားသစ္ေခၚယူအားျဖည့္ေနျခင္းမရွိမႈအတြက္အႀကီးအက်ယ္စိတ္ပ်က္ေနပါတယ္။

အထူးသျဖင့္သူဟာ မန္စီးတီး၊စပါးစ္၊အာဆင္နယ္တို႔ကကစားသမားေခၚယူအားျဖည့္မႈမ်ားအသီးသီးျပဳလုပ္ၿပီးခ်ိန္တြင္ယူႏိုက္တက္မွာတစ္ဦးမွ်ေခၚယူျခင္းမရွိေသးမႈအေပၚစိတ္ပ်က္ေနကာလာမယ့္ရာသီတြင္ဆုဖလားအတြက္စိန္ေခၚႏိုင္ေရးအေပၚသံသယဝင္ေနပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ဟာေပၚတူဂီစူပါစတားအားေခၚယူရန္စိတ္ဝင္စားျခင္းရွိ/မရွိ ဘိုင္ယန္ျမဴးနစ္ကိုေမးျမန္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ဒါေပမဲ့အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ႐ိုးမားဟာေရာ္နယ္ဒိုကိုေခၚယူႏိုင္ေရးအစြမ္းကုန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

တကယ္လို႔မ်ားေရာ္နယ္ဒိုအေနျဖင့္႐ိုးမားသို႔ေျပာင္းမည္ဆိုပါကရီးရဲလ္မက္ဒရစ္တြင္လက္တြဲခဲ့ဖူးတဲ့ေမာ္ရင္ဟိုႏွင့္ျပန္လည္လက္တြဲခြင့္ရရွိပါမယ္။

ဒါ့အျပင္႐ိုးမားရဲ႕အေျပာင္းအေ႐ႊ႕ဒါ႐ိုက္တာတီယာဂိုပန္တိုမွာလည္းခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ရင္းႏွီးမႈရွိရာအေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာႏိုင္တဲ့အေနအထားမ်ိဳးတြင္ရွိေနပါတယ္။

ဒါေပမဲ့႐ိုးမားမွာလည္းယူႏိုက္တက္ကဲ့သို႔ပင္ခ်န္ပီယံလိဂ္ဝင္ခြင့္မရဘဲ ယူ႐ိုပါလိဂ္ဝင္ခြင့္သာရရွိထားပါတယ္။

ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာၿပီးခဲ့တဲ့ရာသီတုန္းကယူ႐ိုပါကြန္ဖရင့္လိဂ္ခ်န္ပီယံျဖစ္ခဲ့ကာယူ႐ိုပါလိဂ္ဝင္ခြင့္ရထားပါတယ္။

ေရာ္နယ္ဒိုဟာအီတလီစီးရီးေအတြင္သုံးရာသီက်င္လည္ခဲ့ဖူးၿပီးျဖစ္ပါတယ္။သူဟာဂ်ဴဗင္တပ္တြင္သုံးရာသီကစားခဲ့ရာမွာ၁၃၄ပြဲကစားခဲ့ရာမွာ၁၀၁ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာယူႏိုက္တက္သို႔ျပန္ေရာက္လာၿပီးေနာက္ၿပီးခဲ့တဲ့ရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္တြင္၂၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။