ခရစ္စတီယာနိုရော်နယ်ဒိုကို ရောင်းချမည်မဟုတ်ဘဲ စီမံကိန်းထဲတွင် ပါဝင်ကြောင်း အဲရစ်တန်ဟက်အတည်ပြုလာ

အဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုမှာအသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီးရာသီသစ်အစီအစဉ်တွင်ပါဝင်နေကြောင်းပြောကြားလာပါတယ်။

ကလပ်ဂန္ထဝင်ကစားသမားဟာယူနိုက်တက်နှင့်တစ်နှစ်စာချုပ်သာကျန်တော့သူဖြစ်ပါတယ်။သူဟာချန်ပီယံလိဂ်ကစားလိုမှုနဲ့အတူ အသင်းပြောင်းခွင့်တောင်းထားပါတယ်။

ရော်နယ်ဒိုဟာယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခြင်းမရှိသလို ၁၆ရက်ကြာရာသီကြိုခြေစမ်းပွဲသို့လည်းလိုက်ပါခြင်းမရှိပါဘူး။

ယခုအခါမှာတော့အဲရစ်တန်ဟက်ဟာလီဗာပူးနှင့်ကစားမယ့်ခြေစမ်းပွဲမတိုင်မီ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီးပြောကြားမှုပြုလုပ်လာပါတယ်။

အဲရစ်တန်ဟက်က “ဒီရာသီကိုခရစ္စတီယာနိုရော်နယ်ဒိုနဲ့စီစဉ်ထားတာဖြစ်ပါတယ်။ကျွန်တော်ကလည်းသူနဲ့အလုပ်လုပ်ဖို့ပဲစဉ်းစားထားပါတယ်။သတင်းတွေဖတ်ရပါတယ်။ဒါပေမဲ့ကျွန်တော်ပြောနိုင်တာကတော့ခရစ္စတီယာနိုကရောင်းဖို့မဟုတ်ပါဘူး။သူကကျွန်တော်တို့ရဲ့အစီအစဉ်မှာပါဝင်ပါတယ်။ကျွန်တော်တို့အတူတွဲပြီးအောင်မြင်မှုရယူလိုပါတယ်”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးအဲရစ်တန်ဟက်ကပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွေ့ဆုံစကားပြောခဲ့ကြောင်းလည်းအတည်ပြုသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်အတွက်၂၄ဂိုးအထိသွင်းယူနိုင်ခဲ့ပေမဲ့ ယူနိုက်တက်မှာအဆင့်၆မှာသာရပ်တည်ကာချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုကို ေရာင္းခ်မည္မဟုတ္ဘဲ စီမံကိန္းထဲတြင္ ပါဝင္ေၾကာင္း အဲရစ္တန္ဟက္အတည္ျပဳလာ

အဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုမွာအသင္းရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ရွိေနဆဲျဖစ္ၿပီးရာသီသစ္အစီအစဥ္တြင္ပါဝင္ေနေၾကာင္းေျပာၾကားလာပါတယ္။

ကလပ္ဂႏၴဝင္ကစားသမားဟာယူႏိုက္တက္ႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ပါတယ္။သူဟာခ်န္ပီယံလိဂ္ကစားလိုမႈနဲ႔အတူ အသင္းေျပာင္းခြင့္ေတာင္းထားပါတယ္။

ေရာ္နယ္ဒိုဟာယူႏိုက္တက္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းျခင္းမရွိသလို ၁၆ရက္ၾကာရာသီႀကိဳေျခစမ္းပြဲသို႔လည္းလိုက္ပါျခင္းမရွိပါဘူး။

ယခုအခါမွာေတာ့အဲရစ္တန္ဟက္ဟာလီဗာပူးႏွင့္ကစားမယ့္ေျခစမ္းပြဲမတိုင္မီ ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီးေျပာၾကားမႈျပဳလုပ္လာပါတယ္။

အဲရစ္တန္ဟက္က “ဒီရာသီကိုခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔စီစဥ္ထားတာျဖစ္ပါတယ္။ကြၽန္ေတာ္ကလည္းသူနဲ႔အလုပ္လုပ္ဖို႔ပဲစဥ္းစားထားပါတယ္။သတင္းေတြဖတ္ရပါတယ္။ဒါေပမဲ့ကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ခရစၥတီယာႏိုကေရာင္းဖို႔မဟုတ္ပါဘူး။သူကကြၽန္ေတာ္တို႔ရဲ႕အစီအစဥ္မွာပါဝင္ပါတယ္။ကြၽန္ေတာ္တို႔အတူတြဲၿပီးေအာင္ျမင္မႈရယူလိုပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးအဲရစ္တန္ဟက္ကၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံစကားေျပာခဲ့ေၾကာင္းလည္းအတည္ျပဳသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ရာသီတုန္းကယူႏိုက္တက္အတြက္၂၄ဂိုးအထိသြင္းယူႏိုင္ခဲ့ေပမဲ့ ယူႏိုက္တက္မွာအဆင့္၆မွာသာရပ္တည္ကာခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ခဲ့ပါတယ္။